စပါးအသင်း တိုက်စစ်သမား ရစ်ချာလီဆန်ဟာ မနေ့ညက အဲဗာတန်ကို စပါးတို့ ၂-ဝ နဲ့ နိုင်တဲ့ ပွဲမှာ ခြေသလုံး ဒဏ်ရာ ရသွားခဲ့ပြီး နောက်အပတ် မန်ချက်စတာ ယူနိုက်တက်နဲ့ ပွဲကို လွဲချော်တော့မှာ ဖြစ်ပါတယ်။ စပါး အားထားရတဲ့ ကစားသမား ဖြစ်တာကြောင့် ယူနိုက်တက် အတွက်တော့ သတင်းကောင်းလို့ ဆိုရမှာပါ။
လီဗာပူးအသင်းဟာ ချယ်ဆီးနဲ့ သဘောတူညီမှု ရလုနီးပါး ရှိနေတဲ့ လိုက်ပ်ဇစ် တိုက်စစ်သမား အန်ကွန်ကူ ကို စောင့်ကြည့်ဖို့ ကင်းထောက်တွေ စေလွှတ်ထားပါတယ်။ ချယ်ဆီးက အန်ကွန်ကူ ကို ၂၀၂၃ နွေမှာ ခေါ်ဖို့ အခုတည်းက သဘောတူညီမှု ရယူဖို့ လုပ်ဆောင်နေပါတယ်။

ဒဏ်ရာကြောင့် ဒီအပတ် ပွဲ လွဲချော်မှာ စိုးရိမ်ခဲ့ရတဲ့ တိုက်စစ်မှုး ဂါဘရီရယ် ဂျေးဆုဟာ လိဒ်စ်နဲ့ ပွဲ အတွက် ထွက်ခွာသွားတဲ့ အာဆင်နယ်အသင်းမှာ ပါဝင်ခဲ့တာ တွေ့ရပါတယ်။
စီ ရော်နယ်ဒိုဟာ အသင်းအတွက် လုပ်ဆောင်ပေးနိုင်တာတွေ အများကြီး ရှိသေးလို့ ပွဲထွက် ကစားခွင့်ပေးဖို့ ပေါ်တူဂီသားရဲ့ ယူနိုက်တက် အသင်းဖော်ဟောင်း ဟာရဲရားက နည်းပြ တန်ဟက်အား တိုက်တွန်းသွားခဲ့ပါတယ်။
အာဆင်နယ်အသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်သွားနိုင်တယ်လို့ သူလည်း ယုံကြည်နေပြီ ဖြစ်ကြောင်း လီဗာပူးနဲ့ ချယ်ဆီး ကွင်းလယ်ဟောင်း ဂျိုကိုးလ်က ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။

ချယ်ဆီး အစွန်ခံစစ်သမား ရိစ်ဂျိမ်းစ် ဒဏ်ရာဟာ သီတင်းပတ် ၈ ပတ်လောက် အနားယူရတော့မှာ ဖြစ်ပြီး နောက် ၅ ပတ်ရင် စတင်တော့မယ့် ကမ္ဘာ့ဖလားကို လွဲချော်ဖို့ များသွားပြီ ဖြစ်ပါတယ်။
မန်ချက်စတာ ယူနိုက်တက် တိုက်စစ်သမား မေဆန် ဂရင်းဝုဒ်ဟာ အာမခံနဲ့ လွတ်နေတဲ့ ကာလအတွင်း ချစ်သူ မိန်းကလေးအား ထပ်မံ ခြိမ်းခြောက်ကာ စည်းကမ်းချိုးဖောက်မှုတွေ လုပ်ဆောင်ခဲ့တာကြောင့် ပြင်းထန်တဲ့ စွဲချက်တွေနဲ့ တရား ရင်ဆိုင်ရဖို့ ရှိနေပါတယ်။
