မန်ချက်စတာ ယူနိုက်တက် နည်းပြ ဆိုးရှားက မေဆန်ဂရင်းဝုဒ်ရဲ့ ပုံစံကောင်းတွေကြောင့် အသင်းရဲ့ အပြောင်းအရွှေ့ အစီအစဉ်တွေကို နည်းနည်း ပြောင်းလဲရဖို့ ရှိလာပြီ ဖြစ်ကြောင်း ဝန်ခံ ပြောဆိုလာခဲ့ပါတယ်။ ယူနိုက်တက် လူငယ်တိုက်စစ်မှူးလေးဟာ ဘောလုံးပွဲတွေ ပြန်စတည်းက ခြေစွမ်းပြနေပြီး နောက်ဆုံး သုံးပွဲမှာ လေးဂိုးထိ သွင်းယူထားပါတယ်။
ယူနိုက်တက်ဟာ လာမယ့် နွေ အတွက် ကစားသမားဝယ်ယူမှုတွေ အကြမ်းစား ပြုလုပ်ဖို့ အစီအစဉ် ရှိထားပြီး ကိုရိုနာကပ်ဘေး ကြောင့် အနည်းငယ် တုန့်ဆိုင်းမှု ရှိလာတဲ့အပြင် ဂရင်းဝုဒ် ခြေစွမ်းပြနေတာကြောင့် လူငယ် ကြယ်ပွင့်လေး တက်လမ်းကို အဟန့်တား ဖြစ်နိုင်မယ့် ခေါ်ယူမှုမျိုးတွေ ပို စိစစ်သွားဖို့ ပြင်ဆင်နေပါတယ်။
ယူနိုက်တက်ရဲ့ ကစားသမားတွေ ခြေစွမ်းကောင်းနေတဲ့ အပြင် ငယ်ရွယ်တဲ့ အသင်းသားတွေကြောင့် ဆိုးရှားကတော့ ယူနိုက်တက်ဟာ အလောတကြီး ငွေတိုက်ဖွင့် ချက်လက်မှတ် ကောက်ရေးစရာ မလိုသေးဘူးလို့ ယူဆထားပါတယ်။
” ကျနော်တို့ ကစားသမား ခြောက်ယောက်လောက် အဝင်ရှိမယ်လို့တော့ ခင်ဗျားတော့ မမျှော်လင့်ကြလောက်ပါဘူးနော်။ ကျနော်လည်း အဲဒီလောက် မဖြစ်နိုင်ဘူးလို့ ကောင်းကောင်း သိတယ်။ ကျနေ်ာတို့ အင်အားဖြည့်ချင်တာနဲ့ ရတဲ့ ကစားသမား ဆွဲခေါ်ဖို့ မလိုပါဘူး။
မေဆန်ဂရင်းဝုဒ် က ကျနော် အားထားရတဲ့ ကစားသမား ဖြစ်လာနေပြီ။ သူက အသက် ၁၇ ပဲ ရှိသေးတယ်။ သူ ထိပ်တန်း ကစားသမား တစ်ယောက် ဖြစ်လာဖို့ ဒီအသင်းမှာ အခွင့်အရေး ပေးချင်တယ်။ အဲဒီလိုပဲ မားကပ် ရက်ဖို့ဒ်ဆိုလည်း အသက် ၂၁၊ ဒါလော့ ဆို ၂၀ ပဲ ရှိသေးတယ်။
ဒီ ကစားသမားတွေဟာ ကစားခွင့်တွေရလာမယ်။ တဘက်မှာလည်း အသင်း အစီအစဉ်တွေ အပေါ်နဲ့ သူတို့ ကစားသမားဘ၀ အပေါ် သက်ရောက်မှုတွေ ရှိလာမယ်။ ” လို့ ဆိုးရှားက ပြောဆိုလာပါတယ်။
ဂရင်းဝုဒ်ဟာ မနှစ်ကပဲ ယူနိုက်တက်နဲ့ အတူ လေးနှစ် သက်တမ်းတိုး စာချုပ် ချုပ်ဆိုထားသူ ဖြစ်ပြီး ၎င်းကို ဂျူဗင်တပ်က ငွေကြေး ပမာဏ မက်လောက်စရာနဲ့ ကမ်းလှမ်းလိုမှုတွေလည်း ရှိနေခဲ့ပါတယ်။ ဒါပေမယ့် ကစားသမားကတော့ ယူနိုက်တက်မှာပဲ ဆက်နေပြီး တက်လမ်း ရှာဖို့ ပို စိတ်အားထက်သန်နေပါတယ်။
Zawgyi – မန္ခ်က္စတာ ယူနုိက္တက္ နည္းျပ ဆိုးရွားက ေမဆန္ဂရင္း၀ုဒ္ရဲ႕ ပံုစံေကာငး္ေတြေၾကာင့္ အသငး္ရဲ႕ အေျပာင္းအေရႊ႕ အစီအစဥ္ေတြကို နည္းနည္း ေျပာင္းလဲရဖို႔ ရွိလာျပီ ျဖစ္ေၾကာင္း ၀န္ခံ ေျပာဆိုလာခဲ့ပါတယ္။ ယူနုိက္တက္ လူငယ္တိုက္စစ္မွဴးေလးဟာ ေဘာလံုးပြဲေတြ ျပန္စတည္းက ေျခစြမ္းျပေနျပီး ေနာက္ဆံုး သံုးပြဲမွာ ေလးဂိုးထိ သြင္းယူထားပါတယ္။
ယူနိုက္တက္ဟာ လာမယ့္ ေႏြ အတြက္ ကစားသမား၀ယ္ယူမႈေတြ အၾကမ္းစား ျပဳလုပ္ဖို႕ အစီအစဥ္ ရွိထားျပီး ကိုရိုနာကပ္ေဘး ေၾကာင့္ အနည္းငယ္ တုန္႔ဆိုင္းမႈ ရွိလာတဲ့အျပင္ ဂရင္း၀ုဒ္ ေျခစြမ္းျပေနတာေၾကာင့္ လူငယ္ ၾကယ္ပြင့္ေလး တက္လမ္းကို အဟန္႔တား ျဖစ္နုိင္မယ့္ ေခၚယူမႈမ်ိဳးေတြ ပို စိစစ္သြားဖို႔ ျပင္ဆင္ေနပါတယ္။
ယူနုိက္တက္ရဲ႕ ကစားသမားေတြ ေျခစြမ္းေကာငး္ေနတဲ့ အျပင္ ငယ္ရြယ္တဲ့ အသင္းသားေတြေၾကာင့္ ဆိုးရွားကေတာ့ ယူနုိက္တက္ဟာ အေလာတၾကီး ေငြတိုက္ဖြင့္ ခ်က္လက္မွတ္ ေကာက္ေရးစရာ မလိုေသးဘူးလို႔ ယူဆထားပါတယ္။
” က်ေနာ္တို႔ ကစားသမား ေျခာက္ေယာက္ေလာက္ အ၀င္ရွိမယ္လို႔ေတာ့ ခင္ဗ်ားေတာ့ မေမွ်ာ္လင့္ၾကေလာက္ပါဘူးေနာ္။ က်ေနာ္လည္း အဲဒီေလာက္ မျဖစ္နုိင္ဘူးလို႔ ေကာင္းေကာင္း သိတယ္။ က်ေန္ာတို႔ အင္အားျဖည့္ခ်င္တာနဲ႕ ရတဲ့ ကစားသမား ဆြဲေခၚဖို႔ မလိုပါဘူး။
ေမဆန္ဂရင္း၀ုဒ္ က က်ေနာ္ အားထားရတဲ့ ကစားသမား ျဖစ္လာေနျပီ။ သူက အသက္ ၁၇ ပဲ ရွိေသးတယ္။ သူ ထိပ္တန္း ကစားသမား တစ္ေယာက္ ျဖစ္လာဖို႔ ဒီအသင္းမွာ အခြင့္အေရး ေပးခ်င္တယ္။ အဲဒီလိုပဲ မားကပ္ ရက္ဖို႔ဒ္ဆိုလည္း အသက္ ၂၁၊ ဒါေလာ့ ဆို ၂၀ ပဲ ရွိေသးတယ္။
ဒီ ကစားသမားေတြဟာ ကစားခြင့္ေတြရလာမယ္။ တဘက္မွာလည္း အသင္း အစီအစဥ္ေတြ အေပၚနဲ႕ သူတို႔ ကစားသမားဘ၀ အေပၚ သက္ေရာက္မႈေတြ ရွိလာမယ္။ ” လို႔ ဆိုးရွားက ေျပာဆိုလာပါတယ္။
ဂရင္း၀ုဒ္ဟာ မနွစ္ကပဲ ယူနုိက္တက္နဲ႕ အတူ ေလးနွစ္ သက္တမ္းတိုး စာခ်ဳပ္ ခ်ဳပ္ဆိုထားသူ ျဖစ္ျပီး ၄င္းကို ဂ်ဴဗင္တပ္က ေငြေၾကး ပမာဏ မက္ေလာက္စရာနဲ႕ ကမ္းလွမ္းလိုမႈေတြလည္း ရွိေနခဲ့ပါတယ္။ ဒါေပမယ့္ ကစားသမားကေတာ့ ယူနုိက္တက္မွာပဲ ဆက္ေနျပီး တက္လမ္း ရွာဖို႔ ပို စိတ္အားထက္သန္ေနပါတယ္။