UNICODE – ယူနိုက်တက်ရဲ့ အတွင်းသတင်းတွေကို သတင်းပေးသူတစ်ဦးက မန်နေဂျာဟောင်း ဆာအဲလက်စ်က လက်ရှိ မန်နေဂျာ ဆိုးရှားရဲ့ ကလပ်ကို ကိုင်တွယ်မှုကို အတော်လေး သဘောကျနေတယ်လို့ Mirror ကို ထုတ်ပြောသွားပါတယ်။
ယူနိုက်တက်ရဲ့ ပုံစံကောင်းတွေ ပြလာမှုကို သဘောကျနေတဲ့ ဆာအဲလက်စ်က သူ့တပည့်ဟောင်း ဆိုးရှားနဲ့လည်း စကားပြောမှုတွေကို ဒီအပတ်တွေအတွင်း နှစ်ကြိမ်လောက် လုပ်ထားတယ်။ ယူနိုက်တက် အစဉ်အလာအတိုင်း နိုင်ပွဲတွေ ဆာလောင်နေတဲ့ လူငယ်တွေကို ဆက်လက်ပြီး ယုံကြည်ပေးဖို့ ဆိုးရှားကို အကြံပြုထားတယ်လို့ သိရပါတယ်။
ယူနိုက်တက် သတင်းပေးက ပြောရာမှာ “ ဆာအဲလက်စ်က ယူနိုက်တက်ကို ဆိုးရှားရဲ့ ကိုင်တွယ်ပုံကို အတေ်ာလေး သဘောကျနေပါတယ်။ အရင် သီတင်းပတ်တွေအတွင်း နှစ်ကြိမ်လောက် ဆိုးရှားနဲ့ ဆာအဲလက်စ်တို့ စကားပြောမှုတွေ လုပ်ထားတယ်လို့လည်း ကျနော် သိရပါတယ်။
ဆာအဲလက်စ်က တော်မီနေးနဲ့ ဂရင်းဝုဒ်တို့လို လူငယ်တွေကို ဆိုးရှားရဲ့ နေရာပေးမှုကို အတော်လေး သဘောတွေ့နေတယ်။ ယူနိုက်တက်ကို ကာလရှည် ကိုင်တွယ်ဖူးတဲ့ မန်နေဂျာဟောင်းကြီးက ဒီအလုပ်က မလွယ်ဘူးဆိုတာ သိသလို ကိစ္စတိုင်းကလည်း အဆင်ပြေပြေနဲ့ ပြီးမြောက်ဖို့လည်း ခက်ခဲတယ်ဆိုတာကိုလည်း သူက နားလည်တယ်။
ဒါကြောင့်လည်း ဆိုးရှားရဲ့ တိုးတက်မှုကို သူ နှစ်သက်နေရခြင်း ဖြစ်ပါတယ်။ ဆာအဲလက်စ်က ဆိုးရှားက ကလပ်အသင်း လိုအပ်တဲ့ ကိစ္စတွေကို ဆုံးဖြတ်ပေးဖို့ လုပ်ရဲတယ်ဆိုတာကို နားလည်သလို ခက်ခဲတဲ့ အခြေအနေတွေကိုလည်း ရဲရဲရင့်ရင့် ဆုံးဖြတ်ပေးနိုင်စွမ်း ရှိတယ်လို့ ယုံကြည်ထားပါတယ် ” ဆိုပြီး ပြောခဲ့တာဖြစ်ပါတယ်။
ဆိုးရှားလက်အောက် အတိုးတက်ဆုံး ကစားသမားတွေထဲမှာတော့ တော်မီနေးနဲ့ ဂရင်းဝုဒ်လည်း ပါဝင်နေတာဖြစ်တယ်။ အထူးသဖြင့် ဂရင်းဝုဒ်ဟာ ယူနိုက်တက်သမိုင်းမှာ အထူးချွန်ဆုံး အကယ်ဒမီထွက်တွေထဲက တစ်ဦး ဖြစ်လာဖို့ထိ အလားအလာကောင်းနေတယ်လို့ ဆာအဲလက်စ်က မြင်နေတယ်လို့ သိရပါတယ်။
ZAWGYI – ယူႏုိက္တက္ရဲ႕ အတြင္းသတင္းေတြကို သတင္းေပးသူတစ္ဦးက မန္ေနဂ်ာေဟာင္း ဆာအဲလက္စ္က လက္ရွိ မန္ေနဂ်ာ ဆိုးရွားရဲ႕ ကလပ္ကို ကိုင္တြယ္မႈကို အေတာ္ေလး သေဘာက်ေနတယ္လို႔ Mirror ကို ထုတ္ေျပာသြားပါတယ္။
ယူႏုိက္တက္ရဲ႕ ပံုစံေကာင္းေတြ ျပလာမႈကို သေဘာက်ေနတဲ့ ဆာအဲလက္စ္က သူ႔တပည့္ေဟာင္း ဆိုးရွားနဲ႔လည္း စကားေျပာမႈေတြကို ဒီအပတ္ေတြအတြင္း ႏွစ္ၾကိမ္ေလာက္ လုပ္ထားတယ္။ ယူႏုိက္တက္ အစဥ္အလာအတိုင္း ႏုိင္ပြဲေတြ ဆာေလာင္ေနတဲ့ လူငယ္ေတြကို ဆက္လက္ျပီး ယံုၾကည္ေပးဖို႔ ဆိုးရွားကို အၾကံျပဳထားတယ္လို႔ သိရပါတယ္။
ယူႏုိက္တက္ သတင္းေပးက ေျပာရာမွာ “ ဆာအဲလက္စ္က ယူႏုိက္တက္ကို ဆိုးရွားရဲ႕ ကိုင္တြယ္ပံုကို အေတ္ာေလး သေဘာက်ေနပါတယ္။ အရင္ သီတင္းပတ္ေတြအတြင္း ႏွစ္ၾကိမ္ေလာက္ ဆိုးရွားနဲ႔ ဆာအဲလက္စ္တို႔ စကားေျပာမႈေတြ လုပ္ထားတယ္လို႔လည္း က်ေနာ္ သိရပါတယ္။
ဆာအဲလက္စ္က ေတာ္မီေနးနဲ႔ ဂရင္းဝုဒ္တို႔လို လူငယ္ေတြကို ဆိုးရွားရဲ႕ ေနရာေပးမႈကို အေတာ္ေလး သေဘာေတြ႔ေနတယ္။ ယူႏုိက္တက္ကို ကာလရွည္ ကိုင္တြယ္ဖူးတဲ့ မန္ေနဂ်ာေဟာင္းၾကီးက ဒီအလုပ္က မလြယ္ဘူးဆိုတာ သိသလို ကိစၥတိုင္းကလည္း အဆင္ေျပေျပနဲ႔ ျပီးေျမာက္ဖို႔လည္း ခက္ခဲတယ္ဆိုတာကိုလည္း သူက နားလည္တယ္။
ဒါေၾကာင့္လည္း ဆိုးရွားရဲ႕ တိုးတက္မႈကို သူ ႏွစ္သက္ေနရျခင္း ျဖစ္ပါတယ္။ ဆာအဲလက္စ္က ဆိုးရွားက ကလပ္အသင္း လိုအပ္တဲ့ ကိစၥေတြကို ဆံုးျဖတ္ေပးဖို႔ လုပ္ရဲတယ္ဆိုတာကို နားလည္သလို ခက္ခဲတဲ့ အေျခအေနေတြကိုလည္း ရဲရဲရင့္ရင့္ ဆံုးျဖတ္ေပးႏုိင္စြမ္း ရွိတယ္လို႔ ယံုၾကည္ထားပါတယ္ ” ဆိုျပီး ေျပာခဲ့တာျဖစ္ပါတယ္။
ဆိုးရွားလက္ေအာက္ အတိုးတက္ဆံုး ကစားသမားေတြထဲမွာေတာ့ ေတာ္မီေနးနဲ႔ ဂရင္းဝုဒ္လည္း ပါဝင္ေနတာျဖစ္တယ္။ အထူးသျဖင့္ ဂရင္းဝုဒ္ဟာ ယူႏုိက္တက္သမုိင္းမွာ အထူးခၽြန္ဆံုး အကယ္ဒမီထြက္ေတြထဲက တစ္ဦး ျဖစ္လာဖို႔ထိ အလားအလာေကာင္းေနတယ္လို႔ ဆာအဲလက္စ္က ျမင္ေနတယ္လို႔ သိရပါတယ္။