သရဲနီတွေကို လက်စားချေခဲ့တယ်ဆိုတဲ့ မန်ဒက်စ်၊ ရော်နယ်ဒို အပြောင်းအရွှေ့ ပျက်ခဲ့ရခြင်းနဲ့ နောက်ဆုံးရ ယူနိုက်တက် သတင်းများ

ယူနိုက်တက် ပစ်မှတ် တိုက်စစ်သမား ဆက်ကိုဟာ စလိုဗေးနီးယားအသင်းအတွက် ပါဝင်ကစားတဲ့ နေးရှင်းလိဂ်မှာ ထူးချွန်စွာ ကစားခဲ့သလို ကောင်းမွန်တဲ့ သွင်းဂိုးကိုလည်း ရခဲ့တာကြောင့် ဇန်နဝါရီမှာ ယူနိုက်တက်နဲ့ အပြောင်းအရွှေ့ ထပ်မံ ဖော်ပြခံရမယ်လို့ မန်ချက်စတာသတင်းဌာနတွေက ဆိုပါတယ်။

မန်ချက်စတာဒါဘီပွဲမတိုင်ခင် နေးရှင်းလိဂ် နောက်ဆုံးပွဲမှာ ရော်နယ်ဒို၊ ဖာနန်ဒက်စ်တို့ဟာ ပေါ်တူဂီအသင်းအတွက် ပွဲချိန်ပြည့် ပါဝင်ကစားခဲ့ကြပါတယ်။

ကာရင်တန်မှာတော့ နယ်သာလန် ဘယ်အစွန်လူ မာလာစီရာနဲ့ တော်မီနေးတို့ ပြန်ရောက်နေကြပြီး အသင်းဖော်တွေနဲ့ လေ့ကျင့်ရေးမှုတွေ လုပ်နေပါတယ်။

နွေအပြောင်းအရွှေ့မှာ ရော်နယ်ဒိုကို ခေါ်ယူဖို့ ကြိုးစားခဲ့သေးပေမယ့် မအောင်မြင်ခဲ့တာဟာ အပြောင်းအရွှေ့ ပိတ်ခံထားရတာကြောင့်လို့ ဆော်ဒီကလပ် Al-Hilal ဘက်က ဆိုပါတယ်။ အဲ့တာကြောင့်ပဲ အပြောင်းအရွှေ့ နောက်ဆုံးအဆင့်ထိ ဆက်နွေးလို့ မရခဲ့တာလို့ သိရပါတယ်။

ယူနိုက်တက်မှာ နေရာမရဖြစ်နေတာကြောင့် လုရှောဟာ နည်းပြတန်ဟက်နဲ့ စကားပြောဆိုမှုတစ်ခု ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

ရီးရဲလ်ဆိုစီဒက် တိုက်စစ်သမား မန်ဒက်စ်က ယူရိုပါလိဂ်မှာ ယူနိုက်တက်ကို ဂိုးသွင်းခဲ့တာဟာ လက်စားချေမှု တစ်ခုပဲလို့ ထုတ်ပြောခဲ့ပါတယ်။ ၂၀၁၇ တုန်းက ယူနိုက်တက်ဟာ မန်ဒက်စ် ကစားနေတဲ့ ဆယ်တာဗီဂိုအသင်းကို ယူရိုပါလိဂ် ဆီမီးဖိုင်နယ်မှာ အနိုင်ယူခဲ့ဖူးပါတယ်။

ယူနိုက်တက် ခံစစ်မှာ ဗာရန်းနဲ့ မာတီနက်စ်တို့ အထူး ခြေစွမ်းပြနေပြီး ဒီအခြေအနေကို ပါးပါးနပ်နပ် ကိုင်တွယ်ကာ တိုးတက်မှု ရှာဖွေဖို့လိုတယ်လို့ မက်ဂွဲရားကို ယူနိုက်တက် ခံစစ်မှူး ဂျပ်စတမ်းက သတိပေးစကား ပြောဆိုပါတယ်။

ယူနိုက်တက်နဲ့ ဒီဂီယာကြား စာချုပ်သစ်ကိစ္စ မစတင်သေးတာနဲ့အတူ စပိန်ဂိုးသမားကို ခေါ်ယူရေး ဂျူဗင်တပ်ဘက်က စောင့်ကြည့်မှုတွေ ပြုလုပ်နေပါတယ်။

ဘယ်အစွန်လူ မာလာစီရယ်ကို ဗဟိုခံစစ်မှာ သုံးခဲ့ရတာက အခြား ခံစစ်မှူးဖြစ်တဲ့ အင်ဒီ ဒဏ်ရာရနေလို့ဖြစ်သလို ဘယ်ခြမ်း ဗဟိုခံစစ်နေရာမှာ ယူနိုက်တက် ခံစစ်သမား အကောင်းဆုံး ကစားနိုင်တာကို မြင်လိုတာကြောင့်လို့ နယ်သာလန်နည်းပြ ဗန်ဟားက မှတ်ချက်ပေးခဲ့ပါတယ်။

ခံစစ်မှူး ဗာရန်က သူဟာ အကောင်းဆုံး ကြံ့ခိုင်မှု အဆင့်မှာ ရှိနေပြီး ကွင်းထဲမှာ ဒါတွေကို ပြသဖို့ အရမ်းကို ခံစားချက် ကောင်းမွန်နေပါပြီလို့ ထုတ်ဖော် ပြောဆိုပါတယ်။