ကမ္ဘာဖလားဟာ ကမ္ဘာပေါ်မှာ အကြီးကျယ်ဆုံး ဘောလုံးပြိင်ပွဲဖြစ်ပြီး လက်ရွေးစင် အသင်းတွေဟာ သူတို့ရဲ့ အကောင်းဆုံးသော ကစားသမားတွေကို ပြိုင်ပွဲကြီးထံ ဒဏ်ရာကြောင့် ခေါ်မလာနိုင်တာမျိုး အကြိမ်တိုင်း ဖြစ်ခဲ့ဖူးပါတယ်။
ကာတာမှာ ပြုလုပ်မယ့် ကမ္ဘာဖလားဟာ ကလပ်တွေရဲ့ ဘောလုံးရာသီ ကြားမှာ ရှိနေတာဖြစ်သလို အဆိုပါ ပြိုင်ပွဲကြီး အကြိုမှာပဲ အင်္ဂလန်လိဂ်မှာ ပါဝင် ယှဉ်ပြိုင်နေတဲ့ နာမည်ကြီး လက်ရွေးစင် ကစားသမား အချို့ဟာ ဒဏ်ရာပြဿနာတွေ စတင် ရင်ဆိုင်နေရပြီဖြစ်ပါတယ်။
ပရီးမီးယားလိဂ် ကစားသမား တစ်ဦးကဆိုရင် ‘ ကလပ်တွေနဲ့ ပရိသတ်တွေက ကြားလိုမှာ မဟုတ်ပေမယ့် ကစားသမားတွေက ထိပ်တိုက်တွေ့မှုတွေကို စပြီး ရှောင်ရှားလိုလာနေပါတယ်။ ကြွက်သားနဲ့ တံကောက်ကြော ဒဏ်ရာတွေ ရမှာ စိုးရိမ်တာကြောင့် ပြေးနိုင်သလောက် ပြင်းပြင်းထန်ထန်တောင် မပြေးကြတော့ပါဘူး။
လာမယ့် အပတ်အတွင်း နာမည်ကြီး ကစားသမားအချို့က ပွဲထွက်လူစာရင်းထဲ မပါဘဲ အရန်ခုံ ထိုင်ကြမယ့် အခြေအနေကိုတောင် မြင်တွေ့လာရနိုင်ပါတယ် ’ လို့ မှတ်ချက်ပေးခဲ့တာ ဖြစ်ပါတယ်။

ချယ်ဆီး ကွင်းလယ်လူ ကန်တေ၊ ညာအစွန်လူ ရိစ်ဂျိမ်း၊ မန်စီးတီး ကွင်းလယ်လူ ကယ်ဗင်ဖီးလစ်၊ လီဗာပူးတိုက်စစ်သမား ဂျိုတာနဲ့ ဝုဗ်တိုက်စစ်သမား နက်တို တို့ဟာ ၂၀၂၂ ကမ္ဘာဖလားကို လွဲချော်သွားကြမယ့် ပရီးမီးယားလိဂ် အကျော်အမော်တွေ ဖြစ်ကြတယ်။
ဝုဗ်မှ ဂျီမီးနက်စ်၊ မန်စီးတီးမှ ဝေါ်ကာတို့က ဒဏ်ရာကြောင့် ကမ္ဘာဖလားကို လွဲနိုင်တယ်လို့ ခန့်မှန်းခံထားရပြီး ဗာရန်းကတော့ ယူနိုက်တက်အတွက် ကစားပေးနိုင်မှာ မဟုတ်ပေမယ့် ပြင်သစ်အသင်းနဲ့အတူ ကာတာကို လိုက်ပါနိုင်ဖွယ် ရှိနေဆဲလို့ သိရပါတယ်။
