တိုင်လီမန်းစ် ခေါ်ပေးဖို့ တောင်းဆိုတဲ့ အာတီတာ၊ ဂျိမ်းစ်နေရာ အတွက် ချယ်ဆီးပစ်မှတ်၊ စည်းကမ်းဖောက်တဲ့ ဂနာချိုနဲ့ ညနေခင်း ဘောလုံးသတင်းများ

မီခေးလ် အာတီတာကတော့ အာဆင်နယ်အတွက် လက်စတာ ကွင်းလယ်သမား တိုင်လီမန်းစ်ကို လာမယ့် ဇန်နဝါရီမှာ ခေါ်ယူပေးဖို့ အသင်း တာဝန်ရှိသူတွေထံ တောင်းဆိုထားတယ်လို့ သိရပါတယ်။

မန်စီးတီး ကစားသမား ကယ်ဗင်ဖိလစ်ဟာ ပခုံးဒဏ်ရာ ကနေ ပြန်သက်သာလာခဲ့တာက အင်္ဂလန် အသင်းအတွက် သတင်းကောင်းတစ်ရပ် ဖြစ်လာခဲ့ပါတယ်။

ချယ်ဆီးအသင်းဟာ ဒဏ်ရာ ရနေတဲ့ ရိစ်ဂျိမ်းစ် နေရာ အစားထိုးဖို့ အရန် အဖြစ် ဝုဗ်ကြယ်ပွင့် ဆီမီဒို ကို ခေါ်ယူဖို့ မျက်စိကျနေပါတယ်။

မန်ချက်စတာ ယူနိုက်တက်ဟာ အစွန်ခံစစ်မှုး ဝမ်ဘစ်ဆာကာ ကို ၎င်းရဲ့ အသင်းဟောင်း ခရစ္စတယ်ပဲလေ့စ်ထံ အငှားလွှတ်ဖို့ စီစဉ်နေပါတယ်။

တော့တင်ဟမ် စပါးအသင်းဟာ ဇန်နဝါရီ အပြောင်းအရွှေ့ ကာလ စတင်ရင် အီမာဆန် ကို အင်တာမီလန် အစွန်ခံစစ်သမား ဒမ်ဖရိုင်းစ်နဲ့ အလဲအထပ် ပြုလုပ်ဖို့ ပြင်ဆင်ကြိုးစားနေပါတယ်။

ဆော်ဒီအသင်းပိုင်ရှင် ကို ပြန်ဆန္ဒပြဖို့ ပြင်ဆင်နေကြတဲ့ နယူူးကာဆယ် ပရိသတ်တွေဟာ ဆိုရှယ်မီဒီယာမှတဆင့် ဆော်ဒီအစိုးရနဲ့ ဆက်စပ်တယ် ယူဆရတဲ့ အကောင့်တုတွေကနေ ခြိမ်းခြောက်ခံထားရတယ်လို့ သိရပါတယ်။

ရာဟင်း စတားလင်းက သူ ချယ်ဆီးအသင်းထံ ပြောင်းရွှေ့ဖို့ ဆုံးဖြတ်လိုက်ချိန်မှာ တွဲဖက် ကစားချင်ဆုံး အသင်းဖော်က ကိုဗာဆစ် ဖြစ်တယ်လို့ ဖွင့်ဟလိုက်ပါတယ်။

အာဆင်နယ်အသင်းဟာ ဂူးမီးယက်စ် ကွင်းလယ် ခံစစ်သမား အီဘရာဟင်မ ဘမ်ဘာ ကို စောင့်ကြည့်နေပါတယ်။

ယူနိုက်တက်ရဲ့ တက်သစ်စကြယ်ပွင့် ဂနာချိုဟာ ရာသီကြိုတုန်းက နည်းပြတန်ဟက် သတ်မှတ်ထားတဲ့ စည်းကမ်းတွေကို ချိုးဖောက်ခဲ့လို့ ပွဲကစားခွင့်ကနေ ချန်လှပ်ခံထားခဲ့ရတာ ဖြစ်တယ် လို့ သိရပါတယ်။