အာဆင်နယ်နဲ့ အနာဂတ်အကြောင်း အရိပ်အမြွက် ဆိုလာပြန်တဲ့ ဆီးဘယ်လော့

အာဆင်နယ်မှာ အငှား လာရောက် ကစားနေတဲ့ ကွင်းလယ်ကစားသမား ဆီးဘယ်လော့က အငှား ကုန်ဆုံးတော့မှာ ဖြစ်တာကြောင့် လန်ဒန်ကလပ်နဲ့ အနာဂတ်အကြောင်း အရိပ်အမြွက် ဆိုလာခဲ့ပါတယ်။ ၎င်းရဲ့ မိခင်ကလပ် ရီးရဲလ်မက်ဒရစ် အသင်း နည်းပြ ဇီဒန်းကတော့ ဆီးဘယ်လော့ အနာဂတ်က ဘာနေဗြူးမှာပဲ ရှိသေးကြောင်း အသိပေးထားတယ်လို့ သိရပါတယ်။

စပိန်သားဟာ ကာလရှည် အငှား လာကစားနေတဲ့ အာဆင်နယ်အသင်းမှာ ထိုက်သင့်သလောက် ခြေစွမ်းပြသထားနိုင်ပြီး အာတီတာရဲ့ အသင်းမှာ အားထားရတဲ့ ကစားသမား တစ်ယောက်လည်း ဖြစ်ပါတယ်။ ကြွက်သားဒဏ်ရာကြောင့် နှစ်လနီးပါး ပွဲကစားခွင့် လွဲချော်ခဲ့သည့်တိုင် ဆီးဘယ်လော့ဟာ ဘောလုံးပွဲများ မရပ်နားခင်က ပွဲပြန်ကစားရကာ အစွမ်းပြနေခဲ့သူပါ။

အသက် ၂၃ နှစ် အရွယ် စပိန်သား ကွင်းလယ်သမားကို အာဆင်နယ်ကအပြီးသတ် ခေါ်ယူလိုနေပြီး ဂျူဗင်တပ်ကလည်း ပစ်မှတ်ထားနေပေမယ့် ရီးရဲလ်နည်းပြ ဇီဒန်းကတော့ ဆီးဘယ်လော့ကို အသင်းမှာ ပြန်ခေါ်ထားကာ နေရာ တစ်နေရာ ပေးနိုင်တယ်လို့ ယုံကြည်နေပါတယ်။

” ကျနော် လွန်ခဲ့တဲ့ လအနည်းငယ်တုန်းက ဒဏ်ရာကနေ သက်သာစပြုနေတုန်း ဇီဒန်းနဲ့ ဆုံဖြစ်ခဲ့သေးတယ်။ သူက ကျနော် အာဆင်နယ်နဲ့ ကစားတဲ့ ပွဲတွေကို ကြည့်ဖြစ်တယ် ပြောတယ်။ သူနဲ့ ကျနော်နဲ့ကြား ဆက်ဆ့ရေးက ကောင်းမွန်ပါတယ်။ ကျနော်နဲ့ ဘောလုံးကစားပုံ အာရုံရတာချင်း တူတယ်လို့ ဇီဒန်းက အမြဲပြောတယ်။ ကျနော့် အနေနဲ့ အခြေအနေကောင်း ရဖို့ ပွဲများများ ကစားရဖို့လိုတာပါ။

သူက ကျနော့် အနာဂတ်ဟာ ရီးရဲလ်မက်ဒရစ်မှာပဲ ရှိတယ်လို့ အမြဲ ပြောပါတယ်။ ကျနော်လည်း အခွင့်အရေး ရလာဖွယ် ရှိတော့ စိတ်ရှည်ရှည် စောင့်ဖို့သာ လိုတာပါ။ ” လို့ ဆီးဘယ်လော့က ဆိုပါတယ်။

ဆီးဘယ်လော့ကတော့ အငှားပြီးဆုံးရင် ရီးရဲလ်မက်ဒရစ်အသင်းထံပဲ ပြန်သွားလိုနေပြီး လောလောဆယ်ထိတော့ ဘောလုံးပွဲများ ပြန် မစတင်နိုင်သေးဘဲ အခက်ကြုံနေတဲ့ ပရီးမီးယားလိဂ်မှာ မရေရာနိုင်သေးဘဲ ရှိပါတယ်။

Zawgyi – အာဆင္နယ္မွာ အငွား လာေရာက္ ကစားေနတဲ့ ကြင္းလယ္ကစားသမား ဆီးဘယ္ေလာ့က အငွား ကုန္ဆံုးေတာ့မွာ ျဖစ္တာေၾကာင့္ လန္ဒန္ကလပ္နဲ႕ အနာဂတ္အေၾကာင္း အရိပ္အျမြက္ ဆိုလာခဲ့ပါတယ္။ ၄င္းရဲ႕ မိခင္ကလပ္ ရီးရဲလ္မက္ဒရစ္ အသင္း နည္းျပ ဇီဒန္းကေတာ့ ဆီးဘယ္ေလာ့ အနာဂတ္က ဘာေနျဗဴးမွာပဲ ရွိေသးေၾကာင္း အသိေပးထားတယ္လို႔ သိရပါတယ္။

စပိန္သားဟာ ကာလရွည္ အငွား လာကစားေနတဲ့ အာဆင္နယ္အသင္းမွာ ထိုက္သင့္သေလာက္ ေျခစြမ္းျပသထားနုိင္ျပီး အာတီတာရဲ႕ အသင္းမွာ အားထားရတဲ့ ကစားသမား တစ္ေယာက္လည္း ျဖစ္ပါတယ္။ ၾကြက္သားဒဏ္ရာေၾကာင့္ နွစ္လနီးပါး ပြဲကစားခြင့္ လြဲေခ်ာ္ခဲ့သည့္တိုင္ ဆီးဘယ္ေလာ့ဟာ ေဘာလံုးပြဲမ်ား မရပ္နားခင္က ပြဲျပန္ကစားရကာ အစြမ္းျပေနခဲ့သူပါ။

အသက္ ၂၃ နွစ္ အရြယ္ စပိန္သား ကြင္းလယ္သမားကို အာဆင္နယ္ကအျပီးသတ္ ေခၚယူလိုေနျပီး ဂ်ဴဗင္တပ္ကလည္း ပစ္မွတ္ထားေနေပမယ့္ ရီးရဲလ္နည္းျပ ဇီဒန္းကေတာ့ ဆီးဘယ္ေလာ့ကို အသင္းမွာ ျပန္ေခၚထားကာ ေနရာ တစ္ေနရာ ေပးနုိင္တယ္လို႕ ယံုၾကည္ေနပါတယ္။

” က်ေနာ္ လြန္ခဲ့တဲ့ လအနည္းငယ္တုန္းက ဒဏ္ရာကေန သက္သာစျပဳေနတုန္း ဇီဒန္းနဲ႕ ဆံုျဖစ္ခဲ့ေသးတယ္။ သူက က်ေနာ္ အာဆင္နယ္နဲ႕ ကစားတဲ့ ပြဲေတြကို ၾကည့္ျဖစ္တယ္ ေျပာတယ္။ သူနဲ႕ က်ေနာ္နဲ႕ၾကား ဆက္ဆ့ေရးက ေကာင္းမြန္ပါတယ္။ က်ေနာ္နဲ႕ ေဘာလံုးကစားပံု အာရံုရတာခ်င္း တူတယ္လို႔ ဇီဒန္းက အျမဲေျပာတယ္။ က်ေနာ့္ အေနနဲ႕ အေျခအေနေကာင္း ရဖို႔ ပြဲမ်ားမ်ား ကစားရဖို႔လိုတာပါ။

သူက က်ေနာ့္ အနာဂတ္ဟာ ရီးရဲလ္မက္ဒရစ္မွာပဲ ရွိတယ္လို႔ အျမဲ ေျပာပါတယ္။ က်ေနာ္လည္း အခြင့္အေရး ရလာဖြယ္ ရွိေတာ့ စိတ္ရွည္ရွည္ ေစာင့္ဖို႔သာ လိုတာပါ။ ” လို႔ ဆီးဘယ္ေလာ့က ဆိုပါတယ္။

ဆီးဘယ္ေလာ့ကေတာ့ အငွားျပီးဆံုးရင္ ရီးရဲလ္မက္ဒရစ္အသင္းထံပဲ ျပန္သြားလိုေနျပီး ေလာေလာဆယ္ထိေတာ့ ေဘာလံုးပြဲမ်ား ျပန္ မစတင္နိုင္ေသးဘဲ အခက္ၾကံဳေနတဲ့ ပရီးမီးယားလိဂ္မွာ မေရရာနုိင္ေသးဘဲ ရွိပါတယ္။