အငှားခေါ်ထားတဲ့ ခံစစ်မှူး ပက်ဘလို မာရီနဲ့ ပတ်သတ်ပြီး အာဆင်နယ် ဆုံးဖြတ်ချက် ချ

ဖလာမန်ဂို အသင်းကနေ ရာသီကုန်ထိ ကစားဖို့ အငှားနဲ့ ခေါ်ယူထားတဲ့ ခံစစ်မှူး ပက်ဘလို မာရီကို အာဆင်နယ် က အငှားပြီးဆုံးလည်း အပြီးသတ် ဝယ်ယူလိုက်ဖို့ ဆုံးဖြတ်လိုက်ကြောင်း အင်္ဂလန် သတင်းဌာနများမှာ ဖော်ပြထားပါတယ်။ အာဆင်နယ်ဟာ မာရီကို ခေါ်ယူစဉ်က မဝယ် မနေရ သဘောတူညီတာမျိုး မပါရှိခဲ့ပါဘူး။

ဒါပေမယ့် ဝယ်ယူလိုခဲ့ရင် ပြောင်းရွှေ့ကြေး ပေါင် ၁၀ သန်းနဲ့ ခွင့်ပြုမယ် ဆိုတဲ့ အချက်ကို အာဆင်နယ်က အသက်သွင်းပြီး စပိန်သား ခံစစ်မှူးကို အပြီး ဝယ်ဖို့ ဆုံးဖြတ်ခဲ့ပြီ ဖြစ်ပါတယ်။

အာဆင်နယ်နည်းပြ အာတီတာက အသင်းရဲ့ အဓိက အားနည်းချက် ဖြစ်နေတဲ့ ခံစစ်ကို အင်အားဖြည့်တင်းဖို့ စိတ်အားထက်သန်နေပါတယ်။ မာရီ က မြောက်လန်ဒန်ကလပ် အတွက် ရောက်လာပြီး ၂ ပွဲသာ ပါဝင် ကစားရသေးပေမယ့် ၎င်း အရည်အချင်းဟာ အာဆင်နယ်မှာ ကစားဖို့ ထိုက်တန်ကြောင်း သက်သေပြခဲ့ပြီ ဖြစ်ပါတယ်။

မာရီက ဗဟိုခံစစ်မှာ ဘယ်ဘက်ခြမ်း နေရာယူ ကစားလေ့ ရှိပြီး အာတီတာ အလိုရှိတဲ့အတိုင်း ကစားနိုင်သူလည်း ဖြစ်ပါတယ်။ နောက်ဘောလုံးရာသီမှာလည်း အာဆင်နယ် ခေါ်ယူထားပြီး ဖြစ်တဲ့ ဝီလီယံ ဆာလီဘာကလည်း အမ်းမရိတ်မှာ လာရောက် ပူးပေါင်းတော့မှာ ဖြစ်ပါတယ်။

ပြင်သစ်သား ခံစစ်မှူးကိုတော့ ယခင်နည်းပြ အူနိုင်းအမ်မရီက ပြီးခဲ့တဲ့ နွေက ခေါ်ယူခဲ့တာ ဖြစ်ပြီး လက်ရှိကလပ် စိန့်အီတီနီမှာ အငှား ပြန်ချပေးခဲ့တာ ဖြစ်ပါတယ်။ အာဆင်နယ် အနေနဲ့ အပြောင်းအရွှေ့ စရိတ် အကန့်အသတ် ရှိနေသည့်တိုင် ရှိတဲ့ ထဲက ရအောင် လှုပ်ရှားဖို့ အာတီတာက တွက်ချက် ပြင်ဆင်နေပြီလို့ သိရပါတယ်။

အာဆင်နယ်ဟာ စံချိန်တင် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူထားတဲ့ နစ်ကိုးလပ်စ် ပီပီ အတွက် ပြောင်းရွှေ့ကြေး အကျေဆပ်ဖို့ အတွက်လည်း နှစ်အတော်ကြာ အရစ်ကျ ပေးနေရဦးမှာ ဖြစ်ပါတယ်။ ဒါကြောင့် လတ်တလော အကြပ်အတည်းကနေ ခံစစ် အတွက် အကောင်းဆုံး ဖြေရှင်းဖို့ အခြား ကစားသမား ခေါ်ယူတာထက် မာရီကို အပြီးသတ် ဝယ်ယူရန် ဦးစားပေးလာခဲ့တာပါ။

Zawgyi – ဖလာမန္ဂို အသင္းကေန ရာသီကုန္ထိ ကစားဖို႔ အငွားနဲ႕ ေခၚယူထားတဲ့ ခံစစ္မွဴး ပက္ဘလို မာရီကို အာဆင္နယ္ က အငွားျပီးဆံုးလည္း အျပီးသတ္ ၀ယ္ယူလိုက္ဖို႔ ဆံုးျဖတ္္လိုက္ေၾကာင္း အဂၤလန္ သတင္းဌာနမ်ားမွာ ေဖာ္ျပထားပါတယ္။ အာဆင္နယ္ဟာ မာရီကို ေခၚယူစဥ္က မ၀ယ္ မေနရ သေဘာတူညီတာမ်ိဳး မပါရွိခဲ့ပါဘူး။

ဒါေပမယ့္ ၀ယ္ယူလိုခဲ့ရင္ ေျပာင္းေရႊ႕ေၾကး ေပါင္ ၁၀ သန္းနဲ႕ ခြင့္ျပဳမယ္ ဆိုတဲ့ အခ်က္ကို အာဆင္နယ္က အသက္သြင္းျပီး စပိန္သား ခံစစ္မွဴးကို အျပီး ၀ယ္ဖုိ႔ ဆံုးျဖတ္ခဲ့ျပီ ျဖစ္ပါတယ္။

အာဆင္နယ္နည္းျပ အာတီတာက အသင္းရဲ႕ အဓိက အားနည္းခ်က္ ျဖစ္ေနတဲ့ ခံစစ္ကို အင္အားျဖည့္တင္းဖို႔ စိတ္အားထက္သန္ေနပါတယ္။ မာရီ က ေျမာက္လန္ဒန္ကလပ္ အတြက္ ေရာက္လာျပီး ၂ ပြဲသာ ပါ၀င္ ကစားရေသးေပမယ့္ ၄င္း အရည္အခ်င္းဟာ အာဆင္နယ္မွာ ကစားဖို႔ ထိုက္တန္ေၾကာင္း သက္ေသျပခဲ့ျပီ ျဖစ္ပါတယ္။

မာရီက ဗဟိုခံစစ္မွာ ဘယ္ဘက္ျခမ္း ေနရာယူ ကစားေလ့ ရွိျပီး အာတီတာ အလိုရွိတဲ့အတိုင္း ကစားနုိင္သူလည္း ျဖစ္ပါတယ္။ ေနာက္ေဘာလံုးရာသီမွာလည္း အာဆင္နယ္ ေခၚယူထားျပီး ျဖစ္တဲ့ ၀ီလီယံ ဆာလီဘာကလည္း အမ္းမရိတ္မွာ လာေရာက္ ပူးေပါင္းေတာ့မွာ ျဖစ္ပါတယ္။

ျပင္သစ္သား ခံစစ္မွဴးကိုေတာ့ ယခင္နည္းျပ အူနိုင္းအမ္မရီက ျပီးခဲ့တဲ့ ေႏြက ေခၚယူခဲ့တာ ျဖစ္ျပီး လက္ရွိကလပ္ စိန္႔အီတီနီမွာ အငွား ျပန္ခ်ေပးခဲ့တာ ျဖစ္ပါတယ္။ အာဆင္နယ္ အေနနဲ႕ အေျပာင္းအေရႊ႕ စရိတ္ အကန္႔အသတ္ ရွိေနသည့္တိုင္ ရွိတဲ့ ထဲက ရေအာင္ လႈပ္ရွားဖို႔ အာတီတာက တြက္ခ်က္ ျပင္ဆင္ေနျပီလို႔ သိရပါတယ္။

အာဆင္နယ္ဟာ စံခ်ိန္တင္ ေျပာင္းေရႊ႕ေၾကးနဲ႕ ေခၚယူထားတဲ့ နစ္ကိုးလပ္စ္ ပီပီ အတြက္ ေျပာင္းေရႊ႕ေၾကး အေက်ဆပ္ဖို႔ အတြက္လည္း နွစ္အေတာ္ၾကာ အရစ္က် ေပးေနရဦးမွာ ျဖစ္ပါတယ္။ ဒါေၾကာင့္ လတ္တေလာ အၾကပ္အတည္းကေန ခံစစ္ အတြက္ အေကာင္းဆံုး ေျဖရွင္းဖို႔ အျခား ကစားသမား ေခၚယူတာထက္ မာရီကို အျပီးသတ္ ၀ယ္ယူရန္ ဦးစားေပးလာခဲ့တာပါ။