မန်စီးတီးက ငွေသုံးကြမ်းပေမယ့် ယူနိုက်တက်လောက် မသုံးပါဘူးဆိုတဲ့ ဂွာဒီယိုလာ

UNICODE – မန်စီးတီးဟာ ကုန်ခဲ့တဲ့ ၅ နှစ်တာအတွင်း ပရီးမီးယားလိဂ်မှာ ပြောင်းရွှေ့ကြေး သုံးစွဲမှု အမြင့်ဆုံးအဖြစ် ပေါင် ၁ ဘီလီယံ သုံးစွဲခဲ့ပါတယ်။

ဒါပေမယ့် မန်နေဂျာဂွာဒီယိုလာကတော့ သူ့အသင်းက မန်ချက်စတာပြိုင်ဘက် ယူနိုက်တက်လောက် ငွေသုံးမကြမ်းပါဘူးဆိုပြီး သူတို့ အလိုရှိခဲ့ပေမယ့် ယူနိုက်တက် ခေါ်ယူနိုင်ခဲ့တဲ့ ဆန်းချက်စ်၊ မက်ဂွဲရားတို့လို ကစားသမားတွေကို ထောက်ပြ ဥပမာပေးခဲ့ပါတယ်။

ဂွာဒီယိုလာက ” ကျနေ်ာတို့ ဆန်းချက်စ်ကို လိုချင်တယ်။ ဒါပေမယ့် မတတ်နိုင်ခဲ့ဘူး။ မက်ဂွဲရားကိုလည်း လိုချင်ခဲ့တယ် ဒါပေမယ့် မတတ်နိုင်ခဲ့ပါဘူး။ ယူနိုက်တက် ပေးသလိုတော့ ကျနေ်ာတို့ မပေးနိုင်ပါဘူး ” ဆိုပြီး မန်စီးတီးက ပရီးမီးယားလိဂ်မှာ ငွေသုံးအကြမ်းဆုံးဆိုတဲ့ စွပ်စွဲချက်တွေကို ချေပခဲ့တာဖြစ်တယ်။

ဂွာဒီယိုလာက အဲ့လို ပြောပေမယ့်လည်း ကုန်ခဲ့တဲ့ ၅ နှစ်မှာ မန်စီးတီးက ပေါင် ၁ ဘီလီယံကို ပြောင်းရွှေ့ကြေးအဖြစ် အသုံးပြုခဲ့ပြီး ယူနိုက်တက်က ပေါင် ၈၅၀ သန်း အသုံးပြုခဲ့တာဖြစ်တယ်။ အထူးသဖြင့် မန်စီးတီးဟာ ဂွာဒီယိုလာ လက်ထက်မှာတော့ ငွေသုံးပိုကြမ်းခဲ့တာဖြစ်တယ်။

အားကစားခုံရုံးကို မန်စီးတီး အယူခံဝင်မှု ကိစ္စအား အနိုင်ပေးလိုက်တဲ့အပေါ် ဘောလုံးကမ္ဘာက အံ့သြသင့်ခဲ့ရတယ်။ အားကစားသုံးသပ်သူတွေကတော့ ယူအီးအက်ဖ်အေရဲ့ ဘဏ္ဍာရေးစည်းမျဉ်းဆိုတာက ရယ်စရာ စည်းမျဉ်းဖြစ်ပြီး ထပ်ပြီးကော ဒီစည်းမျဉ်းနဲ့ အရေးယူမှုတွေ လုပ်ဦးမှာလားလို့ မေးခွန်းထုတ်နေကြပါတယ်။

ZAWGYI – မန္စီးတီးဟာ ကုန္ခဲ့တဲ့ ၅ နွစ္တာအတြင္း ပရီးမီးယားလိဂ္မွာ ေျပာင္းေရႊ႔ေၾကး သံုးစြဲမႈ အျမင့္ဆံုးအျဖစ္ ေပါင္ ၁ ဘီလီယံ သံုးစြဲခဲ့ပါတယ္။

ဒါေပမယ့္ မန္ေနဂ်ာဂြာဒီယိုလာကေတာ့ သူ႔အသင္းက မန္ခ်က္စတာျပိဳင္ဘက္ ယူႏုိက္တက္ေလာက္ ေငြသံုးမၾကမ္းပါဘူးဆိုျပီး သူတို႔ အလိုရွိခဲ့ေပမယ့္ ယူႏုိက္တက္ ေခၚယူႏုိင္ခဲ့တဲ့ ဆန္းခ်က္စ္၊ မက္ဂြဲရားတို႔လို ကစားသမားေတြကို ေထာက္ျပ ဥပမာေပးခဲ့ပါတယ္။

ဂြာဒီယိုလာက ” က်ေန္ာတို႔ ဆန္းခ်က္စ္ကို လိုခ်င္တယ္။ ဒါေပမယ့္ မတတ္ႏုိင္ခဲ့ဘူး။ မက္ဂြဲရားကိုလည္း လိုခ်င္ခဲ့တယ္ ဒါေပမယ့္ မတတ္ႏုိင္ခဲ့ပါဘူး။ ယူႏုိက္တက္ ေပးသလိုေတာ့ က်ေန္ာတို႔ မေပးနုိင္ပါဘူး ” ဆိုျပီး မန္စီးတီးက ပရီးမီးယားလိဂ္မွာ ေငြသံုးအၾကမ္းဆံုးဆိုတဲ့ စြပ္စြဲခ်က္ေတြကို ေခ်ပခဲ့တာျဖစ္တယ္။

ဂြာဒီယိုလာက အဲ့လို ေျပာေပမယ့္လည္း ကုန္ခဲ့တဲ့ ၅ ႏွစ္မွာ မန္စီးတီးက ေပါင္ ၁ ဘီလီယံကို ေျပာင္းေရႊ႔ေၾကးအျဖစ္ အသံုးျပဳခဲ့ျပီး ယူႏုိက္တက္က ေပါင္ ၈၅၀ သန္း အသံုးျပဳခဲ့တာျဖစ္တယ္။ အထူးသျဖင့္ မန္စီးတီးဟာ ဂြာဒီယိုလာ လက္ထက္မွာေတာ့ ေငြသံုးပိုၾကမ္းခဲ့တာျဖစ္တယ္။

အားကစားခုံရံုးကို မန္စီးတီး အယူခံဝင္မႈ ကိစၥအား အႏုိင္ေပးလိုက္တဲ့အေပၚ ေဘာလံုးကမၻာက အံ့ၾသသင့္ခဲ့ရတယ္။ အားကစားသံုးသပ္သူေတြကေတာ့ ယူအီးအက္ဖ္ေအရဲ႕ ဘ႑ာေရးစည္းမ်ဥ္းဆိုတာက ရယ္စရာ စည္းမ်ဥ္းျဖစ္ျပီး ထပ္ျပီးေကာ ဒီစည္းမ်ဥ္းနဲ႔ အေရးယူမႈေတြ လုပ္ဦးမွာလားလို႔ ေမးခြန္းထုတ္ေနၾကပါတယ္။