ပင်နယ်တီရဖို့ တမင်လုပ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေကို ဖာနန်ဒက်စ် အေးအေးဆေးဆေး တုန့်ပြန်

UNICODE – ယူနိုက်တက် ကွင်းလယ်လူ ဖာနန်ဒက်စ်က အက်စတွန်ဗီလာနဲ့ပွဲမှာ ရခဲ့တဲ့ ပင်နယ်တီနဲ့ ပက်သက်ပြီး တုန့်ပြန်ပြောဆိုမှု လုပ်ခဲ့ပါတယ်။

အဆိုပါဖြစ်ရပ်ကို မမှန်ကန်တဲ့ ပင်နယ်တီလို့ ဒေါသတကြီး တုန့်ပြန်နေမှုတွေ ရှိသလို ဖာနန်ဒက်စ်က ပြိုင်ဘက် ကစားသမားကို ထိတွေ့မှုဖြစ်အောင် တမင်လုပ်ခဲ့တယ်ဆိုတဲ့ ယိုးစွပ်မှုတွေလည်း ရှိနေပါတယ်။ ကွင်းလယ်လူကတော့ ဒီကိစ္စအပေါ် အေးအေးဆေးဆေးပဲ တုန့်ပြန်သွားပါတယ်။

ဖာနန်ဒက်စ်က “ အဲ့တာ ပင်နယ်တီ ပေးခံခဲ့ရတယ်။ ဒိုင်လူကြီးက ပင်နယ်တီပါလို့ ပြောခဲ့တယ်။ ထိတွေ့မှုဖြစ်ဖို့ ကျနော်ဘက်က ဆွပြီး ကစားခဲ့တာ မဟုတ်ပါဘူး။ ကျနော် ဘောလုံး ပြန်ရအောင်ပဲ ကြိုးစားခဲ့တာဖြစ်ပြီး ဘောလုံးထိချက် လုပ်ခဲ့ရုံတင်ပါ။

ဗီလာကစားသမားက ဘောလုံးကို ရယူဖို့ ကြိုးစားခဲ့တယ်။ သူ့ခြေထောက်က ကျနေ်ာကို လာထိုးခဲ့တယ် ဒါပေမယ့် ကျနော်က လှည့်ထွက်ဖို့ ခြေထောက်ကို လှည့်ခဲ့တာပါ။ သူ့က ကျနော်ကို ခြေထိုးခဲ့ပြီး ကျနော်ကလည်း သူ့အပေါ် နင်းချမိခဲ့တယ်။ အဲ့တာက ပုံမှန် ထိတွေ့မှုဖြစ်ပြီး ကွင်းလယ်ဒိုင်ကလည်း ပင်နယ်တီအဖြစ် ဆုံးဖြတ်ခဲ့ပါတယ်။

ဂိုးသွင်းယူခဲ့ပြီး ပွဲကို ဖွင့်ပေးနိုင်ခဲ့တာအတွက် ပျော်ပါတယ်။ ဒါပေမယ့် လူတိုင်းမှာတော့ သူတို့ရဲ့ ခြားနားတဲ့ အမြင်တွေ ရှိနိုင်တာပဲလေ ” လို့ တုန့်ပြန်သွားတာ ဖြစ်ပါတယ်။

ဖာနန်ဒက်စ်ဟာ ပေါ့ဘာအတွက်လည်း ဂိုးထောက်ပံ့မှု လုပ်ပေးနိုင်ခဲ့သေးတာကြောင့် ဘောလုံးပွဲတွေ ပြန်စတင်ကတည်းက ကိုယ်တိုင် ၅ ဂိုးသွင်းပြီး ဂိုးထောက်ပံ့မှု ၃ ကြိမ် လုပ်ပေးထားပြီ ဖြစ်ပါတယ်။

ZAWGYI – ယူႏုိက္တက္ ကြင္းလယ္လူ ဖာနန္ဒက္စ္က အက္စတြန္ဗီလာနဲ႔ပြဲမွာ ရခဲ့တဲ့ ပင္နယ္တီနဲ႔ ပက္သက္ျပီး တုန္႔ျပန္ေျပာဆိုမႈ လုပ္ခဲ့ပါတယ္။

အဆိုပါျဖစ္ရပ္ကို မမွန္ကန္တဲ့ ပင္နယ္တီလို႔ ေဒါသတၾကီး တုန္႔ျပန္ေနမႈေတြ ရွိသလို ဖာနန္ဒက္စ္က ျပိဳင္ဘက္ ကစားသမားကို ထိေတြ႔မႈျဖစ္ေအာင္ တမင္လုပ္ခဲ့တယ္ဆိုတဲ့ ယိုးစြပ္မႈေတြလည္း ရွိေနပါတယ္။ ကြင္းလယ္လူကေတာ့ ဒီကိစၥအေပၚ ေအးေအးေဆးေဆးပဲ တုန္႔ျပန္သြားပါတယ္။

ဖာနန္ဒက္စ္က “ အဲ့တာ ပင္နယ္တီ ေပးခံခဲ့ရတယ္။ ဒိုင္လူၾကီးက ပင္နယ္တီပါလို႔ ေျပာခဲ့တယ္။ ထိေတြ႔မႈျဖစ္ဖို႔ က်ေနာ္ဘက္က ဆြျပီး ကစားခဲ့တာ မဟုတ္ပါဘူး။ က်ေနာ္ ေဘာလံုး ျပန္ရေအာင္ပဲ ၾကိဳးစားခဲ့တာျဖစ္ျပီး ေဘာလံုးထိခ်က္ လုပ္ခဲ့ရံုတင္ပါ။

ဗီလာကစားသမားက ေဘာလံုးကို ရယူဖို႔ ၾကိဳးစားခဲ့တယ္။ သူ႔ေျခေထာက္က က်ေန္ာကို လာထိုးခဲ့တယ္ ဒါေပမယ့္ က်ေနာ္က လွည့္ထြက္ဖို႔ ေျခေထာက္ကို လွည့္ခဲ့တာပါ။ သူ႔က က်ေနာ္ကို ေျခထိုးခဲ့ျပီး က်ေနာ္ကလည္း သူ႔အေပၚ နင္းခ်မိခဲ့တယ္။ အဲ့တာက ပံုမွန္ ထိေတြ႔မႈျဖစ္ျပီး ကြင္းလယ္ဒိုင္ကလည္း ပင္နယ္တီအျဖစ္ ဆံုးျဖတ္ခဲ့ပါတယ္။

ဂိုးသြင္းယူခဲ့ျပီး ပြဲကို ဖြင့္ေပးႏုိင္ခဲ့တာအတြက္ ေပ်ာ္ပါတယ္။ ဒါေပမယ့္ လူတိုင္းမွာေတာ့ သူတို႔ရဲ႕ ျခားနားတဲ့ အျမင္ေတြ ရွိႏုိင္တာပဲေလ ” လို႔ တုန္႔ျပန္သြားတာ ျဖစ္ပါတယ္။

ဖာနန္ဒက္စ္ဟာ ေပါ့ဘာအတြက္လည္း ဂိုးေထာက္ပံ့မႈ လုပ္ေပးႏုိင္ခဲ့ေသးတာေၾကာင့္ ေဘာလံုးပြဲေတြ ျပန္စတင္ကတည္းက ကိုယ္တုိင္ ၅ ဂိုးသြင္းျပီး ဂိုးေထာက္ပံ့မႈ ၃ ၾကိမ္ လုပ္ေပးထားျပီ ျဖစ္ပါတယ္။