ယနေ့ နောက်ဆုံးရ ယူနိုက်တက် ညနေခင်းသတင်းများ (12/07/20)

သွင်းဂိုးတွေ လတ်တလောမှာ နည်းပါးနေတဲ့ အပေါ် ဝေဖန်ခံနေရတဲ့ အသင်းဖော် တိုက်စစ်မှူး မားကပ် ရက်ဖို့ဒ်ဘက်က ဖာနန်ဒက်စ် ကာကွယ် ပြောဆိုသွားခဲ့ပြီး ဖာနန်ဒက်စ်ဟာ အသင်းကို အကောင်းဆုံး ခြေစွမ်းနဲ့ ကူညီပေးနေပြီး မကြာခင် သွင်းဂိုးတွေ ပိုမြင်လာရမယ်လို့ ပြောဆိုခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက် ကွင်းလယ် ပေါ့ဘာဟာ အသင်း ထရိန်နင်မှာ ခံစစ်မှူး လင်ဒီလော့ဖ်နဲ့ ဝင်တိုက်မိတာကြောင့် မျက်နှာမှာ ခြစ်ရာတချို့နဲ့ မျက်လုံးထဲ သွေးခြေဥသွားပုံကို အင်စတာဂရမ်မှာ တင်ကာ အသိပေးခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက် နည်းပြ ဆိုးရှားက မေဆန်ဂရင်းဝုဒ်ရဲ့ ပုံစံကောင်းတွေကြောင့် အသင်းရဲ့ အပြောင်းအရွှေ့ အစီအစဉ်တွေကို နည်းနည်း ပြောင်းလဲရဖို့ ရှိလာပြီ ဖြစ်ကြောင်း ဝန်ခံ ပြောဆိုလာခဲ့ပါတယ်။

ယူနိုက်တက်ရဲ့ ပုံစံကောင်းတွေ ပြလာမှုကို သဘောကျနေတဲ့ ဆာအဲလက်စ်က သူ့တပည့်ဟောင်း ဆိုးရှားနဲ့လည်း စကားပြောမှုတွေကို ဒီအပတ်တွေအတွင်း နှစ်ကြိမ်လောက် လုပ်ထားကာ နိုင်ပွဲတွေ ဆာလောင်နေတဲ့ လူငယ်တွေကို ဆက်လက်ပြီး ယုံကြည်ပေးဖို့ ဆိုးရှားကို အကြံပြုထားတယ်လို့ သိရပါတယ်။

ယူနိုက်တက် ကွင်းလယ်လူ ဖာနန်ဒက်စ်က အက်စတွန်ဗီလာနဲ့ပွဲမှာ ရခဲ့တဲ့ ပင်နယ်တီနဲ့ ပက်သက်ပြီး လူတိုင်းမှာတော့ သူတို့ရဲ့ ခြားနားတဲ့ အမြင်တွေ ရှိနိုင်တာပဲ လို့ တုန့်ပြန်ခဲ့ပါတယ်။ ထိတွေ့မှုဖြစ်ဖို့ ဆွပြီး ကစားခဲ့တာ မဟုတ်ဘဲ ဘောလုံး ပြန်ရအောင်ပဲ ကြိုးစားခဲ့တာလို့ ဖာနန်ဒက်စ်က ဆိုပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ အင်တာမီလန် ခံစစ်မှူး မီလန် စကရီနီရာ အတွက် ပေါင် ၅၈ သန်းနဲ့ ကမ်းလှမ်းမှု ပြုလုပ်ထားကြောင်း အီတလီ သတင်းဌာနတွေမှာ ဖော်ပြနေပါတယ်။ ဆလိုဗက်ကီးယန်းသားကို မန်စီးတီး၊ ရီးရဲလ်မက်ဒရစ်နဲ့ ဘိုင်ယန်မြူးနစ်တို့ကလည်း စောင့်ကြည့်မှုတွေ ရှိနေပါတယ်။

Zawgyi – သြင္းဂိုးေတြ လတ္တေလာမွာ နည္းပါးေနတဲ့ အေပၚ ေ၀ဖန္ခံေနရတဲ့ အသင္းေဖာ္ တိုက္စစ္မွဴး မားကပ္ ရက္ဖို႔ဒ္ဘက္က ဖာနန္ဒက္စ္ ကာကြယ္ ေျပာဆိုသြားခဲ့ျပီး ဖာနန္ဒက္စ္ဟာ အသင္းကုိ အေကာင္းဆံုး ေျခစြမ္းနဲ႕ ကူညီေပးေနျပီး မၾကာခင္ သြင္းဂိုးေတြ ပိုျမင္လာရမယ္လို႔ ေျပာဆိုခဲ့ပါတယ္။

မန္ခ်က္စတာ ယူနိုက္တက္ ကြင္းလယ္ ေပါ့ဘာဟာ အသင္း ထရိန္နင္မွာ ခံစစ္မွဴး လင္ဒီေလာ့ဖ္နဲ႕ ၀င္တိုက္မိတာေၾကာင့္ မ်က္နွာမွာ ျခစ္ရာတခ်ိဳ႕နဲ႕ မ်က္လံုးထဲ ေသြးေျခဥသြားပံုကို အင္စတာဂရမ္မွာ တင္ကာ အသိေပးခဲ့ပါတယ္။

မန္ခ်က္စတာ ယူနုိက္တက္ နည္းျပ ဆိုးရွားက ေမဆန္ဂရင္း၀ုဒ္ရဲ႕ ပံုစံေကာငး္ေတြေၾကာင့္ အသငး္ရဲ႕ အေျပာင္းအေရႊ႕ အစီအစဥ္ေတြကို နည္းနည္း ေျပာင္းလဲရဖို႔ ရွိလာျပီ ျဖစ္ေၾကာင္း ၀န္ခံ ေျပာဆိုလာခဲ့ပါတယ္။

ယူႏုိက္တက္ရဲ႕ ပံုစံေကာင္းေတြ ျပလာမႈကို သေဘာက်ေနတဲ့ ဆာအဲလက္စ္က သူ႔တပည့္ေဟာင္း ဆိုးရွားနဲ႔လည္း စကားေျပာမႈေတြကို ဒီအပတ္ေတြအတြင္း ႏွစ္ၾကိမ္ေလာက္ လုပ္ထားကာ ႏုိင္ပြဲေတြ ဆာေလာင္ေနတဲ့ လူငယ္ေတြကို ဆက္လက္ျပီး ယံုၾကည္ေပးဖို႔ ဆိုးရွားကို အၾကံျပဳထားတယ္လို႔ သိရပါတယ္။

ယူႏုိက္တက္ ကြင္းလယ္လူ ဖာနန္ဒက္စ္က အက္စတြန္ဗီလာနဲ႔ပြဲမွာ ရခဲ့တဲ့ ပင္နယ္တီနဲ႔ ပက္သက္ျပီး လူတိုင္းမွာေတာ့ သူတို႔ရဲ႕ ျခားနားတဲ့ အျမင္ေတြ ရွိႏုိင္တာပဲ လို႔ တုန္႔ျပန္ခဲ့ပါတယ္။ ထိေတြ႔မႈျဖစ္ဖို႔ ဆြျပီး ကစားခဲ့တာ မဟုတ္ဘဲ ေဘာလံုး ျပန္ရေအာင္ပဲ ၾကိဳးစားခဲ့တာလို႔ ဖာနန္ဒက္စ္က ဆိုပါတယ္။

မန္ခ်က္စတာယူနုိက္တက္ဟာ အင္တာမီလန္ ခံစစ္မွဴး မီလန္ စကရီနီရာ အတြက္ ေပါင္ ၅၈ သန္းနဲ႕ ကမ္းလွမ္းမႈ ျပဳလုပ္ထားေၾကာင္း အီတလီ သတင္းဌာနေတြမွာ ေဖာ္ျပေနပါတယ္။ ဆလိုဗက္ကီးယန္းသားကို မန္စီးတီး၊ ရီးရဲလ္မက္ဒရစ္နဲ႕ ဘိုင္ယန္ျမဴးနစ္တို႔ကလည္း ေစာင့္ၾကည့္မႈေတြ ရွိေနပါတယ္။