ယနေ့ နောက်ဆုံးရ ယူနိုက်တက် ညနေခင်းသတင်းများ (10/07/20)

မန်ချက်စတာ ယူနိုက်တက် နည်းပြ ဆိုးရှားကတော့ သူ့အသင်းက အက်စတွန်ဗီလာကို ၃-၀ နဲ့ ဂိုးပြတ်နိုင်ခဲ့သည့် တိုင် ယူနိုက်တက် တိုက်စစ်မှူးတွေရဲ့ အဆုံးသတ် စွမ်းရည်က ဒိထက် ထိရောက် ကောင်းမွန်ခဲ့သင့်ကြောင်း ဝေဖန်ထောက်ပြခဲ့ပါတယ်။

ယူနိုက်တက်ရဲ့ ဆယ်ကျော်သက် လူငယ်တိုက်စစ်မှူးလေး မေဆန် ဂရင်းဝုဒ်ဟာ တချိန်က ဆယ်ကျော်သက် ဘဝတည်းက ခြေစွမ်းပြကာ ဘလွန်းဒီအော ဆုပါ ယူပြခဲ့တဲ့ တိုက်စစ်မှူးဟောင်း မိုက်ကယ် အိုဝင်လို လုပ်ပြနိုင်စွမ်း ရှိကြောင်း ဖီးလ် နဗီးလ်က အားပေးလိုက်ပါတယ်။

၁၇ ပွဲ ဆက် ရှုံးပွဲ မရှိ ပုံစံကောင်း ရနေပြီး သွင်းဂိုး ကြမ်းနေတဲ့ ယူနိုက်တက်ကို တစ်ချို့ အသင်းတွေကတော့ တုန်လှုပ်နေလောက်ပြီ လို့ ယူနိုက်တက် ဂန္တဝင် ပေါစခိုးလ်က အင်စတာဂရမ်ကနေ ပြောဆိုခဲ့ပါတယ်။

လက်ရှိအသင်းရဲ့ခြေစွမ်းအနေအထားကို ဆက်ထိန်းထားနိုင်ခဲ့မယ်ဆိုရင် ယူနိုက်တက်ဟာ ထိပ်ဆုံး ၄ သင်းထဲ ဝင်နိုင်မယ်လို့ ယူနိုက်တက် ကစားသမားဟောင်း ရွိုင်ကိန်းက ယုံကြည်နေပါတယ်။

မန်နေဂျာဆိုးရှားက မန်ချက်စတာ ယူနိုက်တက်အသင်း တာဝန်ရှိသူတွေကို နေရာ သုံးခုအတွက် အင်အားဖြည့်လိုကြောင်း ပြောထားတယ်လို့ The Times က ဖော်ပြသွားပါတယ်။ဆိုးရှား လိုချင်တဲ့ နေရာတွေက တိုက်စစ် ညာခြမ်း ကစားသမား၊ ကွင်းလယ်လူနဲ့ ဗဟိုခံစစ်မှူးတို့ ဖြစ်တယ်လို့ သိရတယ်။

ယူနိုက်တက် ကွင်းလယ်လူ ဖာနန်ဒက်စ်ဟာ ဇွန်လအတွက် ပရီးမီးယားလိဂ် ရဲ့ တစ်လတာ အကောင်းဆုံး ကစားသမားဆုကို ရရှိသွားခဲ့ပြီ ဖြစ်ပါတယ်။ ဇွန်လအတွင်း သုံးပွဲမှာ သုံးဂိုး သွင်းခဲ့တဲ့ ဖာနန်ဒက်စ်ဟာ နှစ်လဆက်တိုက် အကောင်းဆုံး ကစားသမားဖြစ်လာခဲ့တယ်။

ယူရိုပါလိဂ် မဲခွဲရလဒ်များ ဒီနေ့ ထွက်ပေါ်လာရာ ယူနိုက်တက်ဟာ ကွာတားဖိုင်နယ် အဆင့်မှာ Istanbul Basaksehir နဲ့ ရင်ဆိုင်ရဖွယ် ရှိနေပြီး နောက်တစ်ဆင့်မှာ အင်တာ ဒါမှမဟုတ် လီဗာပူဆင် လို အသင်းတွေနဲ့ပါ တွေ့ဆုံဖွယ် ရှိနေပါတယ်။

Zawgyi – မန္ခ်က္စတာ ယူနုိက္တက္ နည္းျပ ဆိုးရွားကေတာ့ သူ႔အသင္းက အက္စတြန္ဗီလာကို ၃-၀ နဲ႕ ဂိုးျပတ္နုိင္ခဲ့သည့္ တိုင္ ယူနုိက္တက္ တိုက္စစ္မွဴးေတြရဲ႕ အဆံုးသတ္ စြမ္းရည္က ဒိထက္ ထိေရာက္ ေကာင္းမြန္ခဲ့သင့္ေၾကာင္း ေ၀ဖန္ေထာက္ျပခဲ့ပါတယ္။

ယူနိုက္တက္ရဲ႕ ဆယ္ေက်ာ္သက္ လူငယ္တိုက္စစ္မွဴးေလး ေမဆန္ ဂရင္း၀ုဒ္ဟာ တခ်ိန္က ဆယ္ေက်ာ္သက္ ဘ၀တည္းက ေျခစြမ္းျပကာ ဘလြန္းဒီေအာ ဆုပါ ယူျပခဲ့တဲ့ တိုက္စစ္မွဴးေဟာင္း မိုက္ကယ္ အို၀င္လို လုပ္ျပနုိင္စြမ္း ရွိေၾကာင္း ဖီးလ္ နဗီးလ္က အားေပးလိုက္ပါတယ္။

၁၇ ပြဲ ဆက္ ရွံဳးပြဲ မရွိ ပံုစံေကာင္း ရေနျပီး သြင္းဂိုး ၾကမ္းေနတဲ့ ယူနုိက္တက္ကို တစ္ခ်ိဳ႔ အသင္းေတြကေတာ့ တုန္လႈပ္ေနေလာက္ျပီ လို႔ ယူနုိက္တက္ ဂႏၱ၀င္ ေပါစခိုးလ္က အင္စတာဂရမ္ကေန ေျပာဆိုခဲ့ပါတယ္။

လက္ရွိအသင္းရဲ႕ေျခစြမ္းအေနအထားကို ဆက္ထိန္းထားႏိုင္ခဲ့မယ္ဆိုရင္ ယူႏိုက္တက္ဟာ ထိပ္ဆုံး ၄ သင္းထဲ ဝင္ႏိုင္မယ္လို႔ ယူႏိုက္တက္ ကစားသမားေဟာင္း ႐ြိဳင္ကိန္းက ယုံၾကည္ေနပါတယ္။

မန္ေနဂ်ာဆိုးရွားက မန္ခ်က္စတာ ယူနိုက္တက္အသင္း တာဝန္ရွိသူေတြကို ေနရာ သံုးခုအတြက္ အင္အားျဖည့္လိုေၾကာင္း ေျပာထားတယ္လို႔ The Times က ေဖာ္ျပသြားပါတယ္။ဆိုးရွား လိုခ်င္တဲ့ ေနရာေတြက တိုက္စစ္ ညာျခမ္း ကစားသမား၊ ကြင္းလယ္လူနဲ႔ ဗဟိုခံစစ္မွဴးတို႔ ျဖစ္တယ္လို႔ သိရတယ္။

ယူႏုိက္တက္ ကြင္းလယ္လူ ဖာနန္ဒက္စ္ဟာ ဇြန္လအတြက္ ပရီးမီးယားလိဂ္ ရဲ႕ တစ္လတာ အေကာင္းဆံုး ကစားသမားဆုကို ရရွိသြားခဲ့ျပီ ျဖစ္ပါတယ္။ ဇြန္လအတြင္း သံုးပြဲမွာ သံုးဂိုး သြင္းခဲ့တဲ့ ဖာနန္ဒက္စ္ဟာ ႏွစ္လဆက္တိုက္ အေကာင္းဆံုး ကစားသမားျဖစ္လာခဲ့တယ္။

ယူရိုပါလိဂ္ မဲခြဲရလဒ္မ်ား ဒီေန႔ ထြက္ေပၚလာရာ ယူနုိက္တက္ဟာ ကြာတားဖိုင္နယ္ အဆင့္မွာ Istanbul Basaksehir နဲ႕ ရင္ဆိုင္ရဖြယ္ ရွိေနျပီး ေနာက္တစ္ဆင့္မွာ အင္တာ ဒါမွမဟုတ္ လီဗာပူဆင္ လို အသင္းေတြနဲ႕ပါ ေတြ႔ဆံုဖြယ္ ရွိေနပါတယ္။