ယနေ့ နောက်ဆုံးရ ယူနိုက်တက် ညနေခင်းသတင်းများ (11/07/20)

UNICODE – ဘွန်ဒက်လီဂါကလပ် ဒေါ့မွန်အသင်းဟာ ကိုရိုနာကပ်ဘေး ထိခိုက်မှုကို စတင် ခံစားနေရပြီဖြစ်ပြီး ဒီရာသီမှာ ပေါင် သန်း ၄၀ ထိ အရံှူးပေါ်ထားတယ်လို့ သိရတယ်။ ဒါက ဆန်ချိုကို ကာလရှည် စောင့်ကြည့်လာတဲ့ ယူနိုက်တက်အတွက် အင်္ဂလန်သားကို ခေါ်ယူရေးမှာ ပိုမို အားကောင်းမှု ဖြစ်လာစေပါတယ်။

ယူနိုက်တက်အသင်း ကွင်းလယ် ကစားသမား ဘရူနိုဖာနန်ဒက်စ်က မန်ချက်စတာ ယူနိုက်တက်အသင်းအတွက် ကစားပေးနေရပြီဆိုရင်တော့ ဘယ်လိုပွဲမျိုးကို မဆို အနိုင်ကစားဖို့ လိုအပ်တယ်လို့ ပြောဆိုသွားခဲ့ ပါတယ်။

လီဗာပူး ကစားသမားဟောင်း တစ်ဦး ဖြစ်တဲ့ ဂျေဆန် မက်အတီယာက ဘရူနို ဖာနန်ဒက်စ် ယူနိုက်တက်မှာ ခြေစွမ်းပြ ကစားနေရတာ မြင်ရတဲ့ အပေါ် ဝမ်းနည်းမိကြောင်းနဲ့ လီဗာပူးအတွက် ဖာနန်ဒက်စ် ကစားတာ မြင်လိုကြောင်း ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက် နည်းပြ ဆိုးရှားက အပြောင်းအရွှေ့အတွက် ကစားသမား ခေါ်ယူဖို့ အစီအမံတွေက ချန်ပီယံလိဂ် ဝင်ခွင့် နဲ့ နောက်ရာသီ ပရီးမီးယားလိဂ် အခြေအနေကို မသိသေးတာကြောင့် အခုထိ လေထဲ တိုက်အိမ်ဆောက် နေရသလို မသေချာ မရေရာသေးဘဲ ရှိနေကြောင်း ထုတ်ဖော် ဝန်ခံလိုက်ပါတယ်။

ဂရင်းဝုဒ်ဟာ အားလပ်ရက်ပေးရင်တောင် သူ့သူငယ်ချင်းတွေနဲ့ ဘောလုံးသွားကန်နေတတ်တဲ့ ကစားသမားမျိုးလို့ နည်းပြဆိုးရှားက ထုတ်ပြောလိုက်ပါတယ်။

ဆောက်သမ်တန် နည်းပြ ဟက်ဆန်ဟက်က ခြင်္သေ့ဖြစ်လိုရင် ခြင်္သေ့နဲ့ ယှဉ်ပြိုင်ရဲရမှာပေါ့လို့ ယူနိုက်တက်ပွဲကြိုမှာ စိန်ခေါ်စကား ထုတ်ပြောလိုက်ပါတယ်။

အိုထရတ်ဖိုဒ့်မှာ မအောင်မြင်တဲ့ ကစားသမာားဘဝ ပိုင်ဆိုင်ခဲ့တာက သူကိုယ်တိုင်ရဲ့ အမှားတွေကြောင့်ပါလို့ ကွင်းလယ်လူဟောင်း ရှနိုက်ဒါလင်က ထုတ်ပြောလိုက်ပါတယ်။

ဒေါမွန်အသင်းက ဆန်ချိုကို ခေါ်ယူရေး မအောင်မြင်ရင် ယူနိုက်တက်က ဘာစီလိုနာက ပြင်သစ်သား တောင်ပံသမား ဒမ်ဘီလီကို အစားထိုး ခေါ်ယူဖို့လည်း စိတ်ဝင်စားတယ်လို့ သိရပါတယ်။

ZAWGYI – ဘြန္ဒက္လီဂါကလပ္ ေဒါ့မြန္အသင္းဟာ ကိုရိုနာကပ္ေဘး ထိခိုက္မႈကို စတင္ ခံစားေနရျပီျဖစ္ျပီး ဒီရာသီမွာ ေပါင္ သန္း ၄၀ ထိ အရံွဴးေပၚထားတယ္လို႔ သိရတယ္။ ဒါက ဆန္ခ်ိဳကို ကာလရွည္ ေစာင့္ၾကည့္လာတဲ့ ယူႏုိက္တက္အတြက္ အဂၤလန္သားကို ေခၚယူေရးမွာ ပိုမို အားေကာင္းမႈ ျဖစ္လာေစပါတယ္။

ယူႏိုက္တက္အသင္း ကြင္းလယ္ ကစားသမား ဘ႐ူႏိုဖာနန္ဒက္စ္က မန္ခ်က္စတာ ယူႏိုက္တက္အသင္းအတြက္ ကစားေပးေနရၿပီဆိုရင္ေတာ့ ဘယ္လိုပြဲမ်ိဳးကို မဆို အႏိုင္ကစားဖို႔ လိုအပ္တယ္လို႔ ေျပာဆိုသြားခဲ့ ပါတယ္။

လီဗာပူး ကစားသမားေဟာင္း တစ္ဦး ျဖစ္တဲ့ ေဂ်ဆန္ မက္အတီယာက ဘရူနို ဖာနန္ဒက္စ္ ယူနိုက္တက္မွာ ေျခစြမ္းျပ ကစားေနရတာ ျမင္ရတဲ့ အေပၚ ၀မ္းနည္းမိေၾကာင္းနဲ႕ လီဗာပူးအတြက္ ဖာနန္ဒက္စ္ ကစားတာ ျမင္လိုေၾကာင္း ထုတ္ေဖာ္ ေျပာဆိုခဲ့ပါတယ္။

မန္ခ်က္စတာ ယူနုိက္တက္ နည္းျပ ဆိုးရွားက အေျပာင္းအေရႊ႕အတြက္ ကစားသမား ေခၚယူဖို႔ အစီအမံေတြက ခ်န္ပီယံလိဂ္ ၀င္ခြင့္ နဲ႕ ေနာက္ရာသီ ပရီးမီးယားလိဂ္ အေျခအေနကို မသိေသးတာေၾကာင့္ အခုထိ ေလထဲ တုိက္အိမ္ေဆာက္ ေနရသလိုု မေသခ်ာ မေရရာေသးဘဲ ရွိေနေၾကာင္း ထုတ္ေဖာ္ ၀န္ခံလိုက္ပါတယ္။

ဂရင္းဝုဒ္ဟာ အားလပ္ရက္ေပးရင္ေတာင္ သူ႔သူငယ္ခ်င္းေတြနဲ႔ ေဘာလံုးသြားကန္ေနတတ္တဲ့ ကစားသမားမ်ိဳးလို႔ နည္းျပဆိုးရွားက ထုတ္ေျပာလိုက္ပါတယ္။

ေဆာက္သမ္တန္ နည္းျပ ဟက္ဆန္ဟက္က ျခေသၤ့ျဖစ္လိုရင္ ျခေသၤ့နဲ႔ ယွဥ္ျပိဳင္ရဲရမွာေပါ့လို႔ ယူႏုိက္တက္ပြဲၾကိဳမွာ စိန္ေခၚစကား ထုတ္ေျပာလိုက္ပါတယ္။

အိုထရတ္ဖုိဒ့္မွာ မေအာင္ျမင္တဲ့ ကစားသမာားဘဝ ပိုင္ဆိုင္ခဲ့တာက သူကိုယ္တိုင္ရဲ႕ အမွားေတြေၾကာင့္ပါလို႔ ကြင္းလယ္လူေဟာင္း ရွႏုိက္ဒါလင္က ထုတ္ေျပာလိုက္ပါတယ္။

ေဒါမြန္အသင္းက ဆန္ခ်ိဳကို ေခၚယူေရး မေအာင္ျမင္ရင္ ယူႏုိက္တက္က ဘာစီလိုနာက ျပင္သစ္သား ေတာင္ပံသမား ဒမ္ဘီလီကို အစားထိုး ေခၚယူဖို႔လည္း စိတ္ဝင္စားတယ္လို႔ သိရပါတယ္။