ချယ်ဆီးနဲ့ ရော်နယ်ဒို၊ ဖီဖာဆီက လျော်ကြေး ရမယ့် မန်စီးတီး၊ မူဒရစ် ရဖို့ ခက်နေတဲ့ ဂန်းနားများနဲ့ ယနေ့ညပိုင်း ဘောလုံးသတင်းများ

ရော်နယ်ဒိုဟာ အသင်းသစ်ရှာဖွေနေစဉ်အတွင်း ရီးရဲလ်မက်ဒရစ်ဥက္ကဌ ပီရက်ဇ်ထံ ဆက်သွယ် အကူအညီ တောင်းခံပြီးနောက် အသင်းဟောင်းမှာ တကိုယ်တော် လေ့ကျင့်မှုတွေ စတင်ပြုလုပ်ခဲ့ပါတယ်။

ချယ်ဆီးအသင်းဟာ ရော်နယ်ဒိုအပေါ် ပြန်လည် စိတ်ဝင်စားလာတာကြောင့် ပေါ်တူဂီ တိုက်စစ်မှူးဟာ ပရီးမီးယားလိဂ်ထံ ချက်ချင်း ပြန်လာရနိုင်တဲ့ အလားအလာ ရှိပါတယ်။

အာဆင်နယ် အသင်းဟာ သူတို့ရဲ့ ထိပ်တန်းပစ်မှတ် မိုင်ခေလို မူဒရစ် အတွက် နယူးကာဆယ်၊ တခြားသော ပရီးမီးယားလိဂ် ကလပ်များစွာနဲ့ အတူ အပြိုင်ကြိုးစားနေရပါတယ်။

ချယ်ဆီးဟာ လက်ရှိ ဒဏ်ရာပြဿနာတွေ ရှိနေပေမယ့်လဲ ဇန်နဝါရီ အပြောင်းအရွှေ့ကာလမှာ အငှားချထားတဲ့ တိုက်စစ်မှုး လူကာကူကို ပြန်လည် ခေါ်ယူနိုင်မှာ မဟုတ်ပါဘူး။

ပြင်သစ် အသင်း နည်းပြ အဖွဲ့ဝင်တွေ က ရာဘီယော့နဲ့ အူပါမီကာနိုတို့ တုပ်ကွေးမိခြင်းအတွက် အင်္ဂလန်အသင်းကို ပြစ်တင် ပြောဆို ခဲ့ပါတယ်။

အစ္စကိုဟာ ၆လသာ ကြာပြီးနောက် ဆီဗီလာရဲ့ အရောင်းတင်ခံရတာနဲ့အတူ အာဆင်နယ်နဲ့စပါးတို့က သူ့အခြေအနေကို သတိပြုစောင့်ကြည့်နေပါတယ်။

ခရစ္စတီယာနို ရော်နယ်ဒိုဟာ သူ့မွေးရပ်မြေ မာဒေးယားမှာ အိမ်ခြံမြေစီမံကိန်းတစ်ခုနဲ့အတူ တိုးပွားနေပြီးသား စီးပွားရေး လုပ်ငန်းကို ချဲ့ထွင်သွားဦးမှာပါ။

မန်စီးတီးဟာ တခြားကလပ်တွေထက် အများဆုံးအဖြစ် ကာတာ ကမ္ဘာ့ဖလားအတွက် ၁၆ယောက် လွှတ်ပေး ခဲ့ရ တာကြောင့် ဖီဖာထံကနေ ပေါင် ၄.၅သန်း ရရှိသွားဖို့ ရှိပါတယ်။

ချယ်ဆီးဟာ ဒေါ့မွန်ကြယ်ပွင့် မိုကိုကိုအတွက် ယူနိုက်တက်၊ လီဗာပူးတို့နဲ့ အပြိုင်ဖြစ်နေပေမယ့် စိတ်ဝင်စားတဲ့ ကလပ်တွေအနေနဲ့ သူ့ကို အရံခုံ ထိုင်ခိုင်းဖို့ ခေါ်တာမဟုတ်ဘူးဆိုတာ ကတိပေးဖို့ လိုအပ်မှာ ဖြစ်ပါတယ်။

ယူနိုက်တက်ကို ဝယ်ယူမယ့် အသင်းပိုင်ရှင်သစ်တွေဟာ ကလပ်ကို ထိပ်တန်းပြန်ရောက်စေဖို့ ပိုကြီးမားတဲ့ ငွေအင်အား သုံးစွဲခွင့် ပေးလိမ့်မယ်လို့ နည်းပြ တန်ဟက်ကို ပြောထားပါတယ်။

ဂျာမန်နဲ့ ရီးရဲလ်မက်ဒရစ်ဂန္တဝင် တိုနီခရူးစ်ဟာ လစ်လပ်နေတဲ့ နိုင်ငံအသင်း နည်းစနစ်ဒါရိုက်တာနေရာအတွက် အာဆင်နယ် နောက်ခံလူဟောင်း မာတီဆက်ကာကို အလိုရှိကြောင်း ပြောဆိုခဲ့ပါတယ်။

ချယ်ဆီးနဲ့ စပါးတို့ဟာ အမေရိကန် ကမ္ဘာ့ဖလားကြယ်ပွင့် ဝက်စတန် မက်ကန်နီအတွက် ငွေပြတ်လပ်နေတဲ့ ဂျူဗင်တပ်ကို အငိုက်ဝင်ဖမ်းဖို့ ကြိုးစားနေပါတယ်။