ဂရင်းဝုဒ် ခြေထောက်ကျိုးသွားနိုင်တဲ့ ဖြစ်ရပ်ကို မျက်နှာလွဲခဲ့တဲ့ VAR ကို ပြစ်တင်

UNICODE – ယူနိုက်တက်နဲ့ ဆောက်သမ်တန်ကို ၂-၂ သရေကျတဲ့ပွဲမှာ ဂရင်းဝုဒ်ကို ညံ့ဖျင်းတဲ့ ဖျက်ထုတ်မှုလုပ်ခဲ့တဲ့ ရိုမီယိုကို မည့်သည့် ပြစ်ဒဏ်မှ မပေးသလို VAR လည်း မကြည့်တာကြောင့် ဝေဖန်မှုတွေ ရှိခဲ့ပါတယ်။

အဆင့် သုံးထိ တက်လှမ်းနိုင်မယ့်ပွဲကို အားထုတ်ကစားခဲ့ပေမယ့် လူစားဝင်ကစားသမား အိုဘာဖမ်မီရဲ့ နောက်ကျသွင်းဂိုးကြောင့် ပွဲက သရေရလဒ်ပဲ ထွက်ပေါ်ခဲ့တာပါ။ ဒါကြောင့် ချန်ပီယံလိဂ်ဝင်ခွင့်က အလှည့်အပြောင်းတွေ ဆက်ဖြစ်လာဖို့ ရှိနေသေးပြီး ချယ်ဆီး၊ လက်စတာ၊ ယူနိုက်တက်နဲ့ ဝုဗ်တို့ဟာ နောက်ဆုံးပွဲထိ ယှဉ်ပြိုင်သွားရဖို့ ရှိနေပါတယ်။

ပထမပိုင်းအတွင်းမှာ ဘောလုံးလက်ခံယူနေတဲ့ ဂရင်းဝုဒ်ကို ဆောက်သမ်တန် ကစားသမားတွေ ဝင်ပိုင်းခဲ့ကြတာဖြစ်ပြီး ရိုမီယို ဘောလုံးဝင်ဖျက်ချိန်မှာ ဘောလုံးက ဂရင်းဝုဒ်ခြေထဲ မရှိတော့ပါဘူး။ ဒါပေမယ့် ဘာကတ်မှ ပြသခဲ့ခြင်း မရှိသလို VAR ကလည်း စစ်ဆေးမှုတွေ မလုပ်ပေးခဲ့တာဖြစ်တယ်။

ဂယ်ရီနဗီးကတော့ “ ဒီဖျက်ထုတ်မျိုးကို ကျနော် မကြိုက်ပါဘူး။ ဒါက ဆိုးရွားတဲ့ ဖျက်ထုတ်မပါ။ ဘောလုံးက မရှိတော့ပါဘူး။ ရိုမီယိုက ဂရင်းဝုဒ်ကို ကိုင်တွယ်နိုင်ဖို့ ကြိုးစားခဲ့တာပါ။ သူ ကံကောင်းခဲတယ်လို့ ထင်ပါတယ်။ ဘောလုံးက မရှိတော့ဘူးလေ။ ဒီဖျက်ထုတ်မှုက ခြေထောက် ကျိုးသွားနိုင်ပါတယ် ” လို့ မှတ်ချက်ပေးခဲ့တယ်။

မန်နေဂျာဆိုးရှား ကိုယ်တိုင်ကလည်း ” ကျနော်ရဲ့ ခြေကျင်းဝတ်ဆိုရင် အဲ့လို ဖျက်ထုတ်မှုမျိုးကို ကြိုက်မှာ မဟုတ်ပါဘူး။ ဒီဖျက်ထုတ်မှုကြောင့် ကျနော် တစ်လလောက် အနားယူသွားရနိုင်ပါတယ် ” လို့ မှတ်ချက်ပေးခဲ့တယ်။

ဒဏ်ရာရသွားတဲ့ လုရှောနဲ့ ပက်သက်လို့လည်း ” ရှောက ခြေကျင်းဝတ်မှာ ဒဏ်ရာရသွားတာပါ။ ဒဏ်ရာကို စကန်ဖတ်တဲ့အခါ သတင်းကောင်းကြားရဖို့ မျှော်လင့်ပါတယ် ” လို့ ပြောဆိုသွားတယ်။

ယူနိုက်တက် ပရိသတ်တွေ ကိုယ်တိုင်ကလည်း ဒီဖြစ်ရပ်ကို VAR ကြည့်မယ်ဆိုရင် ရိုမီယိုက အနီကဒ်ပြ ထုတ်ပယ်ခံရမှာဖြစ်ပြီး ဒါက ပွဲအဖြေ ပြောင်းလဲသွားနိုင်တယ်လို့ မှတ်ချက်ပေးနေကြတာ ဖြစ်ပါတယ်။

ZAWGYI – ယူႏုိက္တက္နဲ႔ ေဆာက္သမ္တန္ကို ၂-၂ သေရက်တဲ့ပြဲမွာ ဂရင္းဝုဒ္ကို ညံ့ဖ်င္းတဲ့ ဖ်က္ထုတ္မႈလုပ္ခဲ့တဲ့ ရိုမီယိုကို မည့္သည့္ ျပစ္ဒဏ္မွ မေပးသလို VAR လည္း မၾကည့္တာေၾကာင့္ ေဝဖန္မႈေတြ ရွိခဲ့ပါတယ္။

အဆင့္ သံုးထိ တက္လွမ္းႏုိင္မယ့္ပြဲကို အားထုတ္ကစားခဲ့ေပမယ့္ လူစားဝင္ကစားသမား အိုဘာဖမ္မီရဲ႕ ေနာက္က်သြင္းဂိုးေၾကာင့္ ပြဲက သေရရလဒ္ပဲ ထြက္ေပၚခဲ့တာပါ။ ဒါေၾကာင့္ ခ်န္ပီယံလိဂ္ဝင္ခြင့္က အလွည့္အေျပာင္းေတြ ဆက္ျဖစ္လာဖို႔ ရွိေနေသးျပီး ခ်ယ္ဆီး၊ လက္စတာ၊ ယူႏုိက္တက္နဲ႔ ဝုဗ္တို႔ဟာ ေနာက္ဆံုးပြဲထိ ယွဥ္ျပိဳင္သြားရဖို႔ ရွိေနပါတယ္။

ပထမပိုင္းအတြင္းမွာ ေဘာလံုးလက္ခံယူေနတဲ့ ဂရင္းဝုဒ္ကို ေဆာက္သမ္တန္ ကစားသမားေတြ ဝင္ပိုင္းခဲ့ၾကတာျဖစ္ျပီး ရိုမီယို ေဘာလံုးဝင္ဖ်က္ခ်ိန္မွာ ေဘာလံုးက ဂရင္းဝုဒ္ေျခထဲ မရွိေတာ့ပါဘူး။ ဒါေပမယ့္ ဘာကတ္မွ ျပသခဲ့ျခင္း မရွိသလို VAR ကလည္း စစ္ေဆးမႈေတြ မလုပ္ေပးခဲ့တာျဖစ္တယ္။

ဂယ္ရီနဗီးကေတာ့ “ ဒီဖ်က္ထုတ္မ်ိဳးကို က်ေနာ္ မၾကိဳက္ပါဘူး။ ဒါက ဆိုးရြားတဲ့ ဖ်က္ထုတ္မပါ။ ေဘာလံုးက မရွိေတာ့ပါဘူး။ ရိုမီယိုက ဂရင္းဝုဒ္ကို ကိုင္တြယ္ႏုိင္ဖို႔ ၾကိဳးစားခဲ့တာပါ။ သူ ကံေကာင္းခဲတယ္လို႔ ထင္ပါတယ္။ ေဘာလံုးက မရွိေတာ့ဘူးေလ။ ဒီဖ်က္ထုတ္မႈက ေျခေထာက္ က်ိဳးသြားႏုိင္ပါတယ္ ” လို႔ မွတ္ခ်က္ေပးခဲ့တယ္။

မန္ေနဂ်ာဆိုးရွား ကုိယ္တိုင္ကလည္း ” က်ေနာ္ရဲ႕ ေျခက်င္းဝတ္ဆိုရင္ အဲ့လို ဖ်က္ထုတ္မႈမ်ိဳးကို ၾကိဳက္မွာ မဟုတ္ပါဘူး။ ဒီဖ်က္ထုတ္မႈေၾကာင့္ က်ေနာ္ တစ္လေလာက္ အနားယူသြားရႏုိင္ပါတယ္ ” လို႔ မွတ္ခ်က္ေပးခဲ့တယ္။

ဒဏ္ရာရသြားတဲ့ လုေရွာနဲ႔ ပက္သက္လို႔လည္း ” ေရွာက ေျခက်င္းဝတ္မွာ ဒဏ္ရာရသြားတာပါ။ ဒဏ္ရာကို စကန္ဖတ္တဲ့အခါ သတင္းေကာင္းၾကားရဖို႔ ေမွ်ာ္လင့္ပါတယ္ ” လို႔ ေျပာဆိုသြားတယ္။

ယူႏုိက္တက္ ပရိသတ္ေတြ ကိုယ္တိုင္ကလည္း ဒီျဖစ္ရပ္ကို VAR ၾကည့္မယ္ဆိုရင္ ရိုမီယိုက အနီကဒ္ျပ ထုတ္ပယ္ခံရမွာျဖစ္ျပီး ဒါက ပြဲအေျဖ ေျပာင္းလဲသြားႏုိင္တယ္လုိ႔ မွတ္ခ်က္ေပးေနၾကတာ ျဖစ္ပါတယ္။