ယူနိုက်တက် ဂိုးသမား ဒီဂီယာနဲ့ ပတ်သတ်ပြီး စိတ်မကောင်း ဖြစ်မိတဲ့ တစ်ချက် ဆိုးရှား ဖွင့်ဟ

မန်ချက်စတာ ယူနိုက်တက် နည်းပြ ဆိုးရှားက ဝေဖန်မှုတွေ ခံယူနေရတဲ့ ဂိုးသမား ဒီဂီယာ လက်စွမ်းနဲ့ ပတ်သတ်ပြီး သံသယ စိုးစဉ်းမှ မရှိတဲ့ အပြင် စပိန်သား အနေနဲ့ ကလပ်အသင်းနဲ့ အတူ ဆုဖလားတွေ ဒိထက် အများကြီး ပိုရသင့်တာ ဖြစ်တဲ့ အတွက် စိတ်မကောင်း ဖြစ်မိကြောင်း ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။

၂၀၁၁ မှာ အက်သလက်တီကို မက်ဒရစ်ကနေ ယူနိုက်တက်ထံ ရောက်ရှိခဲ့တဲ့ ဒီဂီယာဟာ အသင်းနဲ့ အတူ ပရီးမီးယားလိဂ်ဖလားကို ၎င်းရဲ့ ဒုတိယ ရာသီမှာ စတင် ရရှိခဲ့ပါတယ်။

စပိန်သား ဂိုးသမားဟာ အခုဆို အိုးထရက်ဖို့ဒ် အခြေစိုက်အသင်းမှာ ဆယ်နှစ်ကြာ ရှိလာခဲ့ပြီ ဆိုရမှာပါ။ ယူနိုက်တက်နဲ့ အတူ ဆုဖလား မျိုးစုံ ရရှိဖူးပေမယ့် ဒီဂီယာက ဥရောပ အမြင့်ဆုံး အဆင့် ဖြစ်တဲ့ ချန်ပီယံလိဂ်ဖလားတော့ မရရှိသေးပါဘူး။

ပြီးခဲ့တဲ့ နှစ်ကပဲ နောက်ထပ် လေးနှစ်သက်တမ်းတိုး စာချုပ် ချုပ်ဆိုထားတဲ့ ဒီဂီယာ အတွက် ဆုဖလားတွေ ပိုမို ရရှိဖို့ ကလပ်အသင်းဘက်က ပို ကြိုးစားရမှာ ဖြစ်ကြောင်း ဆိုးရှားက ဆိုခဲ့ပါတယ်။

” သူ (ဒီဂီယာ) က ပရီးမီးယားလိဂ် ဖလားရပြီးပြီ။ အက်ဖ်အေဖလား၊ ယူရိုပါလိဂ်၊ လိဂ်ဖလားတွေ ရခဲ့ပြီးပြီ။ ဒါပေမယ့် သူ့ အတွက်ဆို ဒါတွေက သိပ် မလုံလောက်ဘူး ဖြစ်ကောင်း ဖြစ်နိုင်တယ်။ သူ့အနေနဲ့ ဒိထက် ပိုခမ်းနားတဲ့ ဆုဖလားတွေ မရရင် စိတ်ကျေနပ်မှု ရနိုင်မယ် မထင်ဘူး။ ယူနိုက်တက်နဲ့ အတူ ဆက်ရှိနေပြီး ဆုဖလားတွေထဲ တစ်ခု လိုအပ်နေသေးတယ်။ ဒါက သူ့ ကစားသမားဘဝမှာ ဟာကွက်ကြီးလို ဖြစ်နေလိမ့်မယ်။

ဟုတ်ကဲ့ သူ့မှာ တစ်ဦးချင်း ထူးချွန်ဆုတွေလည်း ရခဲ့တယ်။ ဒါပေမယ့် ဒေးဗစ်က တစ်ကိုယ်စာ ထူးချွန်ဆုတွေကို သိပ် ဂရုစိုက်တတ်သူလို့ ကျနော် မထင်ဘူး။ သူက အသင်းနဲ့ အတူ ဆုဖလားကြီးတွေပဲ ကိုင်မြှောက်ချင်တဲ့သူပါ။ ” လို့ ဆိုးရှားက ဆိုပါတယ်။

ပြီးခဲ့တဲ့ ၁၈ လ အတွက် လက်စွမ်း ကျဆင်းလာတယ် ဝေဖန်ခံနေရကာ အမှားကျူးလွန်မှုတွေ ရှိနေပေမယ့် ဆိုးရှားကတော့ ဒီဂီယာကို ဖယ်ထုတ်ထားဖို့ တစ်စက္ကန့်တောင် မတွေးမိဘူး လို့လည်း ဆိုခဲ့ပါတယ်။ ယူနိုက်တက် ဂိုးသမား တစ်ယောက် အနေနဲ့ စိတ်ဓာတ် ကြံ့ခိုင်မှု ရှိဖို့ လိုပြီး ဒီဂီယာက ဒီလို အရည်အချင်းတွေနဲ့ ပြည့်စုံသူပါလို့လည်း ဆိုးရှားက ထောက်ခံခဲ့ပါတယ်။

Zawgyi – မန္ခ်က္စတာ ယူနုိက္တက္ နည္းျပ ဆိုးရွားက ေ၀ဖန္မႈေတြ ခံယူေနရတဲ့ ဂိုးသမား ဒီဂီယာ လက္စြမ္းနဲ႕ ပတ္သတ္ျပီး သံသယ စိုးစဥ္းမွ မရွိတဲ့ အျပင္ စပိန္သား အေနနဲ႕ ကလပ္အသင္းနဲ႕ အတူ ဆုဖလားေတြ ဒိထက္ အမ်ားၾကီး ပိုရသင့္တာ ျဖစ္တဲ့ အတြက္ စိတ္မေကာင္း ျဖစ္မိေၾကာင္း ထုတ္ေဖာ္ ေျပာဆိုလိုက္ပါတယ္။

၂၀၁၁ မွာ အက္သလက္တီကို မက္ဒရစ္ကေန ယူနုိက္တက္ထံ ေရာက္ရွိခဲ့တဲ့ ဒီဂီယာဟာ အသင္းနဲ႕ အတူ ပရီးမီးယားလိဂ္ဖလားကို ၄င္းရဲ႕ ဒုတိယ ရာသီမွာ စတင္ ရရွိခဲ့ပါတယ္။ စပိန္သား ဂိုးသမားဟာ အခုဆို အိုးထရက္ဖို႔ဒ္ အေျခစိုက္အသင္းမွာ ဆယ္နွစ္ၾကာ ရွိလာခဲ့ျပီ ဆိုရမွာပါ။ ယူနိုက္တက္နဲ႕ အတူ ဆုဖလား မ်ိဳးစံု ရရွိဖူးေပမယ့္ ဒီဂီယာက ဥေရာပ အျမင့္ဆံုး အဆင့္ ျဖစ္တဲ့ ခ်န္ပီယံလိဂ္ဖလားေတာ့ မရရွိေသးပါဘူး။

ျပီးခဲ့တဲ့ နွစ္ကပဲ ေနာက္ထပ္ ေလးနွစ္သက္တမ္းတိုး စာခ်ဳပ္ ခ်ဳပ္ဆိုထားတဲ့ ဒီဂီယာ အတြက္ ဆုဖလားေတြ ပိုမို ရရွိဖို႔ ကလပ္အသင္းဘက္က ပို ၾကိဳးစားရမွာ ျဖစ္ေၾကာငး္ ဆိုးရွားက ဆိုခဲ့ပါတယ္။

” သူ (ဒီဂီယာ) က ပရီးမီးယားလိဂ္ ဖလားရျပီးျပီ။ အက္ဖ္ေအဖလား၊ ယူရိုပါလိဂ္၊ လိဂ္ဖလားေတြ ရခဲ့ျပီးျပီ။ ဒါေပမယ့္ သူ႕ အတြက္ဆို ဒါေတြက သိပ္ မလံုေလာက္ဘူး ျဖစ္ေကာင္း ျဖစ္နိုင္တယ္။ သူ႔အေနနဲ႕ ဒိထက္ ပိုခမ္းနားတဲ့ ဆုဖလားေတြ မရရင္ စိတ္ေက်နပ္မႈ ရနိုင္မယ္ မထင္ဘူး။ ယူနိုက္တက္နဲ႕ အတူ ဆက္ရွိေနျပီး ဆုဖလားေတြထဲ တစ္ခု လိုအပ္ေနေသးတယ္။ ဒါက သူ႔ ကစားသမားဘ၀မွာ ဟာကြက္ၾကီးလို ျဖစ္ေနလိမ့္မယ္။

ဟုတ္ကဲ့ သူ႔မွာ တစ္ဦးခ်င္း ထူးခၽြန္ဆုေတြလည္း ရခဲ့တယ္။ ဒါေပမယ့္ ေဒးဗစ္က တစ္ကိုယ္စာ ထူးခၽြန္ဆုေတြကို သိပ္ ဂရုစိုက္တတ္သူလို႔ က်ေနာ္ မထင္ဘူး။ သူက အသင္းနဲ႕ အတူ ဆုဖလားၾကီးေတြပဲ ကိုင္ေျမွာက္ခ်င္တဲ့သူပါ။ ” လို႔ ဆိုးရွားက ဆိုပါတယ္။

ျပီးခဲ့တဲ့ ၁၈ လ အတြက္ လက္စြမ္း က်ဆင္းလာတယ္ ေ၀ဖန္ခံေနရကာ အမွားက်ဴးလြန္မႈေတြ ရွိေနေပမယ့္ ဆိုးရွားကေတာ့ ဒီဂီယာကို ဖယ္ထုတ္ထားဖို႔ တစ္စကၠန္႔ေတာင္ မေတြးမိဘူး လို႔လည္း ဆိုခဲ့ပါတယ္။ ယူနုိက္တက္ ဂိုးသမား တစ္ေယာက္ အေနနဲ႕ စိတ္ဓာတ္ ၾကံ႕ခိုင္မႈ ရွိဖို႔ လိုျပီး ဒီဂီယာက ဒီလို အရည္အခ်င္းေတြနဲ႕ ျပည့္စံုသူပါလို႔လည္း ဆိုးရွားက ေထာက္ခံခဲ့ပါတယ္။