စီ ရော်နယ်ဒိုဟာ ဆော်ဒီကလပ် အယ်လ်နာဆာ ရဲ့ တစ်ပတ် ပေါင် ၁.၂ သန်း လစာနဲ့ ၃ နှစ် သက်တမ်းရှိ စာချုပ် လက်မှတ်ထိုးဖို့ သဘောတူညီမှု ရခဲ့ပြီ ဖြစ်ကြောင်း သတင်းတွေ ထွက်ပေါ်လာပါတယ်။
ဘယ်လ်ဂျီယံ အသင်းမှာ အသင်းတွင်း စိတ်ဝမ်းကွဲမှုတွေ ဖြစ်နေတယ်ဆိုပြီး အဝတ်လဲခန်းမှာ ပြသနာ ဖြစ်ခဲ့တဲ့ သတင်း ပေးတဲ့သူကို တွေ့ရင် ချက်ချင်း ထုတ်ပယ်ပစ်လိမ့်မယ်လို့ ဂိုးသမား ကော်တိုရစ် က ပြောဆိုလိုက်ပါတယ်။
မန်ချက်စတာ ယူနိုက်တက်ဟာ ကိုဒီဂက်ပိုကို ခေါ်ယူဖို့ ကြိုးစားနေသလို ပီအက်စ်ဗီကြယ်ပွင့်ရဲ့ အေးဂျင့်တွေနဲ့ စကားပြောကြည့်နေတယ်လို့ သိရပါတယ်။

လီဗာပူးအသင်းဟာ ဖီအိုရင်တီးနား အသင်းမှ ကွင်းလယ် ကစားသမား Sofyan Amrabat ကို ခေါ်ယူဖို့ စိတ်ဝင်စား နေကြောင်း အီတလီသတင်းတွေမှာ ဖော်ပြလာပါတယ်။
ဂျူဗင်တပ်ကနေ ဥက္ကဌ အက်နယ်လီ ထွက်ခွာသွားဟာ ဥရောစူပါလိဂ်ကို ပြန်အသက်သွင်းဖို့ ကြိုးပမ်းမှုတွေအတွက် ပြင်းထန်တဲ့ ထိုးနှက်ချက်တစ်ခု ဖြစ်ခဲ့ပါတယ်။
အမေရိကန် တိုက်စစ်သမား ပူလီဆစ်က အီရန်နဲ့ပွဲမှာ အမေရိကန်အတွက် အနိုင်ဂိုးကို သွင်းယူပေးခဲ့ရာမှာ ကိုယ့် ဘာသာ ထိခိုက်မှုဖြစ်ခဲ့ပြီးနောက် ဝမ်းဗိုက်ဒဏ်ရာကြောင့် ဆေးရုံတက်လိုက်ရပါတယ်။

ချယ်ဆီးနဲ့ အမေရိကန် တိုက်စစ်သမား ပူလီဆစ်ဟာ အသင်းဟောင်း ဒေါ့မွန်အသင်းထံ ပြန်သွားနိုင်တယ် လို့ ဂျာမန် Bild သတင်းက ဖော်ပြလာပါတယ်။ ဒါပေမယ့် ဒေါ့မွန် ပြန်ဖို့ ဆိုရင် ပူလီဆစ်က လစာ အများကြီး လျှော့ယူရမှာပါ။ ပြောင်းရွှေ့ကြေး အနေနဲ့ ချယ်ဆီးက ပူလီဆစ် အတွက် ယူရို သန်း ၃ဝ လောက် အလိုရှိနေပါတယ်။
ဘိုင်ယန်မြူးနစ်ဟာ စပါးကနေ ကိန်းကို ခေါ်ယူဖို့ ကြိုးစားနေဆဲဖြစ်သလို အင်္ဂလန်အသင်းခေါင်းဆောင်ဟာ ကမ္ဘာ့ဖလား အပြီးမှာ သူ့အနာဂတ်အပေါ် ဆုံးဖြတ်ချက် ချသွားမှာ ဖြစ်ပါတယ်။
ဂျူဗင်တပ်ဟာ ဘဏ္ဍာရေး အကြပ်အတည်းကြောင့် တန်ကြေးမြင့် ကစားသမား ရောင်းချမှုတစ်ခု ပြုလုပ်ရနိုင်ဖွယ်ရှိပြီး ဒါဟာ မန်ချက်စတာ ယူနိုက်တက်၊ ချယ်ဆီးနဲ့ အာဆင်နယ်တို့အတွက် စိတ်ဝင်စားစရာ ဖြစ်စေမှာပါ။
