ဒေါ့မွန် အခက်တွေ့နေမှုက ယူနိုက်တက်ရဲ့ ဆန်ချို ခေါ်ယူရေးအတွက် အကူအညီ ဖြစ်လာနိုင်

UNICODE – ဘွန်ဒက်လီဂါကလပ် ဒေါ့မွန်အသင်းဟာ ကိုရိုနာကပ်ဘေး ထိခိုက်မှုကို စတင် ခံစားနေရပြီဖြစ်ပြီး ဘဏ္ဍာရေးဆိုင်ရာ ဖြေရှင်းရမှုတွေ လိုအပ်နေပြီဖြစ်ပါတယ်။

ဒေါ့မွန်ရဲ့ ဘဏ္ဍာရေး အခြေအနေ အခက်ကြုံမှုဟာ ဆန်ချိုကို ကာလရှည် စောင့်ကြည့်လာတဲ့ ယူနိုက်တက်အတွက် အင်္ဂလန်သားကို ခေါ်ယူရေးမှာ ပိုမို အားကောင်းမှု ဖြစ်လာစေတာပါ။ ကိုရိုကပ်ဘေး နောက်ဆက်တွဲအဖြစ် ဒေါ့မွန်ဟာ ဒီရာသီမှာ ပေါင် သန်း ၄၀ ထိ အရံှူးပေါ်ထားလို့ သိလာရတာဖြစ်တယ်။

လာမယ့်ရာသီ ချန်ပီယံလိဂ် ဝင်ထားပေမယ့်လည်း ဘယ်လင်ဟမ်ကို ခေါ်ယူမှု အပါအဝင် အပြောင်းအရွှေ့ ကိစ္စတွေအတွက် ဒေါ့မွန်က ငွေသုံးရဖို့လည်း ရှိနေပါတယ်။ ဒါကြောင့် ဆန်ချိုကို ဒီနွေမှာ မရောင်းထုတ်ဘူးဆိုရင် နောက်တစ်ကြိမ် ဈေးကွက်ဖွင့်တဲ့အခါမှာ ကစားသမားရဲ့ တန်ကြေးက ပေါင် သန်း ၅၀ အောက်မှာပဲ ရှိနေတော့မှာဖြစ်တယ်။

စကိုင်းစပေါ့ကတော့ “ ဆန်ချို အပြောင်းအရွှေ့ ကိစ္စမှာ ဈေးနည်းနည်းချပေးမှုတွေ၊ ကစားသမား အလိုက်ပေးမှုတွေ၊ ရောင်းချလို့ရှိရင် အကျိုးခံစားခွင့် ပေးတာတွေ ပါဝင်သွားနိုင်ပါတယ်။ ဒေါ့မွန်ကလည်း ဆန်ချိုအတွက် ဒီပမာဏတွေကို ရဖို့က ထိုက်တန်ပါတယ်။

ကိုဗစ်-၁၉ မတိုင်ခင်တုန်းကတော့ လူတိုင်းက သန်း ၁၀၀ ကို ပေးဖို့က ဖြစ်နိုင်တယ်လို့ ထင်ခဲ့ကြတယ်။ ဒါပေမယ့် အခုချိန်မှာ ယူနိုက်တက်ရဲ့ ဘယ်တာဝန်ရှိသူကမှ ကစားသမားတစ်ဦးအတွက် ပေါင် သန်း ၁၀၀ တန် ချက်လက်မှတ်ကို ရေးပေးကြတော့မယ်လို့ မထင်ပါဘူး ” လို့ ဖော်ပြထားခဲ့တာ ဖြစ်ပါတယ်။

ယူနိုက်တက်က ဆန်ချိုကို ခေါ်ယူလိုပေမယ့် ဒေါ့မွန်က သက်မှတ်ထားတဲ့ ပေါင် သန်း ၁၀၀ ထက် နည်းတဲ့ ပမာဏတစ်ခုနဲ့ပဲ စကားပြောလိုနေတာ ဖြစ်ပါတယ်။

ZAWGYI – ဘြန္ဒက္လီဂါကလပ္ ေဒါ့မြန္အသင္းဟာ ကိုရိုနာကပ္ေဘး ထိခိုက္မႈကို စတင္ ခံစားေနရျပီျဖစ္ျပီး ဘ႑ာေရးဆိုင္ရာ ေျဖရွင္းရမႈေတြ လိုအပ္ေနျပီျဖစ္ပါတယ္။

ေဒါ့မြန္ရဲ႕ ဘ႑ာေရး အေျခအေန အခက္ၾကံဳမႈဟာ ဆန္ခ်ိဳကို ကာလရွည္ ေစာင့္ၾကည့္လာတဲ့ ယူႏုိက္တက္အတြက္ အဂၤလန္သားကို ေခၚယူေရးမွာ ပိုမို အားေကာင္းမႈ ျဖစ္လာေစတာပါ။ ကိုရိုကပ္ေဘး ေနာက္ဆက္တြဲအျဖစ္ ေဒါ့မြန္ဟာ ဒီရာသီမွာ ေပါင္ သန္း ၄၀ ထိ အရံွဴးေပၚထားလို႔ သိလာရတာျဖစ္တယ္။

လာမယ့္ရာသီ ခ်န္ပီယံလိဂ္ ဝင္ထားေပမယ့္လည္း ဘယ္လင္ဟမ္ကို ေခၚယူမႈ အပါအဝင္ အေျပာင္းအေရႊ႔ ကိစၥေတြအတြက္ ေဒါ့မြန္က ေငြသံုးရဖို႔လည္း ရွိေနပါတယ္။ ဒါေၾကာင့္ ဆန္ခ်ိဳကို ဒီေႏြမွာ မေရာင္းထုတ္ဘူးဆိုရင္ ေနာက္တစ္ၾကိမ္ ေစ်းကြက္ဖြင့္တဲ့အခါမွာ ကစားသမားရဲ႕ တန္ေၾကးက ေပါင္ သန္း ၅၀ ေအာက္မွာပဲ ရွိေနေတာ့မွာျဖစ္တယ္။

စကိုင္းစေပါ့ကေတာ့ “ ဆန္ခ်ိဳ အေျပာင္းအေရႊ႔ ကိစၥမွာ ေစ်းနည္းနည္းခ်ေပးမႈေတြ၊ ကစားသမား အလိုက္ေပးမႈေတြ၊ ေရာင္းခ်လို႔ရွိရင္ အက်ိဳးခံစားခြင့္ ေပးတာေတြ ပါဝင္သြားႏုိင္ပါတယ္။ ေဒါ့မြန္ကလည္း ဆန္ခ်ိဳအတြက္ ဒီပမာဏေတြကို ရဖို႔က ထိုက္တန္ပါတယ္။

ကိုဗစ္-၁၉ မတိုင္ခင္တုန္းကေတာ့ လူတိုင္းက သန္း ၁၀၀ ကို ေပးဖို႔က ျဖစ္ႏုိင္တယ္လို႔ ထင္ခဲ့ၾကတယ္။ ဒါေပမယ့္ အခုခ်ိန္မွာ ယူႏုိက္တက္ရဲ႕ ဘယ္တာဝန္ရွိသူကမွ ကစားသမားတစ္ဦးအတြက္ ေပါင္ သန္း ၁၀၀ တန္ ခ်က္လက္မွတ္ကို ေရးေပးၾကေတာ့မယ္လို႔ မထင္ပါဘူး ” လို႔ ေဖာ္ျပထားခဲ့တာ ျဖစ္ပါတယ္။

ယူႏုိက္တက္က ဆန္ခ်ိဳကို ေခၚယူလိုေပမယ့္ ေဒါ့မြန္က သက္မွတ္ထားတဲ့ ေပါင္ သန္း ၁၀၀ ထက္ နည္းတဲ့ ပမာဏတစ္ခုနဲ႔ပဲ စကားေျပာလိုေနတာ ျဖစ္ပါတယ္။