ရှက်ဖီးက ချယ်ဆီးထက် အဘက်ဘက် သာခဲ့ကြောင်း ဝန်ခံပြီး အသင်းသားတွေအား လမ်းပတ် သတိပေး

ချယ်ဆီးအသင်းဟာ ညက ပရီးမီးယားလိဂ်ပွဲမှာ ရှက်ဖီးယူနိုက်တက်ကို ၃-၀ နဲ့ ဂိုးပြတ် ရှုံးနိမ့်ပြီး ချန်ပီယံလိဂ် ဝင်ခွင့် စိုးရိမ်စရာ အနေအထာ ရောက်လာခဲ့ပါတယ်။ ပွဲရလဒ်နဲ့ ပတ်သတ်ပြီး ချယ်ဆီးနည်းပြ လမ်းပတ်ကတော့ ပြိုင်ဘက် ရှက်ဖီးက သူတို့ထက် အဘက်ဘက်က အသာရလို့ နိုင်သွားတာ ဖြစ်တယ်လို့ ဝန်ခံ လိုက်ပါတယ်။

ပွဲအပြီးမှာ အမျက်ထွက်နေတဲ့ နည်းပြ လမ်းပတ်ကတော့ ချယ်ဆီး အသင်းသားတွေ လိုအပ်မှုတွေ ရှိခဲ့ကြောင်း ပွင့်ပွင့်လင်းလင်းပဲ ထုတ်ပြော ဝေဖန်ခဲ့ပါတယ်။

” သူတို့ (ရှက်ဖီး) က ကျနော်တို့ထက် ပို ကောင်းခဲ့တယ်။ ကြံ့ခိုင်မှုပိုင်းရော စိတ်ဓာတ်ပိုင်းရော ဘောလုံးပိုင်းရော အစစ သာတယ်။ ဒီတော့ ဒီပွဲမှာ အရေးနိမ့်ခဲ့တယ်။ သူတို့က ကျနော်တို့ထက်လည်း တောင့်တင်းဟန် ပြခဲ့တယ်။ ဒီလိုပွဲမှာ ကျနေ်ာတို့ဘက်က အားပေးမယ့် ပရိသတ် မရှိဘူး ဒါပေမယ့် အသံတွေ့ို နားထောင်ရင် ရှက်ဖီးယူနိုက်တက်ရဲ့ ဆူညံသံတွေနဲ့ ပိုပြီး အားကောင်းတာတွေကို ခံစားမိခဲ့တယ်။

သူတို့က ကစားသမားကောင်းတွေနဲ့ အသင်းကောင်း တစ်သင်း ဖြစ်တယ်။ ဒါကို တစ်ရာသီလုံး ကျနော်တို့ သိထားခဲ့တာပါ။ ဒီလိုပွဲမှာ ဒီကိုလာပြီး ဖြစ်သင့်တဲ့ စွမ်းဆောင်ရည်ထက် နိမ့်နိမ့် လာ ကစားရင် ဒီလိုက ဖြစ်မှာပဲ။

ကျနော်တို့ သူတို့နဲ့ ယှဉ်တဲ့ အခါ လေးစားမှုထားတယ်။ ဒါပေမယ့် ကျနော်တို့က ဘောလုံးယူတဲ့အခါ အရမ်းကို နှေးကွေးခဲ့တယ်။ ဒီပွဲမှာ တောင်ပံတွေ ဆီကို ဘောလုံး မရောက်နိုင်ဘူး။ တောင်ပံတိုက်စစ်သမားတွေက ဘောလုံးပွဲတွေ ပြန်စတည်းက ကောင်းမွန်ခဲ့တယ်။ ဒါပေမယ့် ဒီပွဲမှာတော့ သူတို့ကိုလည်း ဆွဲ မခေါ်နိုင်ခဲ့ဘူး။ ” လို့ လမ်းပတ်က ဆိုခဲ့ပါတယ်။

ပေးလိုက်ရတဲ့ ဂိုးတွေနဲ့ လုပ်ခဲ့တဲ့ အမှားတွေ အပေါ်လည်း လမ်းပတ်က အမျက် ထွက်နေပြီး ပွဲကို အသေးစိတ် ပြန်သုံးသပ် လေ့လာကာ ရှေ့ဆက်ရမှာ ဖြစ်ကြောင်းလည်း ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။ ဒီနေ့ အနေနဲ့ ထိပ်သီး လေးနေရာကို တွေး စိတ်ပူ မနေသေးဘဲ ဒီပွဲ ကစားခဲ့ပုံ အပေါ် စိတ်ပူတာနဲ့ သင်ခန်းစာ ယူဖို့ပဲ ခေါင်းထဲမှာ ရှိတယ်လို့ လမ်းပတ်က ဆိုခဲ့ပါတယ်။

Zawgyi – ခ်ယ္ဆီးအသင္းဟာ ညက ပရီးမီးယားလိဂ္ပြဲမွာ ရွက္ဖီးယူနုိက္တက္ကို ၃-၀ နဲ႕ ဂိုးျပတ္ ရွံဳးနိမ့္ျပီး ခ်န္ပီယံလိဂ္ ၀င္ခြင့္ စိုးရိမ္စရာ အေနအထာ ေရာက္လာခဲ့ပါတယ္။ ပြဲရလဒ္နဲ႕ ပတ္သတ္ျပီး ခ်ယ္ဆီးနည္းျပ လမ္းပတ္ကေတာ့ ျပိဳင္ဘက္ ရွက္ဖီးက သူတို႔ထက္ အဘက္ဘက္က အသာရလို႔ နုိင္သြားတာ ျဖစ္တယ္လို႔ ၀န္ခံ လိုက္ပါတယ္။

ပြဲအျပီးမွာ အမ်က္ထြက္ေနတဲ့ နည္းျပ လမ္းပတ္ကေတာ့ ခ်ယ္ဆီး အသင္းသားေတြ လိုအပ္မႈေတြ ရွိခဲ့ေၾကာင္း ပြင့္ပြင့္လင္းလင္းပဲ ထုတ္ေျပာ ေ၀ဖန္ခဲ့ပါတယ္။

” သူတို႔ (ရွက္ဖီး) က က်ေနာ္တို႔ထက္ ပို ေကာင္းခဲ့တယ္။ ၾကံ႕ခိုင္မႈပိုင္းေရာ စိတ္ဓာတ္ပိုင္းေရာ ေဘာလံုးပိုင္းေရာ အစစ သာတယ္။ ဒီေတာ့ ဒီပြဲမွာ အေရးနိမ့္ခဲ့တယ္။ သူတို႔က က်ေနာ္တို႔ထက္လည္း ေတာင့္တင္းဟန္ ျပခဲ့တယ္။ ဒီလိုပြဲမွာ က်ေန္ာတို႔ဘက္က အားေပးမယ့္ ပရိသတ္ မရွိဘူး ဒါေပမယ့္ အသံေတြ႕ို နားေထာင္ရင္ ရွက္ဖီးယူနုိက္တက္ရဲ႕ ဆူညံသံေတြနဲ႕ ပိုျပီး အားေကာင္းတာေတြကို ခံစားမိခဲ့တယ္။

သူတို႔က ကစားသမားေကာင္းေတြနဲ႕ အသင္းေကာင္း တစ္သင္း ျဖစ္တယ္။ ဒါကို တစ္ရာသီလံုး က်ေနာ္တို႔ သိထားခဲ့တာပါ။ ဒီလိုပြဲမွာ ဒီကိုလာျပီး ျဖစ္သင့္တဲ့ စြမ္းေဆာင္ရည္ထက္ နိမ့္နိမ့္ လာ ကစားရင္ ဒီလိုက ျဖစ္မွာပဲ။

က်ေနာ္တုိ႔ သူတို႔နဲ႕ ယွဥ္တဲ့ အခါ ေလးစားမႈထားတယ္။ ဒါေပမယ့္ က်ေနာ္တို႔က ေဘာလံုးယူတဲ့အခါ အရမ္းကို ေႏွးေကြးခဲ့တယ္။ ဒီပြဲမွာ ေတာင္ပံေတြ ဆီကို ေဘာလံုး မေရာက္နုိင္ဘူး။ ေတာင္ပံတိုက္စစ္သမားေတြက ေဘာလံုးပြဲေတြ ျပန္စတည္းက ေကာင္းမြန္ခဲ့တယ္။ ဒါေပမယ့္ ဒီပြဲမွာေတာ့ သူတို႔ကိုလည္း ဆြဲ မေခၚနုိင္ခဲ့ဘူး။ ” လို႔ လမ္းပတ္က ဆိုခဲ့ပါတယ္။

ေပးလိုက္ရတဲ့ ဂိုးေတြနဲ႕ လုပ္ခဲ့တဲ့ အမွားေတြ အေပၚလည္း လမ္းပတ္က အမ်က္ ထြက္ေနျပီး ပြဲကို အေသးစိတ္ ျပန္သံုးသပ္ ေလ့လာကာ ေရွ႕ဆက္ရမွာ ျဖစ္ေၾကာင္းလည္း ထုတ္ေဖာ္ ေျပာဆိုခဲ့ပါတယ္။ ဒီေန႔ အေနနဲ႕ ထိပ္သီး ေလးေနရာကို ေတြး စိတ္ပူ မေနေသးဘဲ ဒီပြဲ ကစားခဲ့ပံု အေပၚ စိတ္ပူတာနဲ႕ သင္ခန္းစာ ယူဖို႔ပဲ ေခါင္းထဲမွာ ရွိတယ္လို႕ လမ္းပတ္က ဆိုခဲ့ပါတယ္။