ဖိုဒန်ကို ချန်ပြီး ဆာကာ ကို ပွဲထုတ်မယ့် ဒီည အီရန်နဲ့ ပွဲအတွက် အင်္ဂလန်အသင်းရဲ့ ဖြစ်နိုင်ဖွယ် ပွဲထွက် လူစာရင်း

ဒီနေ့ညမှာတော့ ကမ္ဘာ့ဖလား အုပ်စု B ပွဲစဉ် အဖြစ် နာမည်ကြီး အင်္ဂလန် အသင်းဟာ အီရန်နဲ့ အုပ်စု အဖွင့်ပွဲ စတင် ကစားရတော့မှာ ဖြစ်ပါတယ်။ ပွဲချိန်ကတော့ မြန်မာစံတော်ချိန် ည ၇နာရီခွဲ ဖြစ်ပါတယ်။

နည်းပြ ဂါရတ်ဆောက်ဂိတ်ဟာ ဒီညပွဲမှာ မန်စီးတီး ကြယ်ပွင့် ဖိုဒန် ထက် အာဆင်နယ် ကြယ်ပွင့် ဆာကာ ကို အရင် ထုတ်သုံးပြီး သူ့ရဲ့ တိုက်စစ် အင်အား တောင့်တင်းမှုကို ထုတ်ပြသွားဖို့ ရှိနေပါတယ်။

ဆာကာ က အာဆင်နယ် အသင်းရဲ့ တိုက်စစ်မှာ ဒီရာသီ ခြေစွမ်းကောင်းတွေ ပြသနေပြီး လိဂ် ပွဲ ၁၄ ပွဲ ကစားပြီးချိန်မှာ ၄ ဂိုး သွင်း ၆ ဂိုး ဖန်တီး ထောက်ပံ့ထားပါတယ်။

ဒါ့အပြင် ဆောက်ဂိတ်ဟာ အင်္ဂလန်ကို ခံစစ် လေးယောက်တန်းနဲ့ ပွဲထုတ်လာမယ် သတင်းထွက်နေပြီး ဟယ်ရီ မက်ဂွဲရား ဟာ ကလပ်အသင်းမှာ ပွဲ မကစားရပေမယ့် ဒီည အင်္ဂလန် ဗဟိုခံစစ်ကနေ ပါဝင်လာဖို့ ရှိနေပါတယ်။

ဒီည အီရန်နဲ့ ပွဲ အတွက် အင်္ဂလန် အသင်းရဲ့ ဖြစ်နိုင်ပွဲ လူစာရင်းက အောက်ပါ အတိုင်း ဖြစ်ပါတယ်။

ဂိုး – ပစ်ဖို့ဒ်။

နောက်တန်း – ထရစ်ပီယာ၊ စတုန်းစ်၊ မက်ဂွဲရား၊ ရှော။

ကွင်းလယ် – ဘယ်လင်ဟမ်၊ ရိုက်စ်၊ မောင့်။

တိုက်စစ် – ဆာကာ၊ ကိန်း၊ စတာလင်။

အင်္ဂလန်အသင်းဘက်က မက်ဒီဆင်နဲ့ ဝေါ်ကာ တို့ နှစ်ဦးလုံးဟာ ဒဏ်ရာကြောင့် အီရန်နဲ့ ပွဲကို လွဲချော်မှာ ဖြစ်ပါတယ်။