ရပ်ဖိုဒ့်ကို ခေါ်ယူဖို့ ယူနိုက်တက်ရဲ့ ပရီးမီးယားလိဂ် အခြေအနေကို စောင့်ကြည့်နေတဲ့ ပီအက်ဂျီ

UNICODE – ပြင်သစ်ကလပ် ပီအက်ဂျီအသင်းဟာ ဒီနွေအတွက် တိုက်စစ်သမားတစ်ဦး ခေါ်ယူဖို့ကို ဆန္ဒရှိနေပြီး ပရီးမီးယားလိဂ်ကလပ် ယူနိုက်တက်မှ တိုက်စစ်သမား ရပ်ဖိုဒ့်ကို မျက်စိကျနေပါတယ်။

မန်နေဂျာတူချယ်က ပီအက်ဂျီမှာ အမ်ဘတ်ပီနဲ့ နေမာကို ရပ်ဖိုဒ့်နဲ့ တွဲဘက်စေမယ့် တိုက်စစ်အတွဲသစ်ကို တည်ဆောက်ဖို့ ဆန္ဒရှိနေတာဖြစ်တယ်။ ရပ်ဖိုဒ့်ရဲ့ တောင်ပံကြောကနေ တိုက်ရိုက် ကစားနိုင်ခြင်းနဲ့ ပြိုင်ဘက်တွေကို မြန်နှုန်းမြင့် ပြေးလွှားမှုတွေနဲ့ ဒုက္ခပေးနိုင်ခြင်းတွေကို မန်နေဂျာတူချယ်က သဘောတွေ့မှုရှိတယ်လို့ The Independent သတင်းက ဖော်ပြသွားတာဖြစ်တယ်။

ယူနိုက်တက် အကယ်ဒမီထွက် တိုက်စစ်သမားဖြစ်သူ ရပ်ဖိုဒ့်က မန်ချက်စတာမှာ ဆက်နေဖို့ ရည်ရွယ်ထားပေမယ့် သူ့ကို ခေါ်ယူဖို့ ဥရောပ ထိပ်သီးအသင်းတွေဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်၊ ဘာစီလိုနာတို့ကလည်း စိတ်ဝင်စားမှုတွေ ရှိထားဖူးပါတယ်။

အင်္ဂလန်မှာတော့ ရပ်ဖိုဒ့်က ဘယ်လောက်တောင် ကောင်းကောင်းကစားနိုင်လဲဆိုတာ လူတွေ သတိမထားမိသလို အသက် ၂၂ နှစ် အရွယ်ပဲ ရှိသေးတဲ့ ရပ်ဖိုဒ့်က ကမ္ဘာအဆင့် ကစားသမား ဖြစ်လာမယ်လို့ တူချယ်က ယုံကြည်တယ်။ ဒီခေါ်ယူမှုက အနာဂတ်မှာ အမ်ဘတ်ပီကို ရီးရဲလ်မက်ဒရစ်အသင်းထံ လက်လွတ်ရတဲ့ အခါမှာလည်း ပီအက်ဂျီကို အစားထိုးစရာ ရှာဖွေရ ခက်ခဲမယ့် အခြေအနေက ကာကွယ်ပြီး ဖြစ်နိုင်ပါတယ်။

မန်ချက်စတာကလပ်ကနေ ရပ်ဖိုဒ့်ကို ပီအက်ဂျီက ဆွဲထုတ်သွားဖို့ဆိုတာက မလွယ်ကူလှတဲ့ ကိစ္စလို့ ပြောစရာ ရှိပေမယ့်လည်း ပြင်သစ်ကလပ်ကတော့ ယုံကြည်မှု ရှိနေတာ ဖြစ်ပါတယ်။

ZAWGYI – ျပင္သစ္ကလပ္ ပီအက္ဂ်ီအသင္းဟာ ဒီေႏြအတြက္ တိုက္စစ္သမားတစ္ဦး ေခၚယူဖို႔ကို ဆႏၵရွိေနျပီး ပရီးမီးယားလိဂ္ကလပ္ ယူႏုိက္တက္မွ တိုက္စစ္သမား ရပ္ဖိုဒ့္ကို မ်က္စိက်ေနပါတယ္။

မန္ေနဂ်ာတူခ်ယ္က ပီအက္ဂ်ီမွာ အမ္ဘတ္ပီနဲ႔ ေနမာကို ရပ္ဖိုဒ့္နဲ႔ တြဲဘက္ေစမယ့္ တိုက္စစ္အတြဲသစ္ကို တည္ေဆာက္ဖို႔ ဆႏၵရွိေနတာျဖစ္တယ္။ ရပ္ဖိုဒ့္ရဲ႕ ေတာင္ပံေၾကာကေန တိုက္ရိုက္ ကစားႏုိင္ျခင္းနဲ႔ ျပိဳင္ဘက္ေတြကို ျမန္ႏႈန္းျမင့္ ေျပးလႊားမႈေတြနဲ႔ ဒုကၡေပးႏုိင္ျခင္းေတြကို မန္ေနဂ်ာတူခ်ယ္က သေဘာေတြ႔မႈရွိတယ္လို႔ The Independent သတင္းက ေဖာ္ျပသြားတာျဖစ္တယ္။

ယူႏုိက္တက္ အကယ္ဒမီထြက္ တိုက္စစ္သမားျဖစ္သူ ရပ္ဖိုဒ့္က မန္ခ်က္စတာမွာ ဆက္ေနဖို႔ ရည္ရြယ္ထားေပမယ့္ သူ႔ကို ေခၚယူဖို႔ ဥေရာပ ထိပ္သီးအသင္းေတြျဖစ္တဲ့ ရီးရဲလ္မက္ဒရစ္၊ ဘာစီလိုနာတို႔ကလည္း စိတ္ဝင္စားမႈေတြ ရွိထားဖူးပါတယ္။

အဂၤလန္မွာေတာ့ ရပ္ဖိုဒ့္က ဘယ္ေလာက္ေတာင္ ေကာင္းေကာင္းကစားႏုိင္လဲဆိုတာ လူေတြ သတိမထားမိသလို အသက္ ၂၂ ႏွစ္ အရြယ္ပဲ ရွိေသးတဲ့ ရပ္ဖိုဒ့္က ကမၻာအဆင့္ ကစားသမား ျဖစ္လာမယ္လို႔ တူခ်ယ္က ယံုၾကည္တယ္။ ဒီေခၚယူမႈက အနာဂတ္မွာ အမ္ဘတ္ပီကို ရီးရဲလ္မက္ဒရစ္အသင္းထံ လက္လြတ္ရတဲ့ အခါမွာလည္း ပီအက္ဂ်ီကို အစားထိုးစရာ ရွာေဖြရ ခက္ခဲမယ့္ အေျခအေနက ကာကြယ္ျပီး ျဖစ္နုိင္ပါတယ္။

မန္ခ်က္စတာကလပ္ကေန ရပ္ဖိုဒ့္ကို ပီအက္ဂ်ီက ဆြဲထုတ္သြားဖို႔ဆိုတာက မလြယ္ကူလွတဲ့ ကိစၥလို႔ ေျပာစရာ ရွိေပမယ့္လည္း ျပင္သစ္ကလပ္ကေတာ့ ယံုၾကည္မႈ ရွိေနတာ ျဖစ္ပါတယ္။