ဒီရာသီ ရီးရဲလ်မက်ဒရစ် လာလီဂါ ချန်ပီယံ ဖြစ်လာခဲ့ရင် အကျိုးအမြတ်ကြီးရမယ့် ချယ်ဆီး

UNICODE – ဒီရာသီ လာလီဂါကို အဆုံးသတ်ဖို့ ပွဲစဉ် သုံးပွဲပဲ လိုတော့တာဖြစ်ပြီး ရီးရဲလ်မက်ဒရစ်က ပြိုင်ဘက် ဘာစီလိုနာကို ၄ မှတ်အသာဖြင့် ချန်ပီယံဖြစ်ရေး ဦးဆောင်နေတာပါ။

၂၀၁၉-၂၀၂၀ ဘောလုံးရာသီမှာ ရီးရဲလ်မက်ဒရစ်အသင်း လာလီဂါ ချန်ပီယံဖြစ်လာခဲ့ရင် အကျိုးအမြတ်ကြီး ရမယ့် အသင်းတွေထဲမှာ ချယ်ဆီးက ထိပ်ဆုံးတစ်နေရာက ပါဝင်နေပြီး ဟာဇက်အတွက် လက်ကျန် ပြောင်းရွှေ့ကြေး တစိတ်တဒေသအဖြစ် ပေါင် ၁၅ သန်းထိ ရမှာဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်ဟာ တိုက်စစ်သမား ဟာဇက်ကို ခေါ်ယူရေးအတွက် ချယ်ဆီးဘက်ကတောင်းဆိုတဲ့ ပေါင် သန်း ၁၃၀ အထိ ပေးဖို့ သဘောတူညီခဲ့တာပါ။ ဒါပေမယ့် ကနဦး ပြောင်းရွှေ့ကြေးအဖြစ် ပေါင် ၈၉ သန်းပဲ ပေးချေထားတာဖြစ်ပြီး ကစားသမားရဲ့ အောင်မြင်မှုအလိုက် နောက်ထပ် ပြောင်းရွှေ့ကြေးတွေ ပေးမယ်ဆိုတဲ့ သဘောတူညီချက် ထည့်သွင်းခဲ့တာဖြစ်တယ်။

စာချုပ်ပါ အချက်အလက်တွေကို အတိအကျ မသိရပေမယ့် ရီးရဲလ်မက်ဒရစ်ဟာ ပေါင် သန်း ၄၀ ဝန်းကျင်ကို ကစားသမားရဲ့ ဆုဖလားအောင်မြင်မှု၊ ပွဲထွက်ခွင့်တွေအရ ပေးချေမယ်ဆိုတဲ့ ညိနှိုင်းမှုကို ထည့်သွင်းထားခဲ့တာပါ။ ပထမဆုံးသော ထပ်တိုးပေးချေမှုအဖြစ် လာလီဂါချန်ပီယံဖြစ်လာခဲ့ရင် ပြောင်းရွှေ့ကြေး တစိတ်တဒေသ ပေးချေမှာဖြစ်တယ်။

ချယ်ဆီးကို ၂၀၁၂ ခုနှစ်မှာ ပြောင်းလာခဲ့တဲ့ ဟာဇက်ဟာ ၂၀၁၉ ခုနှစ်အထိ လန်ဒန်အသင်းအတွက် ကစားပေးခဲ့တယ်။ သူဟာ အပြာရောင်တွေအတွက် ကစားပေးတဲ့ ပွဲပေါင်း ၃၅၂ ပွဲအတွင်း သွင်းဂိုး ၁၁၀ ထိ ရထားခဲ့ပါတယ်။ ဒီရာသီမှာတော့ ဟာဇက်ဟာ လာလီဂါမှာ ကြံ့ခိုင်မှု ရုန်းကန်နေရပြီး ဒဏ်ရာပြဿနာတွေကနေ ရုန်းထွက်နိုင်ဖို့ ကြိုးစားနေရပါတယ်။

ZAWGYI – ဒီရာသီ လာလီဂါကို အဆံုးသတ္ဖို႔ ပြဲစဥ္ သံုးပြဲပဲ လိုေတာ့တာျဖစ္ျပီး ရီးရဲလ္မက္ဒရစ္က ျပိဳင္ဘက္ ဘာစီလိုနာကို ၄ မွတ္အသာျဖင့္ ခ်န္ပီယံျဖစ္ေရး ဦးေဆာင္ေနတာပါ။

၂၀၁၉-၂၀၂၀ ေဘာလံုးရာသီမွာ ရီးရဲလ္မက္ဒရစ္အသင္း လာလီဂါ ခ်န္ပီယံျဖစ္လာခဲ့ရင္ အက်ိဳးအျမတ္ၾကီး ရမယ့္ အသင္းေတြထဲမွာ ခ်ယ္ဆီးက ထိပ္ဆံုးတစ္ေနရာက ပါဝင္ေနျပီး ဟာဇက္အတြက္ လက္က်န္ ေျပာင္းေရႊ႔ေၾကး တစိတ္တေဒသအျဖစ္ ေပါင္ ၁၅ သန္းထိ ရမွာျဖစ္ပါတယ္။

ရီးရဲလ္မက္ဒရစ္ဟာ တိုက္စစ္သမား ဟာဇက္ကို ေခၚယူေရးအတြက္ ခ်ယ္ဆီးဘက္ကေတာင္းဆိုတဲ့ ေပါင္ သန္း ၁၃၀ အထိ ေပးဖို႔ သေဘာတူညီခဲ့တာပါ။ ဒါေပမယ့္ ကနဦး ေျပာင္းေရႊ႔ေၾကးအျဖစ္ ေပါင္ ၈၉ သန္းပဲ ေပးေခ်ထားတာျဖစ္ျပီး ကစားသမားရဲ႕ ေအာင္ျမင္မႈအလိုက္ ေနာက္ထပ္ ေျပာင္းေရႊ႔ေၾကးေတြ ေပးမယ္ဆိုတဲ့ သေဘာတူညီခ်က္ ထည့္သြင္းခဲ့တာျဖစ္တယ္။

စာခ်ဳပ္ပါ အခ်က္အလက္ေတြကို အတိအက် မသိရေပမယ့္ ရီးရဲလ္မက္ဒရစ္ဟာ ေပါင္ သန္း ၄၀ ဝန္းက်င္ကို ကစားသမားရဲ႕ ဆုဖလားေအာင္ျမင္မႈ၊ ပြဲထြက္ခြင့္ေတြအရ ေပးေခ်မယ္ဆိုတဲ့ ညိႏိႈင္းမႈကို ထည့္သြင္းထားခဲ့တာပါ။ ပထမဆံုးေသာ ထပ္တိုးေပးေခ်မႈအျဖစ္ လာလီဂါခ်န္ပီယံျဖစ္လာခဲ့ရင္ ေျပာင္းေရႊ႔ေၾကး တစိတ္တေဒသ ေပးေခ်မွာျဖစ္တယ္။

ခ်ယ္ဆီးကို ၂၀၁၂ ခုႏွစ္မွာ ေျပာင္းလာခဲ့တဲ့ ဟာဇက္ဟာ ၂၀၁၉ ခုႏွစ္အထိ လန္ဒန္အသင္းအတြက္ ကစားေပးခဲ့တယ္။ သူဟာ အျပာေရာင္ေတြအတြက္ ကစားေပးတဲ့ ပြဲေပါင္း ၃၅၂ ပြဲအတြင္း သြင္းဂိုး ၁၁၀ ထိ ရထားခဲ့ပါတယ္။ ဒီရာသီမွာေတာ့ ဟာဇက္ဟာ လာလီဂါမွာ ၾကံ႕ခိုင္မႈ ရုန္းကန္ေနရျပီး ဒဏ္ရာျပႆနာေတြကေန ရုန္းထြက္ႏုိင္ဖို႔ ၾကိဳးစားေနရပါတယ္။