လူကောင်းနည်းနည်း ပိုကြီးပြီး ဈေးပိုကြီးတဲ့ ဒေးဗစ်လူးဝစ်လို့ အဟားခံနေရတဲ့ မက်ဂွဲရား

UNICODE – ယူနိုက်တက် အသင်းခေါင်းဆောင် မက်ဂွဲရားဟာ စိန့်နဲ့ သရေကျတဲ့ပွဲမှာ သူ့ရဲ့ အံ့အားသင့်ဖွယ် လူကပ်ပုံကြောင့် လူမှုကွန်ယက်တွေမှာ လှောင်ပြောင်ခံနေရပါတယ်။

မနှစ်က နွေတုန်းက လက်စတာကနေ ပေါင် သန်း ၈၀ ဖြင့် ခေါ်ယူခြင်း ခံခဲ့ရတဲ့ မက်ဂွဲရားဟာ ပွဲချိန် နောက်ဆုံးမိနစ် ထောင့်ကန်ဘောမှာတော့ ပြိုင်ဘက် အသင်းသား အိုဘာဖမ်မီကို လူကပ်ရမယ့် အစား အသင်းဖော် ဘစ်ဆာကာကို လူကပ်နေပြီး ပြိုင်ဘက်ကို ဧရိယာထဲမှာ လွတ်လွတ်လပ်လပ် နေခွင့် ပေးခဲ့တာဖြစ်တယ်။

နောက်ဆုံးမိနစ် အသဲကွဲဂိုးကြောင့် ယူနိုက်တက်ရဲ့ ပရီးမီးယားလိဂ် အဆင့် ၃ နေရာ တက်လှမ်းခွင့်ဟာ ပျက်ပြယ်ခဲ့သလို ချန်ပီယံလိဂ်ဝင်ခွင့်အတွက် ရုန်းကန် ယှဉ်ပြိုင်ရဦးမယ့် အနေအထားကို ရောက်ရှိခဲ့ပါတယ်။ ဒါကြောင့် ယူနိုက်တက်ပရိသတ်တွေကော အခြားပရိသတ်တွေပါ မက်ဂွဲရားရဲ့ ခံစစ် ကာကွယ်မှုကို တုန့်ပြန်မှုတွေ လုပ်နေခဲ့တာဖြစ်တယ်။

ဘောလုံးပရိသတ် တစ်ဦးကတော့ ‘ ခေါင်းပိုကြီးသလို ဈေးပိုပေးရတဲ့ ဒေးဗစ်လူးဝစ် ဗာရှင်း’ လို့ ကင်ပွန်းတပ်ခဲ့ပြီး ယူနိုက်တက်ပရိသတ် ကိုယ်တိုင်ကတော့ ‘ ဖြတ်တင်ဘောတွေမှာ မက်ဂွဲရားရဲ့ ကာကွယ်မှုတွေက အံ့အားသင့်လောက် စရာပါပဲ။ ဆောက်သမ်တန်ရဲ့ ပထမဂိုးကလည်း တူတူပါပဲ။ ခံစစ်သမားအနေနဲ့ ရှက်ဖို့ ကောင်းပါတယ်’ လို့ ဝေဖန်ခဲ့တယ်။

ယူနိုက်တက် ပရိသတ်တွေက မက်ဂွဲရားကို ဝေဖန်ခဲ့သလို ဂရင်းဝုဒ်ကို အကိုင်အတွယ်ကြမ်းတဲ့ ဆောက်သမ်တန်ကို ဒီအတိုင်း လွတ်ထားပေးတဲ့ ကွင်းလယ်ဒိုင်ကိုလည်း ဝေဖန်မငတွေ လုပ်ခဲ့ကြသေးတာဖြစ်တယ်။

မက်ဂွဲရား ကိုယ်တိုင်ကတော့ ထောင်ကန်ဘောမှာ အာရုံစိုက်မှု နည်းခဲ့တဲ့ အနေအထားကို စိတ်ပျက်ကြောင်း ဝန်ခံခဲ့ပြီး ကလပ်အတွက် ရလဒ်ကောင်းတွေ ပြန်ရယူဖို့ ကြိုးစားမယ်လို့ ပွဲအပြီးမှာ ထုတ်ပြောသွားခဲ့ပါတယ်။

ZAWGYI – ယူႏုိက္တက္ အသင္းေခါင္းေဆာင္ မက္ဂြဲရားဟာ စိန္႔နဲ႔ သေရက်တဲ့ပြဲမွာ သူ႔ရဲ႕ အံ့အားသင့္ဖြယ္ လူကပ္ပံုေၾကာင့္ လူမႈကြန္ယက္ေတြမွာ ေလွာင္ေျပာင္ခံေနရပါတယ္။

မႏွစ္က ေႏြတုန္းက လက္စတာကေန ေပါင္ သန္း ၈၀ ျဖင့္ ေခၚယူျခင္း ခံခဲ့ရတဲ့ မက္ဂြဲရားဟာ ပြဲခ်ိန္ ေနာက္ဆံုးမိနစ္ ေထာင့္ကန္ေဘာမွာေတာ့ ျပိဳင္ဘက္ အသင္းသား အိုဘာဖမ္မီကို လူကပ္ရမယ့္ အစား အသင္းေဖာ္ ဘစ္ဆာကာကို လူကပ္ေနျပီး ျပိဳင္ဘက္ကို ဧရိယာထဲမွာ လြတ္လြတ္လပ္လပ္ ေနခြင့္ ေပးခဲ့တာျဖစ္တယ္။

ေနာက္ဆံုးမိနစ္ အသဲကြဲဂိုးေၾကာင့္ ယူႏုိက္တက္ရဲ႕ ပရီးမီးယားလိဂ္ အဆင့္ ၃ ေနရာ တက္လွမ္းခြင့္ဟာ ပ်က္ျပယ္ခဲ့သလို ခ်န္ပီယံလိဂ္ဝင္ခြင့္အတြက္ ရုန္းကန္ ယွဥ္ျပိဳင္ရဦးမယ့္ အေနအထားကို ေရာက္ရွိခဲ့ပါတယ္။ ဒါေၾကာင့္ ယူႏုိက္တက္ပရိသတ္ေတြေကာ အျခားပရိသတ္ေတြပါ မက္ဂြဲရားရဲ႕ ခံစစ္ ကာကြယ္မႈကို တုန္႔ျပန္မႈေတြ လုပ္ေနခဲ့တာျဖစ္တယ္။

ေဘာလံုးပရိသတ္ တစ္ဦးကေတာ့ ‘ ေခါင္းပိုၾကီးသလို ေစ်းပိုေပးရတဲ့ ေဒးဗစ္လူးဝစ္ ဗာရွင္း’ လို႔ ကင္ပြန္းတပ္ခဲ့ျပီး ယူႏုိက္တက္ပရိသတ္ ကိုယ္တိုင္ကေတာ့ ‘ ျဖတ္တင္ေဘာေတြမွာ မက္ဂြဲရားရဲ႕ ကာကြယ္မႈေတြက အံ့အားသင့္ေလာက္ စရာပါပဲ။ ေဆာက္သမ္တန္ရဲ႕ ပထမဂိုးကလည္း တူတူပါပဲ။ ခံစစ္သမားအေနနဲ႔ ရွက္ဖို႔ ေကာင္းပါတယ္’ လို႔ ေဝဖန္ခဲ့တယ္။

ယူႏုိက္တက္ ပရိသတ္ေတြက မက္ဂြဲရားကို ေဝဖန္ခဲ့သလို ဂရင္းဝုဒ္ကို အကိုင္အတြယ္ၾကမ္းတဲ့ ေဆာက္သမ္တန္ကို ဒီအတိုင္း လြတ္ထားေပးတဲ့ ကြင္းလယ္ဒိုင္ကိုလည္း ေဝဖန္မငေတြ လုပ္ခဲ့ၾကေသးတာျဖစ္တယ္။

မက္ဂြဲရား ကိုယ္တိုင္ကေတာ့ ေထာင္ကန္ေဘာမွာ အာရံုစိုက္မႈ နည္းခဲ့တဲ့ အေနအထားကို စိတ္ပ်က္ေၾကာင္း ဝန္ခံခဲ့ျပီး ကလပ္အတြက္ ရလဒ္ေကာင္းေတြ ျပန္ရယူဖို႔ ၾကိဳးစားမယ္လို႔ ပြဲအျပီးမွာ ထုတ္ေျပာသြားခဲ့ပါတယ္။