အန်ဇိုနဲ့ ပုဂ္ဂိုလ်ရေး ဆွေးနွေးနေတဲ့ ချယ်ဆီး၊ ဂရေးလစ်ချ်လို ဈေး ပေးလို့ တောင်းနေတဲ့ ရှက်တာ နဲ့ နေ့လည်ခင်း ထူးခြား သတင်းများ

ရှက်တာဒိုးနက် ဒါရိုက်တာ နီကိုလိုနီက မူဒရစ်ကို လိုချင်ရင် အာဆင်နယ်က ဂျက်ဂရေးလစ်ချ် လို ဈေး (မန်စီးတီး ပေးခဲ့တဲ့ ပေါင် သန်း ၁ဝဝ) လောက် ပေးမှ ဖြစ်မယ်လို့ တုန့်ပြန်လိုက်ပါတယ်။

ဝေးလ်ဟာ ကမ္ဘာ့ဖလားမှာ အုပ်စုအဆင့်ကနေ ထွက်ခဲ့ရပြီးနောက် အာရွန် ရမ်ဆေးတစ်ယောက် ကလပ်အသင်းထံ ပြန်မလာသေးဘူးလို့ ကလပ်နည်းပြ လူစီယန် ဖေဗရီက ပြောဆိုခဲ့ပါတယ်။

ဂတ်တူဆို ဟာ သူ့ကစားသမားဘဝမှာ ရိန်းဂျားထံ မပြောင်းခဲ့ဘူးဆိုရင် ဖခင်ဖြစ်သူက နာကျင်အောင် လုပ်မယ်လို့ ခြိမ်းခြောက်ခဲ့တဲ့အကြောင်း ဖွင့်ဟလာခဲ့ပါတယ်။

ချယ်ဆီးဟာ အန်ဇို ဖာနန်ဒက်စ် အတွက် စာချုပ်ဖျက်သိမ်းကြေး ယူရို သန်း ၁၂ဝ နဲ့ ကမ်းလှမ်းပြီးနောက် ကစားသမားနဲ့ ပုဂ္ဂိုလ်ရေး သဘောတူညီမှု ရဖို့ ဆက်ဆွေးနွေးနေပါတယ်။ ဘင်ဖီကာ ကတော့ အန်ဇို ကို မရောင်းချလိုပါဘူး။

အေဂျက်အသင်းဟာ မန်ချက်စတာ ယူနိုက်တက် နောက်ခံလူဟောင်း ဒါလေဘလိုင်းကို စာချုပ်ဖျက်သိမ်းပြီး အလွှတ်ဖြင့် ထွက်ခွင့်ပေးလိုက်ပြီ ဖြစ်ပါတယ်။

အဲဗာတန်ကနေ အငှားခေါ်ယူလိုနေတဲ့ အန်သိုနီ အီလန်ဂါဟာ မန်ချက်စတာ ယူနိုက်တက်မှာ ပုံမှန် ပွဲထွက်ခွင့် နေရာတစ်ခု မရယူနိုင်သေးတဲ့အပေါ် ပိုပိုပြီး စိတ်ပျက်လာနေပါတယ်။

ပီအက်စ်ဂျီနည်းပြ ဂယ်တီယာဟာ မက်ဆီနဲ့ အမ်ဘာပေကြား ဘာပြဿနာမှ မရှိဘူးလို့ ဖြေရှင်းခဲ့ပါတယ်။

ဆောက်သမ်တန်ဟာ အက်စ်တွန်ဗီလာမှာ အငှားကစားနေတဲ့ ဂျန်ဘက်နာရက်ကို ပြန်လည်ခေါ်ယူဖို့ စဉ်းစားနေပါတယ်။

မန်ချက်စတာ ယူနိုက်တက်နည်းပြ တန်ဟက်ဟာ နွေရာသီမှာ ခံစစ်ကို အားဖြည့်ဖို့ ဖရီးအေးဂျင့် ဖြစ်လာတော့မယ့် အင်တာဗဟိုနောက်ခံလူ ဒီဗရစ်ကို ခေါ်ယူချင်နေပါတယ်။

ယူနိုက်တက်ဟာ ရော်နယ်ဒိုနေရာအတွက် တတ်နိုင်တဲ့ အစားထိုးစရာတစ်ခု ရှာဖွေနေတာဖြစ်သလို ရန်းနက်စ် တိုက်စစ်မှူး မာတင် တာရီယာက ပစ်မှတ်တစ်ခုအဖြစ် ပြန်လည်ပေါ်ထွက်လာခဲ့ပါတယ်။

လီဗာပူးဟာ နာပိုလီတောင်ပံကစားသမား လိုဇာနိုကို ခေါ်ယူဖို့ အကောင်းဆုံးအနေအထားမှာ ရှိနေပြီလို့ အီတလီ သတင်းတွေက ဆိုပါတယ်။

လိုင်လီနဲ့ ကနေဒါ တိုက်စစ်မှူး ဂျွန်နသန်ဒေးဗစ်ဟာ တချိန်ကျရင် ပရီးမီးယားလိဂ်မှာကစားဖို့ ရည်မှန်းထားကြောင်း ပြောဆိုခဲ့ပါတယ်။