ချယ်ဆီးနဲ့ ရှေ့ဆက်ဖို့ မသေချာသေးပေမယ့် ဒေးဗစ်ဘက်ခမ်းရဲ့ အသင်းကို ဝီလီယံ ငြင်းပယ်

ချယ်ဆီးတောင်ပံတိုက်စစ်သမား ဝီလီယံဟာ စတန်းဖို့ဘရစ်ချ်မှာ နောက်ရာသီ ဆက်ရှိဖို့ မသေချာသေးပေမယ့် ဒေးဗစ်ဘက်ခမ်းရဲ့ မေဂျာလိဂ် ကလပ် အင်တာမီယာမီ အသင်းရဲ့ မက်မောဖွယ် လစာနဲ့ ကမ်းလှမ်းမှုကို ငြင်းဆန် ပယ်ချခဲ့တယ်လို့ တယ်လီဂရပ်ဖ် သတင်းဌာနက ဖော်ထုတ်ခဲ့ပါတယ်။

ဥရောပ ဘောလုံးလောကမှ ကြယ်ပွင့် ကစားသမားတွေကို ဆက်တိုက် ခေါ်ယူနေတဲ့ မီယာမီအသင်းဟာ ချယ်ဆီးရဲ့ ဝီလီယံကို ခေါ်ဖို့ မျက်စိကျနေပါတယ်။ ဝီလီယံကလည်း ချယ်ဆီးမှာ ဆက်နေဖို့ သက်တမ်းတိုး စာချုပ် အတွက် အခုထိ သဘောတူညီမှု မရရှိသေးဘဲ ရှိနေပါတယ်။

ဒါကြောင့် အသင်းပြောင်းဖို့ ကမ်းလှမ်းမှုတွေကို လက်ခံဆွေးနွေးနိုင်ပေမယ့် ဝီလီယံကတော့ အင်တာမီယာမီအသင်းရဲ့ ကမ်းလှမ်းမှုကို ခပ်ပြတ်ပြတ် ငြင်းခဲ့တာကြောင့် လန်ဒန်မှာပဲ ဆက် အခြေချသွားမလား သုံးသပ်မှုတွေ ရှိနေပါတယ်။

ဘရာဇီးသား တိုက်စစ်သမားကတော့ တချိန်မှာ အမေရိကဘက် ခြေဆန့်ပြီး သွားရောက် ကစားလိုကြောင်း ဝန်ခံဖူးပေမယ့် လောလောဆယ်မှာတော့ ဥရောပ ဘောလုံးလောကကို ကျောခိုင်းလိုဟန် မရှိပါဘူး။

ချယ်ဆီးနဲ့ ဝီလီယံ ကြားမှာလည်း သက်တမ်းတိုး စာချုပ်ကို ကလပ်အသင်းက နှစ်နှစ် ကမ်းလှမ်းပြီး ကစားသမားက သုံးနှစ်ထိ အလိုရှိနေတာ က လွဲလို့ နှစ်ဦး နှစ်ဖက်လုံးက ရှေ့ဆက် လက်တွဲလိုနေဆဲဖြစ်ပါတယ်။ ဝီလီယံကို မော်ရင်ညို ချယ်ဆီးနည်းပြ ဖြစ်စဉ်က ခေါ်ယူခဲ့တာ ဖြစ်ပြီး ပေါ်တူဂီသားဟာ လက်ရှိ စပါးနည်းပြ ဖြစ်နေကာ တပည့်ဟောင်းကို စောင့်ကြည့်မှုတွေလည်း ရှိနေပါတယ်။

ဝီလီယံဟာ လော့ဒ်ဒေါင်းကာလအပြီး ဘောလုံးပွဲတွေ ပြန်စတင်တည်းက အထူး ခြေစွမ်းပြ ကစားကာ ဂိုးတွေလည်း သွင်းနေတာကြောင့် ချယ်ဆီး အနေနဲ့လည်း လက်လွှတ်ဖို့ အခက်တွေ့နေပါတယ်။

Zawgyi – ခ်ယ္ဆီးေတာင္ပံတိုက္စစ္သမား ၀ီလီယံဟာ စတန္းဖို႔ဘရစ္ခ်္မွာ ေနာက္ရာသီ ဆက္ရွိဖို႔ မေသခ်ာေသးေပမယ့္ ေဒးဗစ္ဘက္ခမ္းရဲ႕ ေမဂ်ာလိဂ္ ကလပ္ အင္တာမီယာမီ အသင္းရဲ႕ မက္ေမာဖြယ္ လစာနဲ႕ ကမ္းလွမ္းမႈကို ျငင္းဆန္ ပယ္ခ်ခဲ့တယ္လို႔ တယ္လီဂရပ္ဖ္ သတင္းဌာနက ေဖာ္ထုတ္ခဲ့ပါတယ္။

ဥေရာပ ေဘာလံုးေလာကမွ ၾကယ္ပြင့္ ကစားသမားေတြကို ဆက္တိုက္ ေခၚယူေနတဲ့ မီယာမီအသင္းဟာ ခ်ယ္ဆီးရဲ႕ ၀ီလီယံကို ေခၚဖုိ႔ မ်က္စိက်ေနပါတယ္။ ၀ီလီယံကလည္း ခ်ယ္ဆီးမွာ ဆက္ေနဖို႔ သက္တမ္းတိုး စာခ်ဳပ္ အတြက္ အခုထိ သေဘာတူညီမႈ မရရွိေသးဘဲ ရွိေနပါတယ္။

ဒါေၾကာင့္ အသင္းေျပာင္းဖို႔ ကမ္းလွမ္းမႈေတြကို လက္ခံေဆြးေႏြးနုိင္ေပမယ့္ ၀ီလီယံကေတာ့ အင္တာမီယာမီအသင္းရဲ႕ ကမ္းလွမ္းမႈကို ခပ္ျပတ္ျပတ္ ျငင္းခဲ့တာေၾကာင့္ လန္ဒန္မွာပဲ ဆက္ အေျခခ်သြားမလား သံုးသပ္မႈေတြ ရွိေနပါတယ္။

ဘရာဇီးသား တိုက္စစ္သမားကေတာ့ တခ်ိန္မွာ အေမရိကဘက္ ေျခဆန္႔ျပီး သြားေရာက္ ကစားလိုေၾကာင္း ၀န္ခံဖူးေပမယ့္ ေလာေလာဆယ္မွာေတာ့ ဥေရာပ ေဘာလံုးေလာကကို ေက်ာခိုင္းလိုဟန္ မရွိပါဘူး။

ခ်ယ္ဆီးနဲ႕ ၀ီလီယံ ၾကားမွာလည္း သက္တမ္းတိုး စာခ်ဳပ္ကို ကလပ္အသင္းက နွစ္နွစ္ ကမ္းလွမ္းျပီး ကစားသမားက သံုးနွစ္ထိ အလိုရွိေနတာ က လြဲလို႔ နွစ္ဦး နွစ္ဖက္လံုးက ေရွ႕ဆက္ လက္တြဲလိုေနဆဲျဖစ္ပါတယ္။ ၀ီလီယံကို ေမာ္ရင္ညိဳ ခ်ယ္ဆီးနည္းျပ ျဖစ္စဥ္က ေခၚယူခဲ့တာ ျဖစ္ျပီး ေပၚတူဂီသားဟာ လက္ရွိ စပါးနည္းျပ ျဖစ္ေနကာ တပည့္ေဟာင္းကို ေစာင့္ၾကည့္မႈေတြလည္း ရွိေနပါတယ္။

၀ီလီယံဟာ ေလာ့ဒ္ေဒါင္းကာလအျပီး ေဘာလံုးပြဲေတြ ျပန္စတင္တည္းက အထူး ေျခစြမ္းျပ ကစားကာ ဂိုးေတြလည္း သြင္းေနတာေၾကာင့္ ခ်ယ္ဆီး အေနနဲ႕လည္း လက္လႊတ္ဖို႔ အခက္ေတြ႔ေနပါတယ္။