ဇန်နဝါရီ အပြောင်းအရွှေ့မှာ အာဆင်နယ်က ကစားသမားသစ်တွေ ခေါ်ယူအားဖြည့်မှာ ဖြစ်ကြောင်း နည်းပြ အာတီတာက အတည်ပြု ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။ မာတင်နယ်လီရဲ့ စာချုပ်သစ်နဲ့ ပတ်သတ်ပြီး မေးမြန်းခံရရာမှာတော့ အာတီတာက ဖြေဆိုဖို့ ငြင်းဆန်ခဲ့ပါတယ်။
အင်တာမီလန် အသင်းရဲ့ စိတ်ဝင်စားခြင်း ခံနေရတဲ့ ချယ်ဆီး ခံစစ်မှုး ကူလီဘာလေ ဟာ စီးရီးအေ သို့ ပြန်သွားဖွယ် ရှိတယ်လို့ သတင်း ထွက်လာပါတယ်။
မန်ချက်စတာ ယူနိုက်တက်ဟာ ပေါ်တူဂီ လက်ရွေးစင် တိုက်စစ်သမား ဂွန်ကာလို ရာမို့စ်ကို ခေါ်ယူဖို့ ဦးစားပေး ပစ်မှတ် ထားလာပါတယ်။ ဘင်ဖီကာ ဘက်ကတော့ စာချုပ်ဖျက်သိမ်းကြေး ယူရို သန်း ၁၂ဝ မှ မရရင် သူတို့ ကစားသမား ကို လက်လွှတ်ဖွယ် မရှိပါဘူး။

ချယ်ဆီးအသင်းဟာ ဘရာဇီး အံ့ဖွယ် ကွင်းလယ် ကစားသမားလေး အင်ဒရေ ဆန်တးတို့စ်ကို ယူရို သန်း ၂ဝ နဲ့ ခေါ်ယူနိုင်ခဲ့ပြီ ဖြစ်ကြောင်း သတင်းထောက် ရိုမန်နို က ဖော်ထုတ်ထားပါတယ်။
ပီအက်စ်ဂျီအသင်းဟာ ယူနိုက်တက်ရဲ့ ဘရာဇီး ကွင်းလယ်သမား ဖရက်ကို ခေါ်ဖို့ စိတ်ဝင်စားနေပါတယ်။ ယူနိုက်တက် က ဖရက် အတွက် ပေါင် သန်း ၃ဝ ရရင် ရောင်းချလိုပါတယ်။
ယူနိုက်တက် နည်းပြ တန်ဟက်ဟာ သူ ချောင်ထိုးထားခဲ့တဲ့ ညာစွန်ခံစစ်သမား ဝမ် ဘစ်ဆာကာ ကို ပွဲ ကစားခွင့်တွေ ပြန်ပေးသွားဖို့ ရှိနေကြောင်း အင်္ဂလန် သတင်းတွေက ဖော်ပြလာပါတယ်။

မန်ချက်စတာ စီးတီးဟာ ပရက်စ်စတန် နော့အမ်း ကလပ်အသင်းမှ အသက် ၁၆ နှစ်အရွယ် ဘရာဇီးလူငယ်လေး ဖိလစ်ပီ ကို ခေါ်ယူဖို့ ဝင်ရောက် ကြိုးပမ်းတော့မှာပါ။ အဆိုပါ လူငယ်လေးကို တော့တင်ဟမ်၊ နယူးကာဆယ်၊ လီဗာပူးနဲ့ မန်ချက်စတာ ယူနိုက်တက် တို့ကလည်း စောင့်ကြည့်နေပါတယ်။
အာဆင်နယ်အသင်းဟာ ဒီ ဇန်နဝါရီမှာ ဂျူဗင်တပ် ကွင်းလယ်ကစားသမား ရာဘီရော့ ကို ခေါ်ယူဖို့ နီးစပ်နေကြောင်း အီတလီ သတင်းတွေက ဆိုပါတယ်။
ဘာစီလိုနာ အသင်းက စီးတီးကွင်းလယ်လူ ဘာနာဒို ဆေးလ်ဗား ကို ခေါ်ယူဖို့ အစီအစဉ် မရှိကြောင်း ငြင်းချက် ထုတ်လာပါတယ်။
