မောင့် ကို ချိန်လာတဲ့ လီဗာပူးနဲ့ ဂျူဗီ၊ သြစတေးလျက ခေါ်ခံနေရတဲ့ ရော်နယ်ဒို၊ ဘယ်လင်ဟမ်ကို အပိုင်ချိတ်ထားခြင်းနဲ့ အပြောင်းအရွှေ့ သတင်းထူးများ

ချယ်ဆီးအသင်းနဲ့ မေဆန်မောင့် စာချုပ်ဟာ ၁၈ လ ကျော်သာ ကျန်ရှိပြီး အခုထိ သက်တမ်းတိုး စာချုပ်သစ် မချုပ် ဆိုနိုင်သေးတာကြောင့် လီဗာပူးနဲ့ ဂျူဗင်တပ် တို့က မောင့်ကို စောင့်ကြည့်လာကြကြောင်း ဂါးဒီးယန်း သတင်းက ဖော်ပြလာပါတယ်။

အသက် ၂၃ နှစ် အရွယ် အင်္ဂလန်သားဟာ နွေတည်းက သက်တမ်းတိုး ကိစ္စ ချယ်ဆီးဘုတ်အဖွဲ့နဲ့ ဆွေးနွေးမှု ရှိပေမယ့် အခုထိ အပြီးသတ်နိုင်ခြင်း မရှိသေးတာပါ။ နောက်ထပ် ဆွေးနွေးမှုက ဇန်နဝါရီမှာ ထပ်ရှိဦးမယ် မျှော်လင့်ရပါတယ်။

သြစတေးလျလိဂ် အေ-လိဂ်ရဲ့ အမှုဆောင်ချုပ် ဒန်နီတောင်းဆန်က ခရစ္စတီယာနို ရော်နယ်ဒို သြစတေးလျ လာ ကစားဖို့ အေးဂျင့် ဂျော့မန်ဒက်စ်ထံ မက်မောဖွယ် ကမ်းလှမ်းမှု တစ်ရပ် ပြုလုပ်ခဲ့ပါတယ်။

ရော်နယ်ဒို က မန်ချက်စတာ ယူနိုက်တက်မှာ ချစ်ခြင်း၊ လေးစားခြင်းတွေ မခံစားရပေမယ့် သြစတေးလျမှာ ဒါတွေ အကုန် ရစေရမယ်လို့ တောင်းဆန် က အာမခံစကား ဆိုခဲ့ပါတယ်။

ရော်နယ်ဒိုရဲ့ အင်တာဗျူးတွေက ဆက်လက် ထွက်ပေါ်လာနေဆဲ ဖြစ်ရာ အကယ်ဒမီ လူငယ် ကစားသမားတွေဟာ သူတို့ ခေတ်ကလောက် ဆာလောင်မှုတွေ မရှိတော့ဘူး ဆိုတဲ့ မှတ်ချက်က ယူနိုက်တက် လူငယ်တွေကို ထိခိုက်စေခဲ့ပြီး အသင်းဖော်တွေကလည်း ပေါ်တူဂီသားကို မန်ချက်စတာ ကလပ်ကနေ ထွက်ခွာစေလိုနေကြပြီ လို့ သတင်း ထွက်ပေါ်နေပါတယ်။

ချယ်ဆီး ကွင်းလယ်သမား ကန်တေဟာ နောက်နှစ်နွေမှာ စာချုုပ်ကုန်ဆုံးမှာ ဖြစ်ပြီး စီးရီးအေသို့ ပြောင်းရွှေ့ဖို့ စဉ်းစားနေပါတယ်။ ကန်တေ ကို အင်တာမီလန်နဲ့ ဂျူဗင်တပ်တို့ကလည်း စိတ်ဝင်စားနေတာပါ။

လီဗာပူးအသင်းဟာ ဂျု့ဒ် ဘယ်လင်ဟမ်ကို ခေါ်ယူရေးမှာ သူတို့နည်း သူတို့ဟန်နဲ့ ဦးဆောင်မှု ရယူထားကြောင်း Football Insider က ဖော်ပြလာပါတယ်။ လီဗာပူးဟာ ကစားသမားကို တောက်လျောက် ဆက်သွယ် ချိတ်ဆက် ထားပြီး အလိုရှိက ဇန်နဝါရီမှာတောင် ခေါ်ယူနိုင်ဖွယ် ရှိနေပါတယ်။

ဂျူဗင်တပ်ဟာ ဇန်နဝါရီမှာ ဝက်စ်တန် မက်ကိန်း ကို ရောင်းဖို့ ပြင်ဆင်နေပြီး ၎င်းကို ပရီးမီးယားလိဂ် ကလပ် တချို့က စိတ်ဝင်စားနေကြောင်း အီတလီ သတင်းတွေက ဖော်ပြလာပါတယ်။