လမ်းပျောက်နေတဲ့ စတာလင်၊ စီးတီးနဲ့ ပွဲမှာ မြင်ရမယ့် လူငယ်တိုက်စစ်မှုး၊ ဖန်တွေ ငြိုငြင်ခံနေရတဲ့ ပေါ်တာနဲ့ နောက်ဆုံးရ ချယ်ဆီး သတင်းများ

ချယ်ဆီး လူငယ်တိုက်စစ်သမားလေး ဟက်ချင်ဆန် ဟာ ဘရိုက်တန်နဲ့ ပွဲ လူစာရင်းမှာ ပါဝင်ခဲ့ပေမယ့် ဝင် ကစားခွင့် မရခဲ့ပါဘူး။ စပါးနဲ့ ပွဲမှာလည်း မပါဝင်ခဲ့တာကြောင့် မနက်ဖြန် မန်စီးတီးနဲ့ လိဂ်ပွဲမှာ ဟက်ချင်ဆန် ပါဝင်လာနိုင်တယ် လို့ သတင်းထွက်နေပါတယ်။

ရာဟင်း စတာလင်ဟာ ကစားသမားကောင်း ဖြစ်ပေမယ့် ချယ်ဆီးမှာ လမ်းပျောက်နေပုံ ရပြီး အင်္ဂလန်သားရဲ့ အကောင်းဆုံး အရည်အချင်းတွေကို ဆွဲထုတ်နိုင်ဖို့က နည်းပြ ပေါ်တာ အပေါ်မှာ မူတည်ကြောင်း မီကာရစ်ချက်က သုံးသပ်ခဲ့ပါတယ်။

ကမ္ဘာ့ဖလား ပြိုင်ပွဲဝင်မယ့် ဘရာဇီးအသင်းရဲ့ ၂၆ ယောက် လူစာရင်းကို ကြေညာခဲ့ရာမှာ ချယ်ဆီးမှ အသက် ၃၈ နှစ် အရွယ် ဝါရင့်နောက်ခံ သီယေဂို ဆေးလ်ဗား ရွေးချယ်ခံခဲ့ရပါတယ်။

ချယ်ဆီး ဒါရိုက်တန် ဒေးဗစ်ဘန်းနတ် က ဖေဖော်ဝါရီမှာ မြင်ရမယ့် ချယ်ဆီးအသင်းဟာ လက်ရှိအသင်းနဲ့ လုံးဝ ခြားနားနေလိမ့်မယ် လို့ ပြောဆိုလိုက်တာကြောင့် ဆောင်းရာသီ အပြောင်းအရွှေ့ ကာလမှာ ကစားသမားသစ် ခေါ်ယူမှုတွေ တွေ့ရဖို့ ရှိနေပါတယ်။

ချန်ပီယံလိဂ် ၁၆ သင်း ရှုံးထွက် အဆင့် မဲခွဲရလဒ်တွေ မနေ့က ထွက်ပေါ်ခဲ့ရာ ချယ်ဆီးအသင်းက ဒေါ့မွန် အသင်းနဲ့ တွေ့ဆုံနေပါတယ်။

ချယ်ဆီး ပရိသတ်တွေက ဒီ မဲခွဲရလဒ်ကို ပရိသတ်တချို့က အကောင်းမြင်၊ မျှတမယ့် ပွဲလို့ မြင်ပေမယ့် အများစုကတော့ ဒေါ့မွန်ရဲ့ တိုက်စစ်ကို စိုးရိမ်နေကြပါတယ်။

အာဆင်နယ်နဲ့ ပွဲမှာ ချယ်ဆီးအသင်းသားတွေက အစွမ်းကုန် အားထုတ် ကစားခဲ့ကြတာပါ လို့ နည်းပြ ပေါ်တာက မှတ်ချက်ပြုခဲ့ပြီး ထိုစကား အပေါ် ချယ်ဆီးပရိသတ်တွေက သဘောမကျ ဖြစ်နေကြပါတယ်။