ယနေ့ နောက်ဆုံးရ ယူနိုက်တက် ညနေခင်းသတင်းများ (16/07/20)

မန်ချက်စတာ ယူနိုက်တက် အသင်းမှာ အထူးခြေစွမ်းပြကစားနေတဲ့ ဆယ်ကျော်သက်တိုက်စစ်မှူးလေး မေဆန်ဂရင်းဝုဒ်ကို ခရစ္စတယ်ပဲလေ့စ် အသင်းက အငှါးခေါ်ယူဖို့ ကြိုးစားခဲ့ဖူးသလို အခုလည်း အလိုရှိနေဆဲလို့ ပဲလေ့စ်နည်းပြ ရွိုင်းဟော့ဆန်က ပြောဆိုခဲ့ပါတယ်။

ယူနိုက်တက်ဟာ လက်ရှိ ဘောလုံးရာသီ အကုန်မှာပဲ ပြင်သစ်သား ကွင်းလယ်ကစားသမား ပေါ့ဘာကို နောက်ထပ် ၅ နှစ် သက်တမ်းတိုး စာချုပ်သစ်တစ်ရပ် ချုပ်ဆိုတော့မှာ ဖြစ်တယ်လို့ သိရပါတယ်။

ယူနိုက်တက် ကွင်းလယ် ကစားသမား ဘရူနို ဖာနန်ဒက်စ်က သူမြင်ဖူးသမျှထဲမှာ စကေးလ် အကောင်းဆုံး ကစားသမားကတော့ ခရစ္စတီယာနို ရိုနယ်ဒို ဖြစ်တယ်လို့ တခုတ်တရ ထုတ်ဖော် ချီးကျူးလိုက်ပြီး ကလပ်အသင်းဖော် မားကပ် ရက်ဖို့ဒ်ကလည်း ကမ္ဘာ့ အကောင်းဆုံး လူငယ် ကစားသမားတွေထဲက တစ်ယောက် ဖြစ်တယ်လို့ ထည့်သွင်း ပြောဆိုခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက် အသင်းခေါင်းဆောင်လည်း ဖြစ် အဓိက ဗဟိုခံစစ်မှူးလည်း ဖြစ်တဲ့ ဟယ်ရီ မက်ဂွဲရားဟာ ဒဏ်ရာရှိနေလျက်နဲ့ ပွဲအများအပြားကို အကိုက်အခဲ ပျောက်ဆေးတွေ ထိုးကာ ဆက် ကစားပေးနေခဲ့တယ်လို့ သိရပါတယ်။

ယူနိုက်တက်ဟာ ရာသီကုန်မှာ အဆင့် ၄ အတွင်းဝင်ပြီး ချန်ပီယံလိဂ် ဝင်ခွင့်ရဖို့ အာရုံစိုက်နေပြီး ရည်မှန်းချက် ပြည့်တာနဲ့ ဦးစားပေး ပစ်မှတ် ဆန်ချို ကို ဈေးမဆစ်တော့ဘဲ အရ ဝယ်ယူရန် ပြင်ဆင်နေပါတယ်။

လူငယ် ဂိုးသမား ဒင်းဟန်ဒါဆန်က ယူနိုက်တက် ပွဲထွက် ဂိုးသမား နေရာ အလိုရှိလို့ တွန်းအားပေး နေပေမယ့် ဒီဂီယာကတော့ ယူနိုက်တက် အတွက် နောက်ထပ် ပွဲ ၄၀၀ လောက် ကစားချင်သေးတယ်လို့ ပြောဆိုလိုက်ပါတယ်။

ယူနိုက်တက် နည်းပြ ဆိုးရှားကတော့ လာမယ့် တနင်္ဂနွေ ဝင်ဘာလေမှာ ကန်ရမယ့် အက်ဖ်အေဖလား ဆီမီးဖိုင်နယ် ပွဲမှာ ယူနိုက်တက်ထက် ပြိုင်ဘက် ချယ်ဆီးအသင်းက ၄၈ နာရီ လောက် ပို အနားရထားမှာ ဖြစ်လို့ အားသာချက်ကြီး တစ်ရပ် ရှိထားတယ်လို့ ပြောဆိုလိုက်ပါတယ်။

စိန့်နဲ့ ပွဲမှာ အမှတ်လျော့ခဲ့ပေမယ့် ယူနိုက်တက်ဟာ အဆင့် ၄ အတွင်း ဝင်မယ်လို့ တိုက်စစ်မှူးဟောင်း ဘာဘာတော့ဗ်က ယုံကြည်ဆဲ ဖြစ်ပြီး ယူနိုက်တက်ဟာ ပြိုင်ဘက်တွေက နောက်ကလိုက် ကစားရတဲ့ အသင်းမျိုး ဖြစ်ကြောင်း တိုက်တွန်း အားပေးစကား ဆိုခဲ့ပါတယ်။

Zawgyi – မန္ခ်က္စတာ ယူနိုက္တက္ အသင္းမွာ အထူးေျခစြမ္းျပကစားေနတဲ့ ဆယ္ေက်ာ္သက္တိုက္စစ္မႉးေလး ေမဆန္ဂရင္းဝုဒ္ကို ခရစၥတယ္ပဲေလ့စ္ အသင္းက အငွါးေခၚယူဖို႔ ၾကိဳးစားခဲ့ဖူးသလုို အခုလည္း အလိုရွိေနဆဲလို႔ ပဲေလ့စ္နည္းျပ ရြိဳင္းေဟာ့ဆန္က ေျပာဆိုခဲ့ပါတယ္။

ယူနုိက္တက္ဟာ လက္ရွိ ေဘာလံုးရာသီ အကုန္မွာပဲ ျပင္သစ္သား ကြင္းလယ္ကစားသမား ေပါ့ဘာကို ေနာက္ထပ္ ၅ နွစ္ သက္တမ္းတိုး စာခ်ဳပ္သစ္တစ္ရပ္ ခ်ဳပ္ဆိုေတာ့မွာ ျဖစ္တယ္လို႔ သိရပါတယ္။

ယူနုိက္တက္ ကြင္းလယ္ ကစားသမား ဘရူနို ဖာနန္ဒက္္စ္က သူျမင္ဖူးသမွ်ထဲမွာ စေကးလ္ အေကာင္းဆံုး ကစားသမားကေတာ့ ခရစၥတီယာနို ရိုနယ္ဒို ျဖစ္တယ္လို႔ တခုတ္တရ ထုတ္ေဖာ္ ခ်ီးက်ဴးလိုက္ျပီး ကလပ္အသင္းေဖာ္ မားကပ္ ရက္ဖို႔ဒ္ကလည္း ကမၻာ့ အေကာင္းဆံုး လူငယ္ ကစားသမားေတြထဲက တစ္ေယာက္ ျဖစ္တယ္လို႔ ထည့္သြင္း ေျပာဆိုခဲ့ပါတယ္။

မန္ခ်က္စတာ ယူႏိုက္တက္ အသင္းေခါင္းေဆာင္လည္း ျဖစ္ အဓိက ဗဟိုခံစစ္မွဴးလည္း ျဖစ္တဲ့ ဟယ္ရီ မက္ဂြဲရားဟာ ဒဏ္ရာရွိေနလ်က္နဲ႔ ပြဲအမ်ားအျပားကို အကိုက္အခဲ ေပ်ာက္ေဆးေတြ ထိုးကာ ဆက္ ကစားေပးေနခဲ့တယ္လို႔ သိရပါတယ္။

ယူနိုက္တက္ဟာ ရာသီကုန္မွာ အဆင့္ ၄ အတြင္း၀င္ျပီး ခ်န္ပီယံလိဂ္ ၀င္ခြင့္ရဖို႔ အာရံုစိုက္ေနျပီး ရည္မွန္းခ်က္ ျပည့္တာနဲ႕ ဦးစားေပး ပစ္မွတ္ ဆန္ခ်ိဳ ကို ေစ်းမဆစ္ေတာ့ဘဲ အရ ၀ယ္ယူရန္ ျပင္ဆင္ေနပါတယ္။

လူငယ္ ဂိုးသမား ဒင္းဟန္ဒါဆန္က ယူနုိက္တက္ ပြဲထြက္ ဂိုးသမား ေနရာ အလိုရွိလို႔ တြန္းအားေပး ေနေပမယ့္ ဒီဂီယာကေတာ့ ယူနိုက္တက္ အတြက္ ေနာက္ထပ္ ပြဲ ၄၀၀ ေလာက္ ကစားခ်င္ေသးတယ္လို႔ ေျပာဆိုလိုက္ပါတယ္။

ယူနုိက္တက္ နည္းျပ ဆိုးရွားကေတာ့ လာမယ့္ တနဂၤေႏြ ၀င္ဘာေလမွာ ကန္ရမယ့္ အက္ဖ္ေအဖလား ဆီမီးဖိုင္နယ္ ပြဲမွာ ယူနုိက္တက္ထက္ ျပိဳင္ဘက္ ခ်ယ္ဆီးအသင္းက ၄၈ နာရီ ေလာက္ ပို အနားရထားမွာ ျဖစ္လို႔ အားသာခ်က္ၾကီး တစ္ရပ္ ရွိထားတယ္လို႔ ေျပာဆိုလိုက္ပါတယ္။

စိန္႔နဲ႕ ပြဲမွာ အမွတ္ေလ်ာ့ခဲ့ေပမယ့္ ယူနုိက္တက္ဟာ အဆင့္ ၄ အတြင္း ၀င္မယ္လို႔ တိုက္စစ္မွဴးေဟာင္း ဘာဘာေတာ့ဗ္က ယံုၾကည္ဆဲ ျဖစ္ျပီး ယူနုိက္တက္ဟာ ျပိဳင္ဘက္ေတြက ေနာက္ကလိုက္ ကစားရတဲ့ အသင္းမ်ိဳး ျဖစ္ေၾကာင္း တိုက္တြန္း အားေပးစကား ဆုိခဲ့ပါတယ္။