အိုလီဗီယာ ဂျီရူးဟာ ကမ္ဘာ့ဖလားပြီးရင် အေစီမီလန်နဲ့ စာချုပ် သက်တမ်း တိုးသွားတော့မှာ ဖြစ်ပါတယ်။ လက်မှတ် ထိုးမယ့်ကိစ္စကို တတ်နိုင်သလောက် မြန်မြန်ပြီးမြောက်စေဖို့ အေစီမီလန် ဘက်က စာချုပ်သစ်ကမ်းလှမ်းမှုကို အဆင်သင့် ပြင်ထားမှာဖြစ်ပါတယ်။ ဂျီရူးဟာ လက်ရှိ ကမ္ဘာဖလားအတွက် အာရုံစိုက်ထားပေမယ့် မီလန်နဲ့အတူ အနာဂတ်ကို ဆက်သွားဖို့ အလိုရှိနေပါတယ်။
ဂျူဗင်တပ်ဟာ ဘင်ဖီကာနောက်ခံလူ အန်တိုနီယို ဆေးဗားကို စိတ်ဝင်စားကြောင်း ပြသခဲ့ပါတယ်။ ၁၉နှစ် အရွယ် ကစားသမားကို နာပိုလီကလဲ လိုချင်ခဲ့ပေမယ့် ၂၀၂၇ မတိုင်ခင်အထိ ပေါ်တူဂီကလပ်နဲ့ စာချုပ်ရှိနေတာ ဖြစ်ပါတယ်။
ဘယ်လင်ဟမ်နဲ့ ဂျော်ဒန် ဟန်ဒါဆန်ဟာ ဆက်ဆံရေးကောင်းရှိနေတာကြောင့်မလို့ လီဗာပူးဟာ ဘယ်လင်ဟမ်ကို ခေါ်ယူရာမှာ အဲ့ဒါကို အသုံးချသွားမှာပါ။ သူတို့ဟာ စိတ်ဝင်စားတဲ့အသင်းများစွာထဲမှာ ရီးရဲလ်မက်ဒရစ်နဲ့ အတူတူ ရှေ့ပြေးနေတာဖြစ်ပြီး ဒေါ့မွန်ကတော့ ပြောင်းရွှေ့ကြေး ပေါင် သန်း ၁၃၀ လိုချင်နေတာ ဖြစ်ပါတယ်။

မန်ချက်စတာ ယူနိုက်တက်နဲ့ ဘာစီလိုနာတို့ဟာ နွေရာသီမှာ ဘယ်ဂျီယမ် နောက်ခံလူ သောမတ်စ် မူနီယာကို ခေါ်ယူဖို့ စိတ်ဝင်စားခဲ့ပေမယ့် ဒေါ့မွန်နဲ့ သဘောတူညီမှု မရနိုင်ခဲ့ဘူးလို့ ဖာဘရီဇီယို ရိုမာနိုက ဆိုပါတယ်။ ကစားသမားနဲ့ အခက်အခဲ ရှိခဲ့တာမဟုတ်ပဲ ဒေါ့မွန်ကသာ သူ့ကို မရောင်းချင်ခဲ့တာဖြစ်ပါတယ်။
ချယ်ဆီးဟာ ဗက်စကို ဒဂါးမားထံကနေ ဘာစီလိုနာပစ်မှတ် အန်ဒရေး ဆန်းတို့စ်ကို ခေါ်ယူဖို့ ပြိုင်ဆိုင်မှုထဲ ပါဝင် လာခဲ့ပါတယ်။ ဆန်းတို့စ် ဘာကာရဲ့ ရေဒါထဲ ရှိနေခဲ့ပေမယ့် အခု ချယ်ဆီးကပါ သူတို့နဲ့ အပြိုင်ကြိုးစားလာတော့မှာ ဖြစ်ပါတယ်။
နယူးကာဆယ်ဟာ ချယ်ဆီးတောင်ပံကစားသမား ပူလီဆစ်ကို ခေါ်ယူဖို့ စဉ်းစားသွားမှာဖြစ်ပါတယ်။ သူဟာ နယူးကာဆယ် ရဲ့ အကြိုက်နဲ့ ကိုက်ညီပြီး စူပါစတားတစ်ယောက်လို သတ်မှတ်ခံရမှာမဟုတ်ပေမယ့် အသင်းရဲ့ ကစားပုံနဲ့ ကောင်းကောင်း အံဝင်လိမ့်မယ်လို့ ထင်ရပါတယ်။

တိုက်စစ်မှုး ဂျေးဆု က ဒဏ်ရာကြောင့် ဘယ်လောက် နားရမလဲ ဆိုတာ မသေချာပေမယ့်လဲ အာဆင်နယ်ဟာ ဒီ ဇန်နဝါရီမှာ သူ့နေရာကို အစားထိုးဖို့ လူသစ်ခေါ်ယူမှာ မဟုတ်ပါဘူး။
အင်တာမီလန် ဟာ အမေရိကန် ကြယ်ပွင့် ဗလင်စီယာ ကစားသမား ယူနက်စ် မူဆာကို ခေါ်ယူဖို့ စဉ်းစားနေပါတယ်။ စီးရီးအေကလပ်ဟာ ကွင်းလယ် လူသစ်တစ်ယောက် ရှာနေတာဖြစ်ပြီး အမေရိကန်သားရဲ့ ကမ္ဘာ့ဖလားခြေစွမ်းဟာ သူတို့ အတွက် မျက်စိကျစရာ ဖြစ်စေခဲ့တာပါ။
