ယူနိုက်တက်ရဲ့ အပြောင်းအရွှေ့ အစီအမံတွေက လေထဲ တိုက်အိမ်ဆောက်နေရဆဲ လို့ ဆိုးရှား ဝန်ခံ

မန်ချက်စတာ ယူနိုက်တက် နည်းပြ ဆိုးရှားက အပြောင်းအရွှေ့အတွက် ကစားသမား ခေါ်ယူဖို့ အစီအမံတွေက အခုထိ လေထဲ တိုက်အိမ်ဆောက် နေရသလို မသေချာ မရေရာသေးဘဲ ရှိနေကြောင်း ထုတ်ဖော် ဝန်ခံလိုက်ပါတယ်။ ယူနိုက်တက်ဟာ ချန်ပီယံလိဂ် ဝင်ခွင့် ရမရ မသေချာသေးသလို ပရီးမီးယားလိဂ်က ဘယ်တော့ စမလဲ ဆိုတဲ့ အခြေအနေတွေလည်း မသိသေးဘူးလို့ ဆိုးရှားက ဆိုပါတယ်။

ယူနိုက်တက်ဟာ အပြောင်းအရွှေ့ ဖွင့်တာနဲ့ ခေါ်ယူဖို့ ထိပ်တန်း ပစ်မှတ်တွေ အဖြစ် ဒေါ့မွန် တောင်ပံတိုက်စစ် ဆန်ချို၊ အက်စတွန်ဗီလာ အသင်းခေါင်းဆောင် ဂရေးလစ်ချ် တို့ကို ချိန်ရွယ်ထားပေမယ့် နောက်ရာသီ ချန်ပီယံလိဂ် ဝင်ခွင့် တစ်နေရာ အတွက် သေချာ ပိုင်ဆိုင်ထားခြင်း မရှိသေးတာကြောင့် အဆင်ပြေမယ် မသေချာသေးဘူး ဖြစ်နေပါတယ်။

မန်စီးတီး ဥရောပ ဝင်ခွင့် ပိတ်ပင်ခံရရင် အဆင့် ၅ က အသင်း ချန်ပီယံလိဂ် ဝင်ခွင့် ရရှိမယ် ဆိုပေမယ့် စီးတီးရဲ့ အယူခံ အောင်မြင်မယ်လို့ သတင်းတွေက ပိုမို ထွက်ပေါ်နေပါတယ်။ အမှတ်ပေးဇယားမှာ လက်ရှိ အဆင့် လေးနေရာမှာ လက်စတာ ရှိနေပြီး ယူနိုက်တက်နဲ့ တစ်မှတ်သာကွာဟနေတဲ့ အပြင် ယူရိုပါလိဂ်မှာ ဗိုလ်စွဲရင်လည်း နောက်ရာသီ ချန်ပီယံလိဂ် ဝင်ခွင့် ရရှိနိုင်စရာတော့ ရှိပါတယ်။

” ခုက မသေချာသေးဘဲ စောင့်ကြည့်နေရတဲ့ ကိစ္စတွေ အများကြီး ဖြစ်နေတယ်။ ကျနော်တို့ လိဂ်က နောက်ရာသီ ဘယ်တော့ စမလဲ။ ဒါက ဥရောပမှာ ကျနောတို့ ဘယ်လောက်ထိ ရောက်မလဲပေါ်လည်း မူတည်သွားနိုင်တယ်။ ဒီတော့ ရာသီကြို ထရိန်နင်တွေ ဘာတွေလည်း ကြို စီမံလို့ မရသေးဘူး။ ဒီလို အသေးစိတ် ကိစ္စလေးတွေက ဟိုဒီ အများကြီး ရှိနေတယ်။

တခါတလေ အပြောင်းအရွှေ့ ကိစ္စတွေ ဆိုတာ ကျနော်တို့ ထိန်းချုပ်လို့ မရနိုင်ဘူး။ အသင်းက အခု ကောင်းမွန်တဲ့ အနေအထား ရှိနေတော့ ဘာတွေ ကျနေ်ာတို့ လိုမလဲ ဘာတွေ မလိုဘူးလဲ ဆိုတာလည်း ကြည့်ရဦးမယ်။ ” လို့ ဆိုးရှားက ဆိုပါတယ်။

အပြောင်းအရွှေ့ အစီအစဉ်တွေဟာလည်း ယူနိုက်တက်သာ ချန်ပီယံလိဂ် ဝင်ခွင့် မရရင် အခြေအနေတွေ တမျိုးတမည် ဖြစ်သွားနိုင်ကြောင်း လည်း ဆိုးရှားက ဝန်ခံပြောဆိုခဲ့ပါတယ်။

Zawgyi – မန္ခ်က္စတာ ယူနုိက္တက္ နည္းျပ ဆိုးရွားက အေျပာင္းအေရႊ႕အတြက္ ကစားသမား ေခၚယူဖို႔ အစီအမံေတြက အခုထိ ေလထဲ တုိက္အိမ္ေဆာက္ ေနရသလိုု မေသခ်ာ မေရရာေသးဘဲ ရွိေနေၾကာင္း ထုတ္ေဖာ္ ၀န္ခံလိုက္ပါတယ္။ ယူနုိက္တက္ဟာ ခ်န္ပီယံလိဂ္ ၀င္ခြင့္ ရမရ မေသခ်ာေသးသလို ပရီးမီးယားလိဂ္က ဘယ္ေတာ့ စမလဲ ဆိုတဲ့ အေျခအေနေတြလည္း မသိေသးဘူးလို႔ ဆိုးရွားက ဆိုပါတယ္။

ယူနိုက္တက္ဟာ အေျပာင္းအေရႊ႕ ဖြင့္တာနဲ႕ ေခၚယူဖို႔ ထိပ္တန္း ပစ္မွတ္ေတြ အျဖစ္ ေဒါ့မြန္ ေတာင္ပံတိုက္စစ္ ဆန္ခ်ိဳ၊ အက္စတြန္ဗီလာ အသင္းေခါင္းေဆာင္ ဂေရးလစ္ခ်္ တို႔ကို ခ်ိန္ရြယ္ထားေပမယ့္ ေနာက္ရာသီ ခ်န္ပီယံလိဂ္ ၀င္ခြင့္ တစ္ေနရာ အတြက္ ေသခ်ာ ပိုင္ဆိုင္ထားျခင္း မရွိေသးတာေၾကာင့္ အဆင္ေျပမယ္ မေသခ်ာေသးဘူး ျဖစ္ေနပါတယ္။

မန္စီးတီး ဥေရာပ ၀င္ခြင့္ ပိတ္ပင္ခံရရင္ အဆင့္ ၅ က အသင္း ခ်န္ပီယံလိဂ္ ၀င္ခြင့္ ရရွိမယ္ ဆိုေပမယ့္ စီးတီးရဲ႕ အယူခံ ေအာင္ျမင္မယ္လို႔ သတင္းေတြက ပိုမို ထြက္ေပၚေနပါတယ္။ အမွတ္ေပးဇယားမွာ လက္ရွိ အဆင့္ ေလးေနရာမွာ လက္စတာ ရွိေနျပီး ယူနုိက္တက္နဲ႕ တစ္မွတ္သာကြာဟေနတဲ့ အျပင္ ယူရိုပါလိဂ္မွာ ဗိုလ္စြဲရင္လည္း ေနာက္ရာသီ ခ်န္ပီယံလိဂ္ ၀င္ခြင့္ ရရွိနုိင္စရာေတာ့ ရွိပါတယ္။

” ခုက မေသခ်ာေသးဘဲ ေစာင့္ၾကည့္ေနရတဲ့ ကိစၥေတြ အမ်ားၾကီး ျဖစ္ေနတယ္။ က်ေနာ္တို႔ လိဂ္က ေနာက္ရာသီ ဘယ္ေတာ့ စမလဲ။ ဒါက ဥေရာပမွာ က်ေနာတို႔ ဘယ္ေလာက္ထိ ေရာက္မလဲေပၚလည္း မူတည္သြားနုိင္တယ္။ ဒီေတာ့ ရာသီၾကိဳ ထရိန္နင္ေတြ ဘာေတြလည္း ၾကိဳ စီမံလို႔ မရေသးဘူး။ ဒီလို အေသးစိတ္ ကိစၥေလးေတြက ဟိုဒီ အမ်ားၾကီး ရွိေနတယ္။

တခါတေလ အေျပာင္းအေရႊ႕ ကိစၥေတြ ဆိုတာ က်ေနာ္တို႔ ထိန္းခ်ဳပ္လို႔ မရနိုင္ဘူး။ အသင္းက အခု ေကာင္းမြန္တဲ့ အေနအထား ရွိေနေတာ့ ဘာေတြ က်ေန္ာတို႔ လိုမလဲ ဘာေတြ မလိုဘူးလဲ ဆိုတာလည္း ၾကည့္ရဦးမယ္။ ” လို႔ ဆိုးရွားက ဆိုပါတယ္။

အေျပာင္းအေရႊ႕ အစီအစဥ္ေတြဟာလည္း ယူနုိက္တက္သာ ခ်န္ပီယံလိဂ္ ၀င္ခြင့္ မရရင္ အေျခအေနေတြ တမ်ိဳးတမည္ ျဖစ္သြားနုိင္ေၾကာင္း လည္း ဆိုးရွားက ၀န္ခံေျပာဆိုခဲ့ပါတယ္။