မန်ချက်စတာ ယူနိုက်တက်ဟာ ဘင်ဖီကာရဲ့ ဆယ်ကျော်သက် ဗဟိုခံစစ်မှုးလေး အန်တိုနီယို ဆေးလ်ဗား ကို စောင့်ကြည့်ဖို့ ပြီးခဲ့တဲ့ အပတ်က ကင်းထောက်တွေ စေလွှတ်ခဲ့ပါတယ်။ အသက် ၁၈ နှစ် အရွယ် ကစားသမားလေးဟာ ဘင်ဖီကာ အသင်းကြီး အတွက် ၈ ပွဲ ထိ ကစားထားပြီ ဖြစ်ပြီး စာချုပ် ဖျက်သိမ်းကြေး ပေါင် ၁၃ သန်း ဝန်းကျင် ရှိပါတယ်။
ဘာစီလိုနာအသင်းဟာ နောက်နှစ် ၂၀၂၃ နွေမှာ ယူနိုက်တက် ညာအစွန်လူ ဒါလော့ကို ခေါ်ယူရေးအား ဦးစားပေး အဖြစ် သတ်မှတ် ထားကြောင်း စပိန် သတင်းဌာနတွေက ဖော်ပြလာပါတယ်။

ရိမ်းဂျားစ်မှာ အငှား ထွက် ကစားနေတဲ့ ယူနိုက်တက် ကစားသမားလေး အီသန် လာ့ဒ် ဟာ တံကောက်ကြော ဒဏ်ရာ ရသွားဟန် ရှိခဲ့ပြီး နည်းပြ မစ်ခ် ဘေးလ်ကတော့ လာ့ဒ် က အနည်းငယ် နာကျင်ကြောင်း အသိပေးလာချိန်မှာ မစွန့်စားစားဘဲ အနားပေးကာ လာမယ့်ရက်မှာ သေချာ စစ်ဆေးမှာ ဖြစ်ကြောင်း ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။
ယူနိုက်တက် တိုက်စစ်မှုးဟောင်း ဝိန်း ရွန်းနီက သူ့အသင်းဖော်ဟောင်း ရော်နယ်ဒိုဟာ အသက်ရလာပြီဖြစ်ကာ ယခင်တုန်းကလို ကစားသမားမျိုး မဟုတ်တော့ဘူးဆိုတာ လက်ခံရမယ့် အချိန်ကို ရောက်လာပြီဖြစ်ကြောင်းနဲ့ အခွင့်အရေးရဖို့ စိတ်ပျက်မနေဘဲ စိတ်ရှည်ဖို့ သတိပေးလိုက်ပါတယ်။
ယူနိုက်တက် တိုက်စစ်မှုး အန်တိုနီက အသင်းအတွက် ပွဲဦးထွက် ဂိုး ကို အာဆင်နယ်နဲ့ ပွဲမှာ သွင်းယူခဲ့ဖို့ အတွက် ထိုပွဲမတိုင်ခင် အာဆင်နယ် ကစားသမားတွေရဲ့ ကစားပုံ ဗီဒီယိုတွေ လေ့လာ ကြည့်ရှုပြီး လေ့ကျင့်ခဲ့ကြောင်း ဖွင့်ဟ ပြောဆိုလိုက်ပါတယ်။

ယူနိုက်တက် ကွင်းလယ် ကစားသမား မက် တော်မီနေးက နည်းပြ အဲရစ် တန်ဟက် က ကစားသမားတွေ ကို လေ့ကျင့်ပေးရမှာလည်း တော်သလို ချဉ်းကပ် နှစ်သိမ့်ပေးတာလည်း တော်ကြောင်း ဖွင့်ဟလာခဲ့ပါတယ်။
ယူနိုက်တက်ရဲ့ အာရှ ရာသီကြို ခရီးစဉ် သွားတုန်းက တန်ဟက်ဟာ တော်မီနေးအား မိသားစုတွေ အခြေအနေ ကို မေးမြန်းခဲ့ပြီး ထိုသို့ ချဉ်းကပ်ခဲ့တာက ရင်းနှီးနွေးထွေးစေခဲ့ကာ နည်းပြ အတွက် အားထုတ် ကစားပေးလိုစိတ်တွေ ဖြစ်ခဲ့ရကြောင်း တော်မီနေးက ဆိုခဲ့တာပါ။
ကွင်းလယ်လူ ဗန်ဒီဘိခ်ဟာ ယူနိုက်တက်မှာ ရှိနေတာ ၂ နှစ်ခွဲကြာ ရှိနေသလို ရာသီကြိုကိုလည်း အကောင်းဆုံး ပါဝင်ထားနိုင်တာပေမယ့် ပွဲထွက်လူစာရင်းမှာ ပါဝင်နိုင်ရေး ကြံ့ခိုင်မှုပိုင်း ပြသဖို့ လိုအပ်တယ်လို့ နည်းပြတန်ဟက်က သတိပေးပါတယ်။
