ချယ်ဆီးအသင်း ရော်နယ်ဒို ကို ခေါ်ယူဖို့ ရေပန်းစားလာပြီးနောက် နည်းပြ ပေါ်တာရဲ့ သဘောထား ထွက်ပေါ်လာ

ချယ်ဆီးအသင်း နည်းပြ ဂရေဟမ် ပေါ်တာက ဇန်နဝါရီမှာ မန်ချက်စတာ ယူနိုက်တက် ကြယ်ပွင့် ခရစ္စတီယာနို ရော်နယ်ဒို ကို ခေါ်ယူဖို့ အကြံကို လက်မခံဘူး လို့ စကိုင်းစပေါ့ အဆိုအရ သိရပါတယ်။

ရော်နယ်ဒိုရဲ့ ပွဲဆူသွားစေတဲ့ အင်တာဗျူး ထွက်ပေါ်လာအပြီးမှာ ပေါ်တူဂီသားနဲ့ မန်ချက်စတာ ကလပ်ရဲ့ အနာဂတ်က ပြီးဆုံးသွားဖို့ များနေပြီ ဇန်နဝါရီမှာ ရော်နယ်ဒို တစ်ယောက် အသင်းသစ် ပြောင်းရွှေ့ဖွယ် ရှိလာပြီး ဖြစ်နိုင်ဖွယ် ကလပ်အသင်းသစ်တွေထဲ ချယ်ဆီးလည်း ပါဝင်လာပါတယ်။

ပြီးခဲ့တဲ့ နွေ အပြောင်းအရွှေ့ ဈေးကွက်မှာလည်း ချယ်ဆီးက ရော်နယ်ဒို ကို ချိတ်ဆက်ခဲ့သေးပြီး ထိုစဉ်က နည်းပြ တူချယ် လက်မခံခဲ့လို့သာ အပြောင်းအရွှေ့ ကိစ္စ ရှေ့မဆက်နိုင်ခဲ့တာပါ။

ချယ်ဆီး အသင်းပိုင်ရှင် တော့ဒ်ဘိုလေတို့ အုပ်စုကတော့ အသက် ၃၇ နှစ် အရွယ် တိုက်စစ်မှုး ရော်နယ်ဒို ကို စီးပွားရေး အရပဲ ဖြစ်ဖြစ် အကျိုးရှိနိုင်မှာ မြင်ထားတာကြောင့် ခေါ်ယူလိုနေပါတယ်။ ဒါပေမယ့် ဒီတကြိမ် ခေါ်ယူလိုမှုမှာလည်း အသင်း နည်းပြ လက်ခံမှသာ လှုပ်ရှားမယ်လို့ သိရပါတယ်။

ချယ်ဆီးအသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ်မှာ သွင်းဂိုးတွေ ရဖို့ ရုန်းကန်နေရပြီး လက်ရှိမှာလည်း သွင်းဂိုး ရဂိုး ကွာခြားချက်က ဇီးရိုး ဖြစ်နေပါတယ်။

ဒါကြောင့် တိုက်စစ်မှုးသစ် ခေါ်ယူဖို့ ချယ်ဆီးအသင်းက ဇန်နဝါရီမှာ လှုပ်ရှားဖွယ် ရှိနေပေမယ့် နည်းပြ ပေါ်တာ အလိုမရှိတာကြောင့် ရော်နယ်ဒို ကို ခေါ်ယူရေးက အကောင်အထည် ပေါ်လာဖွယ် မရှိတော့ပါဘူး။

Zawgyi

ခ်ယ္ဆီးအသင္း နည္းျပ ဂေရဟမ္ ေပၚတာက ဇန္နဝါရီမွာ မန္ခ်က္စတာ ယူနိုက္တက္ ၾကယ္ပြင့္ ခရစၥတီယာနို ေရာ္နယ္ဒို ကို ေခၚယူဖုိ႔ အၾကံကို လက္မခံဘူး လို႔ စကိုင္းစေပါ့ အဆိုအရ သိရပါတယ္။

ေရာ္နယ္ဒိုရဲ႕ ပြဲဆူသြားေစတဲ့ အင္တာဗ်ဴး ထြက္ေပၚလာအျပီးမွာ ေပၚတူဂီသားနဲ႕ မန္ခ်က္စတာ ကလပ္ရဲ႕ အနာဂတ္က ျပီးဆံုးသြားဖို႔ မ်ားေနျပီ ဇန္နဝါရီမွာ ေရာ္နယ္ဒို တစ္ေယာက္ အသင္းသစ္ ေျပာင္းေရႊ႕ဖြယ္ ရွိလာျပီး ျဖစ္နိုင္ဖြယ္ ကလပ္အသင္းသစ္ေတြထဲ ခ်ယ္ဆီးလည္း ပါဝင္လာပါတယ္။

ျပီးခဲ့တဲ့ ေႏြ အေျပာင္းအေရႊ႕ ေစ်းကြက္မွာလည္း ခ်ယ္ဆီးက ေရာ္နယ္ဒို ကို ခ်ိတ္ဆက္ခဲ့ေသးျပီး ထိုစဥ္က နည္းျပ တူခ်ယ္ လက္မခံခဲ့လို႔သာ အေျပာင္းအေရႊ႕ ကိစၥ ေရွ႕မဆက္နိုင္ခဲ့တာပါ။

ခ်ယ္ဆီး အသင္းပိုင္ရွင္ ေတာ့ဒ္ဘိုေလတို႔ အုပ္စုကေတာ့ အသက္ ၃၇ နွစ္ အရြယ္ တိုက္စစ္မႈး ေရာ္နယ္ဒို ကို စီးပြားေရး အရပဲ ျဖစ္ျဖစ္ အက်ိဳးရွိနုိင္မွာ ျမင္ထားတာေၾကာင့္ ေခၚယူလိုေနပါတယ္။ ဒါေပမယ့္ ဒီတၾကိမ္ ေခၚယူလိုမႈမွာလည္း အသင္း နည္းျပ လက္ခံမွသာ လႈပ္ရွားမယ္လို႔ သိရပါတယ္။

ခ်ယ္ဆီးအသင္းဟာ ဒီရာသီ ပရီးမီးယားလိဂ္မွာ သြင္းဂိုးေတြ ရဖို႔ ရုန္းကန္ေနရျပီး လက္ရွိမွာလည္း သြင္းဂိုး ရဂိုး ကြာျခားခ်က္က ဇီးရိုး ျဖစ္ေနပါတယ္။

ဒါေၾကာင့္ တိုက္စစ္မႈးသစ္ ေခၚယူဖို႔ ခ်ယ္ဆီးအသင္းက ဇန္နဝါရီမွာ လႈပ္ရွားဖြယ္ ရွိေနေပမယ့္ နည္းျပ ေပၚတာ အလိုမရွိတာေၾကာင့္ ေရာ္နယ္ဒို ကို ေခၚယူေရးက အေကာင္အထည္ ေပၚလာဖြယ္ မရွိေတာ့ပါဘူး။