ပဲလေ့စ်နဲ့ ပွဲမှာ ယူနိုက်တက် အသင်းသား နှစ်ဦး မပါဝင်နိုင်ကြောင်း ဆိုးရှား အတည်ပြု ပြောကြား

မန်ချက်စတာ ယူနိုက်တက်ဟာ လာမယ့်တနင်္ဂနွေ ဝင်ဘာလေမှာ ကန်မယ့် အက်ဖ်အေဖလား ဆီမီးဖိုင်နယ် ပွဲ မတိုင်ခင် ကြာသပတေးနေ့ ညမှာတော့ ရွိုင်းဟော့ဆန်ရဲ့ ခရစ္စတယ်ပဲလေ့စ် အသင်းနဲ့ ယှဉ်ပြိုင် ကစားရဖို့ ရှိနေပါတယ်။

ဆုဖလား အခွင့် အရေး အတွက် အရေးကြီးတဲ့ အက်ဖ်အေပွဲ ရှိနေပေမယ့် နည်းပြ ဆိုးရှားကတော့ အသင်း ကြယ်ပွင့် ကစားသမားတွေကို တမင် ချန် အနားယူစေတာမျိုး ပြုလုပ်ဖို့ မရှိကြောင်း ဆိုခဲ့ပြီး ကစားသမား နှစ်ဦးကတော့ ဒဏ်ရာတွေကြောင့် ပါဝင်နိုင်ဖွယ် မရှိကြောင်း အတည်ပြု ပြောဆိုခဲ့ပါတယ်။

ထိုနှစ်ဦးကတော့ လုခ်ရှောနဲ့ ဘရန်ဒန် ဝီလီယံတို့ နှစ်ဦးပါ။ ပဲလေ့စ်နဲ့ ပွဲပြီးရင် ယူနိုက်တက်ဟာ ၄၈ နာရီ မပြည့်ခင်မှာတင်ပဲ ချယ်ဆီးနဲ့ ဆီမီးဖိုင်နယ်ပွဲ ကစားရမှာ ဖြစ်ပါတယ်။

ဆိုးရှားကတော့ သူ့ အသင်းသားတွေ အပေါ် ယုံကြည်အားထားမှု အပြည့် ရှိထားပါတယ်။ ဆိုးရှားဟာ ပြီးခဲ့တဲ့ လိဂ်ပွဲ ငါးပွဲ ဆက်တိုက် မပြောင်းလဲတဲ့ ပွဲထွက် စာရင်းကို သုံးခဲ့တာ ဖြစ်ပြီး ပဲလေ့စ်နဲ့ ပွဲမှာတော့ အပြောင်းအလဲ တချို့ ပြုလုပ်ရတော့မှာပါ။

” လုခ် (ရှော)က ခြေကျင်းဝတ် ယောင်နေတယ်။ ဒီတော့ သူ့ ပြန်ကောင်းလာဖို့ အချိန် လိုသလောက် ကျနော် ပေးရဦးမယ်။ သူက ခြေကျင်းဝတ် လည်ထားတာပါ။ ဘရန်ဒန် (ဝီလီယံ) ကတော့ မျက်လုံး ထိထားတယ်။ ဘယ်လို ဖြစ်လဲ ကျနော်လည်း သေချာ မသိဘူး။ သူတို့ နှစ်ယောက်လုံးကတော့ မနေ့က လေ့ကျင့်ရေးမှာ မပါဘူး။ နှစ်ယောက်လုံးက ယောင်ကိုင်းနေကြတာလေ။ ဒီ ဒဏ်ရာတွေ အယောင်ကျသွားအောင် အချိန်တော့ ပေးရမယ်။ ” လို့ ဆိုးရှားက ဆိုပါတယ်။

ပဲလေ့စ်နဲ့ ပွဲမှာ ရှော မပါဝင်နိုင်ရင်လည်း ချယ်ဆီးနဲ့ ပွဲ အတွက် တမင်ချန်တာမျိုး မဟုတ်ဘဲ ကစားသမား အခြေအနေ ကြောင့် ဖြစ်ပြီး ဝင်ဘာလေပွဲ အမှီ ပြန်ကောင်းလာဖို့ မျှော်လင့်ရပါတယ်။ ဆိုးရှားကတော့ ကြာသပတေးနေ့ ပွဲအတွက် ပွဲထွက် လူစာရင်းက ကြာသပတေး အတွက် ဖြစ်ပြီး တနင်္ဂနွေ အတွက် ကြိုတင်စီစဉ်တာမျိုး လုပ်မှာ မဟုတ်ကြောင်း ထပ်လောင်း ပြောဆိုခဲ့ပါတယ်။

Zawgyi – မန္ခ်က္စတာ ယူနုိက္တက္ဟာ လာမယ့္တနဂၤေႏြ ၀င္ဘာေလမွာ ကန္မယ့္ အက္ဖ္ေအဖလား ဆီမီးဖိုင္နယ္ ပြဲ မတိုင္ခင္ ၾကာသပေတးေန႔ ညမွာေတာ့ ရြိဳင္းေဟာ့ဆန္ရဲ႕ ခရစၥတယ္ပဲေလ့စ္ အသင္းနဲ႕ ယွဥ္ျပိဳင္ ကစားရဖို႔ ရွိေနပါတယ္။

ဆုဖလား အခြင့္ အေရး အတြက္ အေရးၾကီးတဲ့ အက္ဖ္ေအပြဲ ရွိေနေပမယ့္ နည္းျပ ဆိုးရွားကေတာ့ အသင္း ၾကယ္ပြင့္ ကစားသမားေတြကို တမင္ ခ်န္ အနားယူေစတာမ်ိဳး ျပဳလုပ္ဖို႔ မရွိေၾကာင္း ဆိုခဲ့ျပီး ကစားသမား နွစ္ဦးကေတာ့ ဒဏ္ရာေတြေၾကာင့္ ပါ၀င္နိုင္ဖြယ္ မရွိေၾကာင္း အတည္ျပဳ ေျပာဆိုခဲ့ပါတယ္။

ထိုနွစ္ဦးကေတာ့ လုခ္ေရွာနဲ႕ ဘရန္ဒန္ ၀ီလီယံတို႔ နွစ္ဦးပါ။ ပဲေလ့စ္နဲ႕ ပြဲျပီးရင္ ယူနုိက္တက္ဟာ ၄၈ နာရီ မျပည့္ခင္မွာတင္ပဲ ခ်ယ္ဆီးနဲ႕ ဆီမီးဖိုင္နယ္ပြဲ ကစားရမွာ ျဖစ္ပါတယ္။

ဆုိုးရွားကေတာ့ သူ႔ အသင္းသားေတြ အေပၚ ယံုၾကည္အားထားမႈ အျပည့္ ရွိထားပါတယ္။ ဆိုးရွားဟာ ျပီးခဲ့တဲ့ လိဂ္ပြဲ ငါးပြဲ ဆက္တိုက္ မေျပာင္းလဲတဲ့ ပြဲထြက္ စာရင္းကို သံုးခဲ့တာ ျဖစ္ျပီး ပဲေလ့စ္နဲ႕ ပြဲမွာေတာ့ အေျပာင္းအလဲ တခ်ိဳ႕ ျပဳလုပ္ရေတာ့မွာပါ။

” လုခ္ (ေရွာ)က ေျခက်င္း၀တ္ ေယာင္ေနတယ္။ ဒီေတာ့ သူ႔ ျပန္ေကာင္းလာဖို႔ အခ်ိန္ လိုသေလာက္ က်ေနာ္ ေပးရဦးမယ္။ သူက ေျခက်င္း၀တ္ လည္ထားတာပါ။ ဘရန္ဒန္ (၀ီလီယံ) ကေတာ့ မ်က္လံုး ထိထားတယ္။ ဘယ္လို ျဖစ္လဲ က်ေနာ္လည္း ေသခ်ာ မသိဘူး။ သူတို႔ နွစ္ေယာက္လံုးကေတာ့ မေန႔က ေလ့က်င့္ေရးမွာ မပါဘူး။ နွစ္ေယာက္လံုးက ေယာင္ကိုင္းေနၾကတာေလ။ ဒီ ဒဏ္ရာေတြ အေယာင္က်သြားေအာင္ အခ်ိန္ေတာ့ ေပးရမယ္။ ” လို႔ ဆုိးရွားက ဆိုပါတယ္။

ပဲေလ့စ္နဲ႕ ပြဲမွာ ေရွာ မပါ၀င္နုိင္ရင္လည္း ခ်ယ္ဆီးနဲ႕ ပြဲ အတြက္ တမင္ခ်န္တာမ်ိဳး မဟုတ္ဘဲ ကစားသမား အေျခအေန ေၾကာင့္ ျဖစ္ျပီး ၀င္ဘာေလပြဲ အမွီ ျပန္ေကာင္းလာဖို႔ ေမွ်ာ္လင့္ရပါတယ္။ ဆိုးရွားကေတာ့ ၾကာသပေတးေန႔ ပြဲအတြက္ ပြဲထြက္ လူစာရင္းက ၾကာသပေတး အတြက္ ျဖစ္ျပီး တနဂၤေႏြ အတြက္ ၾကိဳတင္စီစဥ္တာမ်ိဳး လုပ္မွာ မဟုတ္ေၾကာင္း ထပ္ေလာင္း ေျပာဆိုခဲ့ပါတယ္။