ရွိုင်ကိန်း အားပေးမယ့် ဘရာဇီး အသင်းမှာ မန်ချက်စတာ ယူနိုက်တက် အသင်းသား တစ်ဦးက အားနည်းချက် ဖြစ်နေ

မန်ချက်စတာ ယူနိုက်တက် ကစားသမားဟောင်းကြီး ရွိုင်ကိန်းကတော့ ဘရာဇီးအသင်း ပရိသတ် ဖြစ်နေပြီး ဒီကမ္ဘာ့ဖလားမှာ ဘရာဇီး ဘယ်လောက် လုပ်ပြနိုင်မလဲ ဆိုတာ တွေ့ချင်နေပြီ ဖြစ်ပါတယ်။ ဘရာဇီး အသင်းမှာ အားနည်းချက် ဆိုလို့ ယူနိုက်တက်ကွင်းလယ်သမား ဖရက်သာ ရှိတယ် လို့ ရွိုင်ကိန်းက ယူဆထားပါတယ်။

မန်ချက်စတာ ယူနိုက်တက်မှာ ပွဲကစားခွင့် အပြည့် မရပေမယ့် ဖရက်ဟာ ဘရာဇီးအသင်းမှာတော့ နည်းပြ တိုက် မျက်နှာသာပေးတဲ့ အဓိက အသင်းသား ဖြစ်နေဆဲပါ။

စကိုင်းဘတ် မှာ မီကာရစ်ချက်က ရွိုင်ကိန်းအား ကမ္ဘာ့ဖလားမှာ ဘယ်အသင်း ကစားတာ ကြည့်ရဖို့ အမျှော်ဆုံးလဲ မေးခွန်းထုတ်ခဲ့ရာ သရဲနီဟောင်းကြီးက အခုလို တုန့်ပြန်ခဲ့ပါတယ်။

” ကျနော် ငယ်တည်း ကလေးဘဝတည်းက ဘရာဇီး အသင်းကို ကြွေခဲ့တာ ဆိုတော့ ဒီကမ္ဘာ့ဖလားမှာလည်း ဘရာဇီး က ဘာတွေ လုပ်ပြနိုင်ဦးမလဲ ကြည့်ချင်နေမိတယ်။ ဒီတခါတော့ သူတို့ အားကောင်းနေတယ်လို့ ကျနော် ခံစားမိနေတယ်။

သူတို့ ရှုံးထွက် အဆင့်တွေကို သေချာပေါက် ရောက်ပါလိမ့်မယ်။ သူတို့ ရှိတဲ့ ကစားသမားတွေထဲက တချို့ကိုလည်း အတော် သဘောကျတယ်။ သူတို့မှာ တကယ့် ဂိုးသမားကောင်းတွေလည်း ရှိတယ်။ ဒီတော့ ဘရာဇီးအသင်း ဘယ်လိုတွေ လုပ်ပြမလဲ မြင်ချင်လှပါပြီ။ ” လို့ ရွိုင်ကိန်းက ဆိုပါတယ်။

ရွိုင်ကိန်းရဲ့ ယူနိုက်တက် အသင်းဖော်ဟောင်း ဂယ်ရီနဗီးလ်ကတော့ ဘရာဇီးအသင်း ကွင်းလယ် အင်ဂျင်မှာ ဖရက် ပါဝင်နေတာကြောင့် အားနည်းချက် ရှိနိုင်တယ်လို့ ထောက်ပြခဲ့ပါတယ်။

ဒါပေမယ့် ရွိုင်ကိန်းကတော့ ဖရက်က အားနည်းချက် ဖြစ်သည့်တိုင် ကာဆီမီရို က ကာဗာ လုပ်ပေးနိုင်ပါလိမ့်မယ် လို့ တုန့်ပြန် ဆွေးနွေးခဲ့ပါတယ်။