ရော်နယ်ဒို အပါအဝင် ကြယ်ပွင့် ကစားသမားတချို့ မပါဝင်ဘဲ လန်ဒန်သို့ ထွက်ခွာသွားတဲ့ မန်ချက်စတာ ယူနိုက်တက် လူစာရင်း

မန်ချက်စတာ ယူနိုက်တက်ဟာ ဒီနေ့ တနင်္ဂနွေနေ့မှာ ဖူလ်ဟမ်အသင်းကို အဝေးကွင်း သွားရောက် ရင်ဆိုင်ဖို့ ရှိနေပြီး ထိုပွဲ အတွက် နည်းပြတန်ဟက် ခေါ်သွားတဲ့ လူစာရင်းထဲမှာ ရော်နယ်ဒို အပါအဝင် ကြယ်ပွင့် ကစားသမား တချို့ မပါဝင်သွားပါဘူး။

ယူနိုက်တက် အသင်းသားတွေဟာ စနေနေ့ နေ့လည်ပိုင်းတည်းက လန်ဒန်သို့ ထွက်ခွာသွားတာ ဖြစ်ပြီး ထိုလူစာရင်းထဲမှာ ရော်နယ်ဒို၊ အန်တိုနီနဲ့ ဆန်ချို တို့ မပါဝင်ဘူးလို့ သိရပါတယ်။ ရော်နယ်ဒိုက အဖျား ရှိနေိလု့ ဖြစ်ပြီး အန်တိုနီက တင်ပါး ဒဏ်ရာ၊ ဆန်ချိုကလည်း အဖျားကြောင့် မကစားနိုင်တာ ၁ဝ ရက်လောက် ရှိနေခဲ့ပါပြီ။

ဒီ ၃ ယောက်လုံးဟာ ကြာသပတေးနေ့က အက်စတွန်ဗီလာကို ၄-၂ နဲ့ နိုင်တဲ့ ကာရာဘောင်းဖလား ပွဲမှာလည်း မပါဝင်ခဲ့ကြပါဘူး။

ထို ၃ယောက် အပြင် တန်ဟက်ရဲ့ ဦးစားပေး ညာစွန်သမား ဒီယေဂို ဒါလော့ကလည်း ပွဲပယ် ခံထားရပါတယ်။ ဒီရာသီ လေးမိနစ်သာ ကစားရသေးတဲ့ ဝမ်ဘစ်ဆာကာ ကလည်း ဒဏ်ရာကြောင့် ဒီပွဲ လွဲဦးမှာပါ။

ဒါကြောင့် ယူနိုက်တက် ညာစွန်နေရာ မှာ လင်ဒီလော့ဖ် ဝင် ကစားဖွယ်ရှိပြီး ဗဟိုခံစစ်မှာ မာတီနက်ဇ်နဲ့ အတူ မက်ဂွဲရား ကို တွဲဖက် ပွဲထုတ်ဖွယ် ရှိပါတယ်။

မန်ချက်စတာ ယူနိုက်တက် အတွက် ဒီရာသီ ပွဲထွက် မကစားရသေးတဲ့ လူငယ် ကွင်းလယ်သမား Zidane Iqbal လည်း လန်ဒန်သို့ သွားတဲ့ လူစာရင်းမှာ ပါဝင်သွားပါတယ်။

ဖူလ်ဟမ်နဲ့ ပွဲ အတွက် လိုက်ပါသွားတဲ့ မန်ချက်စတာ ယူနိုက်တက် လူစာရင်းကတော့ အောက်ပါ အတိုင်း ဖြစ်ပါတယ်။

GOALKEEPERS: David De Gea, Martin Dubravka, Nathan Bishop

DEFENDERS: Harry Maguire, Lisandro Martinez, Victor Lindelof, Luke Shaw, Tyrell Malacia

MIDFIELDERS: Casemiro, Christian Eriksen, Bruno Fernandes, Fred, Scott McTominay, Donny van de Beek, Zidane Iqbal

ATTACKERS: Anthony Martial, Marcus Rashford, Alejandro Garnacho, Antony Elanga, Shola Shoretire