ဒီဘရိုင်းကိုတောင် ကျော်လွန်သွားတဲ့ ဂရင်းဝုဒ်ရဲ့ တိုက်စစ်ပိုင်းအားသာချက်

UNICODE – ပရီးမီးယားလိဂ်ရဲ့ ခက်ခဲတဲ့ သွင်းဂိုးတွေကို သွင်းယူနိုင်မှုမှာ အမြင့်ဆုံးအဖြစ် ဂရင်းဝုဒ်က ထိပ်ဆုံးကို ရောက်သွားခဲ့ပြီဖြစ်ပါတယ်။

အဆိုပါ အချက်အလက်ကတော့ ဂိုးရနိုင်ဖို့ ၁၅% နဲ့ အဲ့ထက် နည်းတဲ့ အခွင့်အရေးတွေကို သွင်းဂိုးအဖြစ် ပြောင်းလဲနိုင်တဲ့ အားသာချက်လည်းဖြစ်တယ်။ ဒီရာသီအတွက် ခက်ခဲတဲ့ အခြေအနေကို သွင်းဂိုးအဖြစ် ပြောင်းလဲနိုင်မှုမှာ ထိပ်ဆုံးက ရပ်တည်နေတာက ဂရင်းဝုဒ်ဘဲ ဖြစ်ပါတယ်။

ဂရင်းဝုဒ်က ထိပ်ဆုံးမှာ ရပ်တည်တဲ့ အဆင့်တောင် မဟုတ်ဘဲ ပရီးမီးယားလိဂ်ရဲ့ ဘယ်တိုက်စစ်သမားထက်မဆို ပြတ်ပြတ်သားသား သာလွန်နေတယ်။ အသက် ၁၈ နှစ်အရွယ် တိုက်စစ်သမားဟာ ‘tough goals’ အနေအထားမှာ မိနစ် ၉၀ အတွင်း ဂိုးရယူနိုင်နှုန်းက ဝ.၇ ထိ ရှိပါတယ်။

၂၀၁၉-၂၀၂၀ ဘောလုံးရာသီမှာ မိနစ် ၁၁၀၀ ကစားပြပီး သွင်းဂိုး ၈ ဂိုး ရယူထားတဲ့ ဂရင်းဝုဒ်ရဲ့ ဂိုးရဖို့ ခက်ခဲတဲ့ အနေအထားကို ဂိုးရအောင် ယူပြမှုကို အနီးကပ်ဆုံး လိုက်မှီတဲ့ ကစားသမားဆိုလို့ မန်စီးတီးမှ ဒီဘရိုင်းနဲ့ မာရက်စ်တို့ပဲ ရှိတာဖြစ်တယ်။ သူတို့က မိနစ် ၉၀ မှာ သွင်းဂိုး ရယူနိုင်မှုက ဝ.၃၅ ပဲ ရှိပါတယ်။

ဒါကြောင့် ဂရင်းဝုင်းဝုဒ်ဟာ ဒီရာသီ သူ့ရဲ့ သွင်းဂိုးကို ပါရမီရှိတဲ့ ခြေစွမ်းတွေကြောင့် ရနေတာပါ။ ဒီစွမ်းဆောင်ရည်တွေကို ဆက်ထိန်းနိုင်မယ်ဆိုရင် ယူနိုက်တက် အကယ်ဒမီကနေ ထွက်ပေါ်လာတဲ့ အကောင်းဆုံး ကစားသမားအဖြစ်တောင် မှတ်တမ်းဝင်သွားနိုင်ဖို့ ရှိနေပါတယ်။

ZAWGYI – ပရီးမီးယားလိဂ္ရဲ႕ ခက္ခဲတဲ့ သြင္းဂိုးေတြကို သြင္းယူႏုိင္မႈမွာ အျမင့္ဆံုးအျဖစ္ ဂရင္းဝုဒ္က ထိပ္ဆံုးကို ေရာက္သြားခဲ့ျပီျဖစ္ပါတယ္။

အဆိုပါ အခ်က္အလက္ကေတာ့ ဂိုးရႏုိင္ဖို႔ ၁၅% နဲ႔ အဲ့ထက္ နည္းတဲ့ အခြင့္အေရးေတြကို သြင္းဂိုးအျဖစ္ ေျပာင္းလဲႏုိင္တဲ့ အားသာခ်က္လည္းျဖစ္တယ္။ ဒီရာသီအတြက္ ခက္ခဲတဲ့ အေျခအေနကို သြင္းဂိုးအျဖစ္ ေျပာင္းလဲႏုိင္မႈမွာ ထိပ္ဆံုးက ရပ္တည္ေနတာက ဂရင္းဝုဒ္ဘဲ ျဖစ္ပါတယ္။

ဂရင္းဝုဒ္က ထိပ္ဆံုးမွာ ရပ္တည္တဲ့ အဆင့္ေတာင္ မဟုတ္ဘဲ ပရီးမီးယားလိဂ္ရဲ႕ ဘယ္တိုက္စစ္သမားထက္မဆို ျပတ္ျပတ္သားသား သာလြန္ေနတယ္။ အသက္ ၁၈ ႏွစ္အရြယ္ တိုက္စစ္သမားဟာ ‘tough goals’ အေနအထားမွာ မိနစ္ ၉၀ အတြင္း ဂိုးရယူႏုိင္ႏႈန္းက ၀.၇ ထိ ရွိပါတယ္။

၂၀၁၉-၂၀၂၀ ေဘာလံုးရာသီမွာ မိနစ္ ၁၁၀၀ ကစားျပပီး သြင္းဂိုး ၈ ဂိုး ရယူထားတဲ့ ဂရင္းဝုဒ္ရဲ႕ ဂိုးရဖို႔ ခက္ခဲတဲ့ အေနအထားကို ဂိုးရေအာင္ ယူျပမႈကို အနီးကပ္ဆံုး လုိက္မွီတဲ့ ကစားသမားဆိုလို႔ မန္စီးတီးမွ ဒီဘရိုင္းနဲ႔ မာရက္စ္တို႔ပဲ ရွိတာျဖစ္တယ္။ သူတို႔က မိနစ္ ၉၀ မွာ သြင္းဂိုး ရယူႏုိင္မႈက ၀.၃၅ ပဲ ရွိပါတယ္။

ဒါေၾကာင့္ ဂရင္းဝုင္းဝုဒ္ဟာ ဒီရာသီ သူ႔ရဲ႕ သြင္းဂိုးကို ပါရမီရွိတဲ့ ေျခစြမ္းေတြေၾကာင့္ ရေနတာပါ။ ဒီစြမ္းေဆာင္ရည္ေတြကို ဆက္ထိန္းႏုိင္မယ္ဆိုရင္ ယူႏုိက္တက္ အကယ္ဒမီကေန ထြက္ေပၚလာတဲ့ အေကာင္းဆံုး ကစားသမားအျဖစ္ေတာင္ မွတ္တမ္းဝင္သြားႏုိင္ဖို႔ ရွိေနပါတယ္။