ယနေ့ နောက်ဆုံးရ ယူနိုက်တက် ညနေခင်းသတင်းများ (15/07/20)

မန်စီးတီးဟာ ကုန်ခဲ့တဲ့ ၅ နှစ်တာအတွင်း ပရီးမီးယားလိဂ်မှာ ပြောင်းရွှေ့ကြေး သုံးစွဲမှု အမြင့်ဆုံးအဖြစ် ပေါင် ၁ ဘီလီယံ သုံးစွဲခဲ့ ပေမယ့် ဂွာဒီယိုလာကတော့ သူ့အသင်းက မန်ချက်စတာပြိုင်ဘက် ယူနိုက်တက်လောက် ငွေသုံးမကြမ်းပါဘူးဆိုပြီး ပြောဆိုခဲ့ပါတယ်။

ယူနိုက်တက် တိုက်စစ်မှူး ရက်ဖို့ဒ်ဟာ ကိုဗစ်ကာလအတွင်း ကလေးသူငယ်တွေ စားနပ်ရိက္ခာအတွက် ပံ့ပိုး တိုက်ပွဲဝင်ခဲ့တဲ့ လုပ်ရပ်ကြောင့် မန်ချက်စတာတက္ကသိုလ်က ဂုဏ်ထူးဆောင် ပါရဂူဘွဲ့ ချီးမြှင့်တော့မှာ ဖြစ်ပါတယ်။

သီတင်းပတ်ကုန်မှာ ဆုဖလား အခွင့်အရေး အတွက် အရေးကြီးတဲ့ အက်ဖ်အေ ဆီမီးဖိုင်နယ်ပွဲ ရှိနေပေမယ့် နည်းပြ ဆိုးရှားကတော့ အသင်း ကြယ်ပွင့် ကစားသမားတွေကို ပဲလေ့စ်နဲ့ ပွဲမှာ တမင် ချန် အနားယူစေတာမျိုး ပြုလုပ်ဖို့ မရှိကြောင်း ဆိုးရှားက ပြောဆိုခဲ့ပါတယ်။

ဒါပေမယ့် ခြေကျင်းဝတ် ဒဏ်ရာ ရထားတဲ့ လုခ်ရှောနဲ့ မျက်လုံး ထိခိုက်ထားတဲ့ ဘရန်ဒန် ဝီလီယံတို့ နှစ်ဦး ကတော့ ခရစ္စတယ်ပဲလေ့စ်နဲ့ ပွဲမှာ ပါဝင်နိုင်မှာ မဟုတ်ကြောင်း ဆိုးရှားက အတည်ပြု ပြောဆိုခဲ့ပါတယ်။

ဝေဖန်မှုတွေ ခံနေရပေမယ့် ဒီဂီယာဟာ ကမ္ဘာ့အကောင်းဆုံး ဂိုးသမားတွေထဲက တစ်ယောက် ဖြစ်ကြောင်း ယူနိုက်တက် အသင်းဖော် မာတစ်က ထောက်ခံ ချီးကျူးလိုက်ပါတယ်။

ယူနိုက်တက်ဟာ ဇန်နဝါရီလထဲက မြို့ခံ ပြိုင်ဘက် စီးတီးနဲ့ ရင်ဆိုင်ရတဲ့ ပွဲစဉ်မှာ ၃-၁ နဲ့ ရှုံးနိမ့်ခဲ့ရပြီးနောက် နည်းပြ ဆိုးရှားဟာ အသင်း အတွက် တိုက်စစ်မှူးသစ် တစ်ယောက် ခေါ်ကို ခေါ်ရမယ်လို့ ဆုံးဖြတ်ချက် ချဖြစ်ခဲ့ကြောင်း the Athletic သတင်းဌာနက ဖော်ထုတ်ခဲ့ပါတယ်။

ယူနိုက်တက်ဟာ မန်နေဂျာဆိုးရှားအတွက် နွေဈေးကွက်မှာ အသုံးစရိတ်တွေ ပံ့ပိုးပေးနိုင်ဖို့ ကလပ်ရဲ့ ကစားသမား ၆ ဦးလောက်ထိကို ရောင်းထုတ်မှာဖြစ်ကာ ကမ်းလှမ်းမှုတွေကို နားထောင်ပေးမယ်လို့ တယ်လီဂရပ်က ဖော်ပြပါတယ်။

အင်တာမီလန်အသင်းဟာ ယူနိုက်တက် တိုက်စစ်မှူး မာရှယ်ကို အလိုရှိနေတာကြောင့် ခံစစ်မှူး စခရင်နီရာကို အလိုက်ပေးကာ ကမ်းလှမ်းသွားရန် ပြင်ဆင်နေပါတယ်။ ယူနိုက်တက်က မာရှယ် အတွက် ပေါင် သန်း ၆၀ တန်ကြေး သတ်မှတ်ထားတာကြောင့် ကစားသမား အလိုက် ထည့်ပေးကာ ပြောင်းရွှေ့ကြေး ငွေသား ပမာဏ လျှော့ချရန် အင်တာက မျှော်လင့်နေပါတယ်။

Zawgyi – မန္စီးတီးဟာ ကုန္ခဲ့တဲ့ ၅ ႏွစ္တာအတြင္း ပရီးမီးယားလိဂ္မွာ ေျပာင္းေ႐ႊ႕ေၾကး သုံးစြဲမႈ အျမင့္ဆုံးအျဖစ္ ေပါင္ ၁ ဘီလီယံ သုံးစြဲခဲ့ ေပမယ့္ ဂြာဒီယိုလာကေတာ့ သူ႔အသင္းက မန္ခ်က္စတာၿပိဳင္ဘက္ ယူႏိုက္တက္ေလာက္ ေငြသုံးမၾကမ္းပါဘူးဆိုၿပီး ေျပာဆိုခဲ့ပါတယ္။

ယူနိုက္တက္ တိုက္စစ္မွဴး ရက္ဖို႔ဒ္ဟာ ကိုဗစ္ကာလအတြင္း ကေလးသူငယ္ေတြ စားနပ္ရိကၡာအတြက္ ပံ့ပိုး တိုက္ပြဲ၀င္ခဲ့တဲ့ လုပ္ရပ္ေၾကာင့္ မန္ခ်က္စတာတကၠသိုလ္က ဂုဏ္ထူးေဆာင္ ပါရဂူဘြဲ႕ ခ်ီးျမွင့္ေတာ့မွာ ျဖစ္ပါတယ္။

သီတင္းပတ္ကုန္မွာ ဆုဖလား အခြင့္အေရး အတြက္ အေရးႀကီးတဲ့ အက္ဖ္ေအ ဆီမီးဖိုင္နယ္ပြဲ ရွိေနေပမယ့္ နည္းျပ ဆိုးရွားကေတာ့ အသင္း ၾကယ္ပြင့္ ကစားသမားေတြကို ပဲေလ့စ္နဲ႕ ပြဲမွာ တမင္ ခ်န္ အနားယူေစတာမ်ိဳး ျပဳလုပ္ဖို႔ မရွိေၾကာင္း ဆိုးရွားက ေျပာဆိုခဲ့ပါတယ္။

ဒါေပမယ့္ ေျခက်င္း၀တ္ ဒဏ္ရာ ရထားတဲ့ လုခ္ေရွာနဲ႕ မ်က္လံုး ထိခုိက္ထားတဲ့ ဘရန္ဒန္ ဝီလီယံတို႔ ႏွစ္ဦး ကေတာ့ ခရစၥတယ္ပဲေလ့စ္နဲ႕ ပြဲမွာ ပါ၀င္နုိင္မွာ မဟုတ္ေၾကာင္း ဆိုးရွားက အတည္ျပဳ ေျပာဆိုခဲ့ပါတယ္။

ေ၀ဖန္မႈေတြ ခံေနရေပမယ့္ ဒီဂီယာဟာ ကမၻာ့အေကာင္းဆံုး ဂိုးသမားေတြထဲက တစ္ေယာက္ ျဖစ္ေၾကာင္း ယူနုိက္တက္ အသင္းေဖာ္ မာတစ္က ေထာက္ခံ ခ်ီးက်ဴးလိုက္ပါတယ္။

ယူႏိုက္တက္ဟာ ဇန္နဝါရီလထဲက ၿမိဳ႕ခံ ၿပိဳင္ဘက္ စီးတီးနဲ႔ ရင္ဆိုင္ရတဲ့ ပြဲစဥ္မွာ ၃-၁ နဲ႔ ရႈံးနိမ့္ခဲ့ရၿပီးေနာက္ နည္းျပ ဆိုးရွားဟာ အသင္း အတြက္ တိုက္စစ္မႉးသစ္ တစ္ေယာက္ ေခၚကို ေခၚရမယ္လို႔ ဆုံးျဖတ္ခ်က္ ခ်ျဖစ္ခဲ့ေၾကာင္း the Athletic သတင္းဌာနက ေဖာ္ထုတ္ခဲ့ပါတယ္။

ယူႏုိက္တက္ဟာ မန္ေနဂ်ာဆိုးရွားအတြက္ ေႏြေစ်းကြက္မွာ အသံုးစရိတ္ေတြ ပံ့ပိုးေပးႏုိင္ဖို႔ ကလပ္ရဲ႕ ကစားသမား ၆ ဦးေလာက္ထိကို ေရာင္းထုတ္မွာျဖစ္ကာ ကမ္းလွမ္းမႈေတြကို နားေထာင္ေပးမယ္လို႔ တယ္လီဂရပ္က ေဖာ္ျပပါတယ္။

အင္တာမီလန္အသင္းဟာ ယူနုိက္တက္ တိုက္စစ္မွဴး မာရွယ္ကို အလိုရွိေနတာေၾကာင့္ ခံစစ္မွဴး စခရင္နီရာကို အလိုက္ေပးကာ ကမ္းလွမ္းသြားရန္ ျပင္ဆင္ေနပါတယ္။ ယူနိုက္တက္က မာရွယ္ အတြက္ ေပါင္ သန္း ၆၀ တန္ေၾကး သတ္မွတ္ထားတာေၾကာင့္ ကစားသမား အလိုက္ ထည့္ေပးကာ ေျပာင္းေရႊ႕ေၾကး ေငြသား ပမာဏ ေလွ်ာ့ခ်ရန္ အင္တာက ေမွ်ာ္လင့္ေနပါတယ္။