ချယ်ဆီး Vs နောဝစ်ချ် ပွဲစဉ်အတွက် ဘီဘီစီမှ လော်ရိုးရဲ့ သုံးသပ်ခန့်မှန်းချက်

နောက်ဆုံး ကစားထားတဲ့ ပွဲမှာ ချယ်ဆီးတို့ ရှက်ဖီးယူနိုက်တက်ကို အဝေးကွင်းမှာ ရှုံးနိမ့်ခဲ့ပေမယ့် ကံကောင်းစွာပဲ လက်စတာကလည်း ရှုံးပွဲကြုံ၊ ယူနိုက်တက်ကလည်း သကျေခဲ့တာကြောင့် အဆင့် ၃ နေရာမှာ ဆက် ရှိနေခဲ့ပါတယ်။ မန်စီးတီးရဲ့ ဥရောပပွဲပယ် ပြစ်ဒဏ်က ပယ်ဖျက်လိုက်ပြီ ဖြစ်တာကြောင့် နောက်ရာသီ ချန်ပီယံလိဂ် ဝင်ခွင့် ရဖို့ အဆင့် ၃၊ ၄ နေရာ ချယ်ဆီးတို့ အပိုင်သိမ်းထားဖို့ လိုအပ်နေပါတယ်။

ဒီတစ်ပတ်မှာတော့ ချယ်ဆီးအသင်းဟာ တန်းဆင်းပြီး ဖြစ်တဲ့ နောဝစ်ချ် အသင်းကို အိမ်ကွင်း စတန်းဖို့ဘရစ်ချ်မှာ ဧည့်ခံ ကစားရမှာ ဖြစ်ပါတယ်။ ရှက်ဖီးကို ရှုံးခဲ့ရတာကနေ ချယ်ဆီးတို့ ပြန်ပေါက်ကွဲ ပြဖို့ အကောင်းဆုံး အခွင့်အရေးလည်း ဖြစ်ပါတယ်။

ချယ်ဆီး နဲ့ နောဝစ်ချ် အသင်းတို့ ပွဲချိန်ကတော့ ဇူလိုင် ၁၅ ရက် (ဗုဒ္ဓဟူးနေ့) နံနက် ၁း၄၅ နာရီ ဖြစ်ပါတယ်။ ဒီပွဲ အတွက် ဘီဘီစီမှ ပင်တိုင် သုံးသပ်သူ လော်ရိုးက အခုလို သုံးသပ် ခန့်မှန်းထားပါတယ်။

လော်ရိုးက – ” ချယ်ဆီးအသင်း မန်နေဂျာ ဖရန့်လမ်းပတ်ကတော့ ပြီးခဲ့တဲ့ ရှက်ဖီး ယူနိုက်တက်ကို ရှူံးတဲ့ ပွဲ အတွက် တုန့်ပြန်မှုတစ်ခု ဒီပွဲက မျှော်လင့်ပါလိမ့်မယ်။ လမ်းပတ် မျှော်လင့်တာလည်း ရလိမ့်မယ်လို့ ကျနော်ထင်ပါတယ်။ နောဝစ်ချ်က တန်းဆင်းပြီး ဖြစ်ပေမယ့် သူတို့ ချယ်ဆီးကို အပြိုင်အဆိုင် ယှဉ်ကစားနိုင်ရင်လည်း ဒါ အံ့သြစရာတော့ မဟုတ်ပါဘူး။ သူတို့မှာ ဖိအားတွေ ကင်းသွားပြီလေ။

ဒါပေမယ့် နိုင်တာကတော့ ချယ်ဆီးတို့ပဲ ဖြစ်မယ် ကျနော် မျှော်လင့်ထားတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ သူတို့က လုပ်ကို လုပ်ပြရမယ့် အချက် ရှိနေတယ်လေ။ တချို့ ကစားသမားတွေဆို လမ်းပတ်က ဆက်ခေါ်ထား မထား စောင့်ကြည့်နေတာ ဖြစ်လို့ နည်းပြ အထင်ကြီးလောက်အောင် အစွမ်းပြကြပါလိမ့်မယ်။ ” လို့ သုံးသပ်ထားပါတယ်။

လော်ရိုး ခန့်မှန်းရလဒ် ကတော့ ချယ်ဆီး 3-0 နောဝစ်ချ် ဖြစ်ပါတယ်။

Zawgyi – ေနာက္ဆံုး ကစားထားတဲ့ ပြဲမွာ ခ်ယ္ဆီးတို႔ ရွက္ဖီးယူနုိက္တက္ကို အေ၀းကြင္းမွာ ရွံဳးနိမ့္ခဲ့ေပမယ့္ ကံေကာင္းစြာပဲ လက္စတာကလည္း ရွံုးပြဲၾကံဳ၊ ယူနုိက္တက္ကလည္း သေက်ခဲ့တာေၾကာင့္ အဆင့္ ၃ ေနရာမွာ ဆက္ ရွိေနခဲ့ပါတယ္။ မန္စီးတီးရဲ႕ ဥေရာပပြဲပယ္ ျပစ္ဒဏ္က ပယ္ဖ်က္လိုက္ျပီ ျဖစ္တာေၾကာင့္ ေနာက္ရာသီ ခ်န္ပီယံလိဂ္ ၀င္ခြင့္ ရဖို႔ အဆင့္ ၃၊ ၄ ေနရာ ခ်ယ္ဆီးတို႔ အပိုင္သိမ္းထားဖို႔ လိုအပ္ေနပါတယ္။

ဒီတစ္ပတ္မွာေတာ့ ခ်ယ္ဆီးအသင္းဟာ တန္းဆင္းျပီး ျဖစ္တဲ့ ေနာ၀စ္ခ်္ အသင္းကို အိမ္ကြင္း စတန္းဖို႔ဘရစ္ခ်္မွာ ဧည့္ခံ ကစားရမွာ ျဖစ္ပါတယ္။ ရွက္ဖီးကို ရွံဳးခဲ့ရတာကေန ခ်ယ္ဆီးတို႔ ျပန္ေပါက္ကြဲ ျပဖို႔ အေကာင္းဆံုး အခြင့္အေရးလည္း ျဖစ္ပါတယ္။

ခ်ယ္ဆီး နဲ႕ ေနာ၀စ္ခ်္ အသင္းတို႔ ပြဲခ်ိန္ကေတာ့ ဇူလိုင္ ၁၅ ရက္ (ဗုဒၶဟူးေန႔) နံနက္ ၁း၄၅ နာရီ ျဖစ္ပါတယ္။ ဒီပြဲ အတြက္ ဘီဘီစီမွ ပင္တိုင္ သံုးသပ္သူ ေလာ္ရိုးက အခုလို သံုးသပ္ ခန္႔မွန္းထားပါတယ္။

ေလာ္ရိုးက – ” ခ်ယ္ဆီးအသင္း မန္ေနဂ်ာ ဖရန္႔လမ္းပတ္ကေတာ့ ျပီးခဲ့တဲ့ ရွက္ဖီး ယူနိုက္တက္ကို ရွံဴးတဲ့ ပြဲ အတြက္ တုန္႔ျပန္မႈတစ္ခု ဒီပြဲက ေမွ်ာ္လင့္ပါလိမ့္မယ္။ လမ္းပတ္ ေမွ်ာ္လင့္တာလည္း ရလိမ့္မယ္လို႔ က်ေနာ္ထင္ပါတယ္။ ေနာ၀စ္ခ်္က တန္းဆင္းျပီး ျဖစ္ေပမယ့္ သူတို႔ ခ်ယ္ဆီးကို အျပိဳင္အဆိုင္ ယွဥ္ကစားနုိင္ရင္လည္း ဒါ အံ့ၾသစရာေတာ့ မဟုတ္ပါဘူး။ သူတို႔မွာ ဖိအားေတြ ကင္းသြားျပီေလ။

ဒါေပမယ့္ နုိင္တာကေတာ့ ခ်ယ္ဆီးတို႔ပဲ ျဖစ္မယ္ က်ေနာ္ ေမွ်ာ္လင့္ထားတယ္။ ဘာျဖစ္လို႔လဲ ဆိုေတာ့ သူတို႔က လုပ္ကို လုပ္ျပရမယ့္ အခ်က္ ရွိေနတယ္ေလ။ တခ်ိဳ႕ ကစားသမားေတြဆို လမ္းပတ္က ဆက္ေခၚထား မထား ေစာင့္ၾကည့္ေနတာ ျဖစ္လို႔ နည္းျပ အထင္ၾကီးေလာက္ေအာင္ အစြမ္းျပၾကပါလိမ့္မယ္။ ” လို႔ သံုးသပ္ထားပါတယ္။

ေလာ္ရိုး ခန္႔မွန္းရလဒ္ ကေတာ့ ခ်ယ္ဆီး 3-0 ေနာ၀စ္ခ်္ ျဖစ္ပါတယ္။