အပြောင်းအရွှေ့မှာ ချယ်ဆီး ဆုံးဖြတ်ချက် အမှား ချမိမှာ စိတ်ပူနေတဲ့ ဂလင်းဂျွန်ဆင်

ချယ်ဆီးအသင်း အနေနဲ့ လာမယ့်အပြောင်းအရွှေ့မှာ ဝါရင့် တောင်ပံတိုက်စစ် ဝီလီယံကို ပြောင်းရွှေ့ကြေး အလွတ်နဲ့ ဒီတိုင်း လွယ်လွယ် လက်လွှတ်လိုက်ရင် အမှားကျူးလွန်ရာ ကျလိမ့်မယ်လို့ ချယ်ဆီးခံစစ်မှူးဟောင်း ဂလင်းဂျွန်ဆင်က စိုးရိမ်စွာ သတိပေးလိုက်ပါတယ်။

ဘရာဇီးသားဟာ ရာသီကုန်ထိ လက်ကျန်ပွဲတွေ ပါဝင်ကစားပေးဖို့ အတွက် ကာလတို သက်တမ်းတိုးထားပေမယ့် စတန်းဖို့ဘရစ်ချ်မှာ နောက်ရာသီများ ဆက်ရှိနေဖို့ သက်တမ်းတိုး စာချုပ် ချုပ်ဆိုနိုင်ခြင်း မရှိသေးပါဘူး။

ဝီလီယံဟာ ၂၀၁၃ တည်းက ချယ်ဆီးမှာ ကစားနေခဲ့သူ ဖြစ်ပေမယ့် ချယ်ဆီး အကြီးအကဲပိုင်းကတော့ အသက် ၃၀ အထက် ကစားသမားတွေ ကို ကာလရှည် သက်တမ်းတိုး စာချုပ် မချုပ်ဆိုလိုတာ ကြောင့် အခက်တွေ့နေပါတယ်။

ဝီလီယံက သုံးနှစ် သက်တမ်းတိုး စာချုပ် အလိုရှိပေမယ့် ချယ်ဆီးဘက်က ၂နှစ်သက်တမ်းရှိ စာချုပ်သာ ကမ်းလှမ်းထားပြီး အခုထိ သဘောတူညီမှု ရအောင် ညှိနှိုင်းလို့ မရသေးဘဲ ဖြစ်နေပါတယ်။ ဂလင်းဂျွန်ဆင်ကတော့ ဝီလီယံလို ကစားသမားကို ချယ်ဆီး လက်လွှတ်ရင် မှားလိမ့်မယ်လို့ သတိပေးခဲ့ပါတယ်။

” ဝီလီယံကိုသာ ချယ်ဆီးတို့ ပြောင်းရွှေ့ကြေး အလွတ်နဲ့ တကယ်လက်လွှတ်ရင် ကျနော်တော့ တော်တော် လေမိမှာ။ ဒီနေ့ခေတ်မှာ သူ့ လို ကစားသမား အစားထိုးဖို့ ပြန်ခေါ်မယ်ဆို ပေါင် သန်း ၄၀၊ ၅၀၊ ၆၀ လောက် သုံးရမှာပါ။ သူမရှိတော့ရင် ချယ်ဆီးတောင်ပံမှာ အကောင်းဆုံး ဆိုလို့ ပူလီဆစ်လောက်ပဲ ကျန်မယ်။ ” လို့ ဂလင်း ဂျွန်ဆင်က သုံးသပ် ပြောဆိုခဲ့ပါတယ်။

လော့ဒ်ဒေါင်း ကာလပြီး ပွဲတွေ ပြန်စချိန်မှာ ဝီလီယံက ချယ်ဆီးအသင်း အတွက် ၆ ပွဲ ကစားပြီး ၄ ဂိုး သွင်းယူထားကာ ထူးချွန်စွာ ခြေစွမ်းပြနေပါတယ်။

Zawgyi – ခ်ယ္ဆီးအသင္း အေနနဲ႕ လာမယ့္အေျပာင္းအေရႊ႕မွာ ၀ါရင့္ ေတာင္ပံတိုက္စစ္ ၀ီလီယံကို ေျပာင္းေရႊ႕ေၾကး အလြတ္နဲ႕ ဒီတိုင္း လြယ္လြယ္ လက္လႊတ္လိုက္ရင္ အမွားက်ဴးလြန္ရာ က်လိမ့္မယ္လုိ႔ ခ်ယ္ဆီးခံစစ္မွဴးေဟာင္း ဂလင္းဂၽြန္ဆင္က စိုးရိမ္စြာ သတိေပးလိုက္ပါတယ္။

ဘရာဇီးသားဟာ ရာသီကုန္ထိ လက္က်န္ပြဲေတြ ပါ၀င္ကစားေပးဖို႔ အတြက္ ကာလတို သက္တမ္းတိုးထားေပမယ့္ စတန္းဖို႔ဘရစ္ခ်္မွာ ေနာက္ရာသီမ်ား ဆက္ရွိေနဖို႔ သက္တမ္းတိုး စာခ်ဳပ္ ခ်ဳပ္ဆိုနုိင္ျခင္း မရွိေသးပါဘူး။

၀ီလီယံဟာ ၂၀၁၃ တည္းက ခ်ယ္ဆီးမွာ ကစားေနခဲ့သူ ျဖစ္ေပမယ့္ ခ်ယ္ဆီး အၾကီးအကဲပိုင္းကေတာ့ အသက္ ၃၀ အထက္ ကစားသမားေတြ ကို ကာလရွည္ သက္တမ္းတိုး စာခ်ဳပ္ မခ်ဳပ္ဆိုလိုတာ ေၾကာင့္ အခက္ေတြ႔ေနပါတယ္။

၀ီလီယံက သံုးနွစ္ သက္တမ္းတိုး စာခ်ဳပ္ အလိုရွိေပမယ့္ ခ်ယ္ဆီးဘက္က ၂နွစ္သက္တမ္းရွိ စာခ်ဳပ္သာ ကမ္းလွမ္းထားျပီး အခုထိ သေဘာတူညီမႈ ရေအာင္ ညွိနိႈင္းလို႔ မရေသးဘဲ ျဖစ္ေနပါတယ္။ ဂလင္းဂၽြန္ဆင္ကေတာ့ ၀ီလီယံလို ကစားသမားကို ခ်ယ္ဆီး လက္လႊတ္ရင္ မွားလိမ့္မယ္လို႔ သတိေပးခဲ့ပါတယ္။

” ၀ီလီယံကိုသာ ခ်ယ္ဆီးတို႔ ေျပာင္းေရႊ႕ေၾကး အလြတ္နဲ႕ တကယ္လက္လႊတ္ရင္ က်ေနာ္ေတာ့ ေတာ္ေတာ္ ေလမိမွာ။ ဒီေန႔ေခတ္မွာ သူ႔ လို ကစားသမား အစားထိုးဖို႔ ျပန္ေခၚမယ္ဆို ေပါင္ သန္း ၄၀၊ ၅၀၊ ၆၀ ေလာက္ သံုးရမွာပါ။ သူမရွိေတာ့ရင္ ခ်ယ္ဆီးေတာင္ပံမွာ အေကာင္းဆံုး ဆိုလို႔ ပူလီဆစ္ေလာက္ပဲ က်န္မယ္။ ” လို႔ ဂလင္း ဂၽြန္ဆင္က သံုးသပ္ ေျပာဆိုခဲ့ပါတယ္။

ေလာ့ဒ္ေဒါင္း ကာလျပီး ပြဲေတြ ျပန္စခ်ိန္မွာ ၀ီလီယံက ခ်ယ္ဆီးအသင္း အတြက္ ၆ ပြဲ ကစားျပီး ၄ ဂိုး သြင္းယူထားကာ ထူးခၽြန္စြာ ေျခစြမ္းျပေနပါတယ္။