မာဆယ်လိုရဲ့သားဖြစ်သူ အန်ဇို အယ်ဗက်စ်ဟာ ရီးရဲလ်မက်ဒရစ်အသင်းနဲ့ ဒီနေ့မှာပဲ ပထမဆုံး ပရော်ဖက်ရှင်နယ် စာချုပ် စတင် ချုပ်ဆိုခဲ့ပါတယ်။
မန်ချက်စတာ ယူနိုက်တက်ဟာ နောက်နှစ် နွေရာသီမှာ မားကပ် ရက်ရှ်ဖို့ဒ်ကို ရောင်းချရမှာကို စိုးရိမ်နေပါတယ်။ အင်္ဂလန်သားကို သက်တမ်းတိုးဖို့ ယူနိုက်တက်က ကြိုးစားနေဆဲပါ။
ဘိုင်ယန်မြူးနစ် နောက်ခံလူ ဒီလစ်ဟာ ကာတာမှာ နည်းပြ ဗန်ဟား လက်အောက် လုံးဝ ကစားရမှာ မဟုတ်ဘူးလို့ မျှော်လင့်ထားတာကြောင့် ကမ္ဘာ့ဖလားမှာ နယ်သာလန်အတွက် ပွဲမထွက်ရလဲ အဆင်ပြေတယ်လို့ ပြောဆိုခဲ့ပါတယ်။
မန်ချက်စတာ ယူနိုက်တက်နဲ့ နယူးကာဆယ်တို့ဟာ ဘရိုက်တန်ကြယ်ပွင့် ကိုင်ဆီဒိုကို ခေါ်ယူချင်ရင် ကြီးမားတဲ့ ပြစ်ဒဏ် တစ်ခုနဲ့ ရင်ဆိုင်ရနိုင်ပါတယ်။
အင်္ဂလန်ကစားသမားတွေဟာ ကမ္ဘာ့ဖလားရရင် ပေါင် ၄သိန်းစီ အပိုဆုရမှာဖြစ်ပြီး နောက်၂ပတ်အတွင်း ပြိုင်ပွဲကို အောင်မြင်မှုနဲ့ အဆုံးသတ်နိုင်ရင် စပွန်ဆာတွေဆီကနေ နောက်ထပ် ပိုရဦးမှာ ဖြစ်ပါတယ်။

ဂါရတ်ဆောက်ဂိတ်ဟာ ဆီနီဂေါနဲ့ ၁၆သင်းအဆင့် ပွဲအတွက် အင်္ဂလန်ရဲ့ လူစာရင်းထဲမှာ ဖီးဖိုဒန်နဲ့ မားကပ် ရက်ရှ်ဖို့ဒ်ကို ဆက်လက် ထည့်သွင်းထားမှာ ဖြစ်ပါတယ်။
ဥရုဂွေးဟာ ကမ္ဘာ့ဖလားကနေ ထွက်ခွာခဲ့ရသလို ကြယ်ပွင့်ကစားသမား ဟိုဆေး ဂျီမီနက်ဇ်ဟာ ဖီဖာ ဒိုင် တစ်ယောက်ကို တံတောင်နဲ့ ထိုးခဲ့တဲ့အတွက် ၁၅ပွဲ ထိ ပွဲပယ် ခံရနိုင်ဖွယ်ရှိပါတယ်။
ရှာကာဟာ နိုင်ငံရေးဆိုင်ရာ ဆန္ဒပြမှုအပေါ် ဖီဖာရဲ့ပိတ်ပင်မှုကို ချိုးဖောက်ခဲ့ပေမယ့်လဲ ဖီဖာထံက အပြစ်ပေးမှုကို ရှောင်လွှဲနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။
ဒန်ဇယ် ဒမ်ဖရိုင်းဟာ ချယ်ဆီးနဲ့ ချိတ်ဆက်ခံနေရတာကို ချီးကျူးမှုတစ်ခုအဖြစ် သတ်မှတ်ခဲ့ပေမယ့် အခုချိန်မှာ နိုင်ငံအသင်းနဲ့ အင်တာမီလန်အတွက်ပဲ အာရုံထဲရှိတယ်လို့ ပြောဆိုခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက်ဟာ ဆိုစီဒက်ကွင်းလယ်လူ မာတင် ဇူဘီ မန်ဒီရဲ့ ပေါင် ၅၁.၄သန်းတန် စာချုပ် ဖျက်သိမ်းကြေးကို ပေးဖို့ ဆန္ဒရှိနေပါတယ်။
ရီးရဲလ်မက်ဒရစ်ဟာ နယ်သာလန် ညာနောက်ခံလူ ဂျယ်ရမီ ဖရင်ပွန်ကို လေဗာကူဆင်ထံကနေ ခေါ်ယူဖို့ ရေပန်းစားနေပါတယ်။ ဒါပေမယ့် အသက် ၂၁ နှစ်အရွယ် ကစားသမားအတွက် ရီးရဲလ်မက်ဒရစ်အပြင် မန်ချက်စတာ ယူနိုက်တက်နဲ့ ချယ်ဆီးတို့ကလဲ ပြိုင်ဆိုင်နေတာ ဖြစ်ပါတယ်။
မန်ချက်စတာ ယူနိုက်တက်အနေနဲ့ ဘာစီလိုနာကို ရှုံးခဲ့တဲ့ ချန်ပီယံလိဂ်ဖိုင်နယ်ကို ပြန်ကစားနိုင်မယ်ဆိုရင် ဆာအဲလက်စ်ဖာဂူဆန်အနေနဲ့ လီယွန်နယ် မက်ဆီကို လူကပ်ထားခဲ့လိမ့်မယ်လို့ ရီယိုဖာဒီနန်က ပြောဆိုခဲ့ပါတယ်။
လီဗာပူးဟာ နောက်ရာသီကုန်မှာ အေစီမီလန်နဲ့ စာချုပ်သက်တမ်းကုန်တော့မယ့် အစ္စမယ် ဘန်နာဆာအတွက် ကမ်းလှမ်းမှုတစ်ခု လုပ်ခဲ့တယ်လို့ သိရပါတယ်။
ဂျာမန်ဘောလုံးအဖွဲ့ချုပ်ဟာ သူတို့ရဲ့ နိုင်ငံအသင်းနည်းပြသစ်အဖြစ် ခန့်အပ်ဖို့ လီဗာပူး နည်းပြ ယာဂန်ကလော့ပ်ကို စောင့်ဆိုင်း လိုတာကြောင့် သောမတ်စ်တူချယ်ကို ကမ်းလှမ်းဦးမှာ မဟုတ်ဘူးလို့ သိရပါတယ်။

အင်တာဟာ ဖရန့်ကက်ဆီကို စီးရီးအေထံ ပြန်ခေါ်ဖို့ အေးဂျင့်ဖြစ်သူထံ ဆက်သွယ်ခဲ့ပါတယ်။ အေစီမီလန်မှာ ကစားခဲ့ဖူးတဲ့သူ့ကို အင်တာက ပြန်လည်ခေါ်ယူဖို့ စိတ်အားထက်သန်နေတာဖြစ်ပေမယ့် ကွင်းလယ်လူကို ဝယ်ယူဖို့ တတ်နိုင်မှာမဟုတ်သလို ဘာစီလိုနာကလဲ အငှားနဲ့ ထွက်ခွာခွင့်မပေးလောက်ပါဘူး။
ဘာစီလိုနာဟာ ပါမီးယက်စ်ကြယ်ပွင့် အန်းဒရစ်ကို ခေါ်ယူဖို့ ပြိုင်ဆိုင်မှုထဲကနေ ထွက်သွားရနိုင်ဖွယ်ရှိနေပါတယ်။ စပိန်ကလပ်ဟာ လူငယ်ကစားသမားနဲ့ စကားပြောဆိုခဲ့ပြီး ပီအက်စ်ဂျီ၊ မန်စီးတီး၊ ချယ်ဆီးတို့နဲ့ အပြိုင်ကြိုးစားရမှာ ဖြစ်ပေမယ့် စာချုပ်ဖျက်သိမ်းကြေး ယူရိုသန်း၆၀ကို မပေးချင်တာကြောင့် ပြိုင်ပွဲထဲကနေ နုတ်ထွက်ရနိုင်ခြေ ရှိနေတာပါ။
ဝုဗ် ကနေ ထရာအိုရေးကို ခေါ်ယူလိုနေတဲ့ စပါးဟာ နာပိုလီ၊ အင်တာ၊ အက်သလက်တီကိုတို့ရဲ့ ပြိုင်ဆိုင်မှုတွေကို ကြုံနေရတာကြောင့် နောက်လမှာ ၎င်းကို ရရှိဖို့အတွက် ဈေးမြှင့်ပေးပြီး ခေါ်ယူရနိုင်ဖွယ်ရှိပါတယ်။
