အင်္ဂလန်အသင်းရဲ့ စခန်းသွင်း လေ့ကျင့်မှုတွေမှာ မန်စီးတီး ကစားသမားတွေဟာ သူတို့ရဲ့ ဘောလုံးချစ်စိတ်ကြောင့် ပို ပေါ်လွင်နေတယ်လို့ လုခ်ရှောက ဝန်ခံခဲ့ပါတယ်။
နေမာဟာ ခြေကျင်းဝတ်ဒဏ်ရာကြောင့် အဖွင့်ပွဲမှာ ကွင်းထဲကနေ ထွက်သွားရတဲ့နောက် ကမ္ဘာ့ဖလားပြိုင်ပွဲတစ်ခုလုံး လွဲချော်သွားနိုင်တာကို ဘရာဇီးက စိုးရိမ်နေတယ်လို့ သိရပါတယ်။
ဂျက်ဂရီးလစ်ရှ်ဟာ နယူးကာဆယ်ရဲ့ မီဂွယ် အယ်မီရွန်ကို အငြင်းပွားဖွယ် ထိုးနှက်ခဲ့တဲ့အပေါ် ဖွင့်ဟလာပြီး မနှစ်က မန်စီးတီးရဲ့ ဖလားအောင်ပွဲခံမှုမှာ သူ့ရဲ့ လုပ်ရပ်တွေအတွက် တောင်းပန်ခဲ့ပါတယ်။
ခရစ္စတီယာနို ရော်နယ်ဒိုဟာ Al Nassr ဆီက အစောပိုင်း ကမ်းလှမ်းမှုနဲ့အပြိုင် ၎င်းတို့ရဲ့ ပြည်တွင်းပြိုင်ဘက် Al Hilal ဆီက ကမ်းလှမ်းတစ်ခုကိုပါ လက်ခံရရှိခဲ့တယ်လို့ သိရပါတယ်။

အက်သလက်တီကို မက်ဒရစ်အသင်းဟာ ဂျွာအိုဖီးလစ်ကို ယူရို သန်း ၁၀၀နဲ့ ရောင်းဖို့ ပြင်ဆင်နေပြီး ၎င်းကို ခေါ်ယူဖို့ မန်ချက်စတာ ယူနိုက်တက်ဟာ ပီအက်စ်ဂျီ, ဘိုင်ယန်မြူးနစ်တို့ဆီက ပြိုင်ဆိုင်မှုတွေကို ကြုံတွေ့ရမှာ ဖြစ်ပါတယ်။
အက်ဒီဂျုံးစ်ရဲ့ အနာဂတ်က မရေရာမှု ပိုများလာတာနဲ့အတူ အင်္ဂလန်ဟာ စွမ်းဆောင်ရည်ဒါရိုက်တာ နေရာကို ကော်နာ အိုရှီယာ၊ ဝါရင် ဂတ်လန်းတို့နဲ့ ယာယီအစားထိုးဖို့ စဉ်းစားနေပါတယ်။
ဘယ်ဂျီယမ်အသင်းဟာ ကမ္ဘာ့ဖလားအတွက် ယှဉ်ပြိုင်ဖို့ အိုလွန်းနေပြီဆိုတဲ့ ဒီဘရိုင်းရဲ့ ပြိုင်ပွဲမတိုင်ခင် ပြောဆိုမှုကို ဂရေမီဆောင်းနက်က ဝေဖန်ခဲ့ပါတယ်။
ကမ္ဘာ့ဖလား စီစဉ်သူတွေဟာ အမေရိကန်၊ မက္ကဆီကို၊ ကနေဒါတို့မှာလုပ်မယ့် ၂၀၂၆ ပြိုင်ပွဲအတွက် ၃သင်းအုပ်စု ပုံစံ အသစ်ကို စွန့်လွှတ်ပစ်ဖို့ ရှိနေပါတယ်။ ပြီးခဲ့တဲ့အဆင့်တွေမှာ အစောပိုင်းပွဲတွေကတည်းက ရလဒ် ထွက်နေပြီးသား အဖြစ်တွေ များစွာရှိနေတာဟာ ၄၈သင်းအထိ တိုးချဲ့မယ့် ပြိုင်ပွဲကို အားနည်းသွားစေနိုင်တဲ့ စိုးရိမ်စရာတွေ ရှိနေတာကြောင် ဖြစ်ပါတယ်။

ဘယ်လင်ဟမ်အနေနဲ့ အသင်းကနေ ထွက်ခွာမယ်ဆိုရင် လီဗာပူးဆီ ရောက်နိုင်ခြေပိုရှိတယ်လို့ ဒေါ့မွန်ရဲ့ ဒါရိုက်တာ ကာစတင် ခရမ်မာက ဝန်ခံခဲ့တဲ့နောက် လီဗာပူးအတွက် ဘယ်လင်ဟမ်ကိုခေါ်ယူဖို့ ကြိုးပမ်းမှုမှာ အားတက်စရာ ဖြစ်လာခဲ့ပါတယ်။
ကမ္ဘာ့ဖလားကနေ ထွက်ခွာခဲ့ရပြီးနောက် ရောဘတ်တို မာတီနက်ဇ်ဟာ ဘယ်ဂျီယမ်နည်းပြရာထူးကနေ နုတ်ထွက် သွားခဲ့သလို ဘယ်ဂျီယမ် အဝတ်လဲခန်းထဲ မျက်ရည်တွေနဲ့ နှုတ်ဆက်အပြီး ကလပ်ဘောလုံးလောကထဲ ပြန်လာဖို့ စဉ်းစားသွားမှာ ဖြစ်ပါတယ်။
ဒီ ကလန်ရိုက်စ်အပေါ် ကလပ်တွေရဲ့ စိတ်ဝင်စားမှု ပြင်းထန်လာသလို ဝက်စ်ဟမ်းကွင်းလယ်လူဟာ ချန်ပီယံလိဂ်မှာ ကစားချင်တဲ့ သူ့ရဲ့ ရည်ရွယ်ချက်ကို ဖွင့်ဟပြောပြလာခဲ့ပါတယ်။
