BREAKING: ဇွန်လရဲ့ ပရီးမီးယားလိဂ် တစ်လတာ အကောင်းဆုံးဆုရတဲ့ ဖာနန်ဒက်စ်

UNICODE – ယူနိုက်တက် ကွင်းလယ်လူ ဖာနန်ဒက်စ်ဟာ ဇွန်လရဲ့ တစ်လတာ အကောင်းဆုံး ကစားသမားဆုကို ရရှိသွားခဲ့ပြီဖြစ်ပါတယ်။

ဇွန်လအတွင်း ပရီးမီးယားလိဂ်ပွဲ သုံးပွဲမှာ သုံးဂိုး သွင်းခဲ့တဲ့ ဖာနန်ဒက်စ်ဟာ နှစ်လဆက်တိုက် အကောင်းဆုံး ကစားသမားဖြစ်လာခဲ့တယ်။ သူဟာ ဖေဖော်ဝါရီလရဲ့ အကောင်းဆုံး ကစားသမားဆုကိုလည်း အနိုင်ရခဲ့သေးတာဖြစ်ပါတယ်။

ပရီးမီးယားလိဂ် တစ်လတာအကောင်းဆုံး ကစားသမားဆုကို ဖာနန်ဒက်စ် မတိုင်ခင် နောက်ဆုံးသော နှစ်လဆက်တိုက် ရခဲ့တဲ့ ကစားသမားက လီဗာပူးက ဆာလက်ဖြစ်ပြီး ၂၀၁၈ ခုနှစ်က ဖြစ်ပါတယ်။

ယူနိုက်တက် ဝဘ်ဆိုဒ်ကနေ ဖာနန်ဒက်စ်က ” အားလုံးကို အနိုင်ရလိုတယ်၊ အားလုံးကို အနိုင်ရဖို့လည်း ဆာလောင်တယ်။ ချန်ပီယံလိဂ်၊ အမှတ်ပေးဖလားနဲ့ ဆုဖလာေးတွ အားလုံးကို အနိုင်ရဖို့ မန်ချက်စတာကို လာခဲ့တာပါ။

မန်ချက်စတာမှာ ရှိနေတဲ့ အလားအလာတွေကို ကျနေ်ာတို့ သိပါတယ်။ ကျနေ်ာတို့က ငယ်ရွယ်ပြီး အရည်အချင်းရှိတဲ့ အသင်းကောင်းတစ်သင်းပါ။ ကျနေ်ာတို့က ငယ်ရွယ်ပြီး အခြားအသင်းတွေက အတွေ့အကြုံ ပိုရှိတာက မဆိုင်ပါဘူး။ ကျနေ်ာတို့မှာလည်း ငယ်ရွယ်တဲ့ ကစားသမားတွေကို ကူညီပေးနိုင်မယ့် အတွေ့အကြုံရှိ ကစားသမားတွေ ပိုင်ဆိုင်ထားတယ်။

ဒီပေါင်းစပ်မှုကို လက်ရှိမှာကော အနာဂတ်မှာပါ ပြုလုပ်ရမှာဖြစ်ပြီး နောက်ရာသီမှာ ဘာဖြစ်လာမယ်ဆိုတာတော့ မသိပါဘူး။ အနိုင်ရဖို့ပဲ အာရုံစိုက်ပါတယ်၊ အသင်းက လူတိုင်းကို ဆုဖလားနဲ့ အရာအားလုံးကို ဆာလောင်စိတ်တွေ ရှိနေစေလိုတယ်။ ဒီလူစာရင်းနဲ့ ပက်သက်ပြီး ခံစားမိနေတာက အားလုံးက အနိုင်ရလိုနေကြပါတယ် ” လို့ ဆိုခဲ့သေးတာဖြစ်ပါတယ်။

ZAWGYI – ယူႏုိက္တက္ ကြင္းလယ္လူ ဖာနန္ဒက္စ္ဟာ ဇြန္လရဲ႕ တစ္လတာ အေကာင္းဆံုး ကစားသမားဆုကို ရရွိသြားခဲ့ျပီျဖစ္ပါတယ္။

ဇြန္လအတြင္း ပရီးမီးယားလိဂ္ပြဲ သံုးပြဲမွာ သံုးဂိုး သြင္းခဲ့တဲ့ ဖာနန္ဒက္စ္ဟာ ႏွစ္လဆက္တိုက္ အေကာင္းဆံုး ကစားသမားျဖစ္လာခဲ့တယ္။ သူဟာ ေဖေဖာ္ဝါရီလရဲ႕ အေကာင္းဆံုး ကစားသမားဆုကိုလည္း အႏုိင္ရခဲ့ေသးတာျဖစ္ပါတယ္။

ပရီးမီးယားလိဂ္ တစ္လတာအေကာင္းဆံုး ကစားသမားဆုကို ဖာနန္ဒက္စ္ မတိုင္ခင္ ေနာက္ဆံုးေသာ ႏွစ္လဆက္တိုက္ ရခဲ့တဲ့ ကစားသမားက လီဗာပူးက ဆာလက္ျဖစ္ျပီး ၂၀၁၈ ခုႏွစ္က ျဖစ္ပါတယ္။

ယူႏုိက္တက္ ဝဘ္ဆုိဒ္ကေန ဖာနန္ဒက္စ္က ” အားလံုးကို အႏုိင္ရလိုတယ္၊ အားလံုးကို အႏုိင္ရဖို႔လည္း ဆာေလာင္တယ္။ ခ်န္ပီယံလိဂ္၊ အမွတ္ေပးဖလားနဲ႔ ဆုဖလာေးတြ အားလံုးကို အႏုိင္ရဖို႔ မန္ခ်က္စတာကို လာခဲ့တာပါ။

မန္ခ်က္စတာမွာ ရွိေနတဲ့ အလားအလာေတြကို က်ေန္ာတို႔ သိပါတယ္။ က်ေန္ာတို႔က ငယ္ရြယ္ျပီး အရည္အခ်င္းရွိတဲ့ အသင္းေကာင္းတစ္သင္းပါ။ က်ေန္ာတို႔က ငယ္ရြယ္ျပီး အျခားအသင္းေတြက အေတြ႔အၾကံဳ ပိုရွိတာက မဆိုင္ပါဘူး။ က်ေန္ာတို႔မွာလည္း ငယ္ရြယ္တဲ့ ကစားသမားေတြကို ကူညီေပးႏုိင္မယ့္ အေတြ႔အၾကံဳရွိ ကစားသမားေတြ ပိုင္ဆုိင္ထားတယ္။

ဒီေပါင္းစပ္မႈကို လက္ရွိမွာေကာ အနာဂတ္မွာပါ ျပဳလုပ္ရမွာျဖစ္ျပီး ေနာက္ရာသီမွာ ဘာျဖစ္လာမယ္ဆိုတာေတာ့ မသိပါဘူး။ အႏုိင္ရဖို႔ပဲ အာရံုစိုက္ပါတယ္၊ အသင္းက လူတိုင္းကို ဆုဖလားနဲ႔ အရာအားလံုးကို ဆာေလာင္စိတ္ေတြ ရွိေနေစလိုတယ္။ ဒီလူစာရင္းနဲ႔ ပက္သက္ျပီး ခံစားမိေနတာက အားလံုးက အႏုိင္ရလိုေနၾကပါတယ္ ” လို႔ ဆိုခဲ့ေသးတာျဖစ္ပါတယ္။