ချယ်ဆီးအသင်းဟာ ဘရာဇီး အံ့ဖွယ် လူငယ်လေး အင်ဒရေ ဆန်းတို့စ်ကို ခေါ်ယူနိုင်ခဲ့ပြီ ဖြစ်ကြောင်း တရားဝင် မိတ်ဆက် ကြေညာသွားပါတယ်။ ဆန်းတို့စ်အတွက် ချယ်ဆီးက ယူရို ၁၂သန်းခွဲ ပေးခဲ့ရတာပါ။
တော့တင်ဟမ် စပါးအသင်းဟာ စပို့တင်း ခံစစ်မှုး ပက်ဒရို ပိုရို ကို ခေါ်ယူနိုင်တော့မှာ ဖြစ်ပါတယ်။ စပိန်သား အတွက် ပေါင် ၃၅ သန်း လောက် သုံးရမှာ ဖြစ်ပြီး လာမယ့် သီတင်းပတ် ကုန်လောက်မှာ အဆင်ပြေဖွယ် ရှိပါတယ်။
ယူနိုက်တက် နည်းပြ အဲရစ်တန်ဟက်ဟာ ဩဂုတ်လတုန်းက ဘရန့်ဖို့ဒ်ကို ရှုံးခဲ့တဲ့အတွင်း ကစားရတာ အရမ်း ပူလွန်းတယ်လို့ စောဒက တက်ခဲ့တဲ့နောက် ကစားသမားတစ်ယောက် အား ညည်းတွားတာတွေ ရပ်တန့်ဖို့ အမိန့်ပေးခဲ့ပြီး ဆင်ခြေပေးတာတွေကို ပိတ်ပင်ဖို့ လုပ်ခဲ့ပါတယ်။
ချယ်ဆီးဟာ အာဆင်နယ် အဓိကပစ်မှတ်ထားနေတဲ့ ရှက်တာဒိုးနက် တိုက်စစ်သမား မူဒရစ်ကို အပြောင်းအရွှေ့မှာ ခေါ်ယူနိုင်ရေးအတွက် ကြားဝင် နှောက်ယှက်ဖွယ် ရှိနေပါတယ်။

ကမ္ဘာ့ဖလားနောက်ပိုင်း မန်စီးတီးရဲ့ စွမ်းဆောင်ရည်ဟာ ပက်ဂွာဒီယိုလာ အနေနဲ့ စာချုပ်သစ်ချုပ်တာ မှန်ကန် ခဲ့ကြောင်း၊ သူ့အသင်းဟာ ဖလားပြိုင်ပွဲမှာ အာဆင်နယ်ကို အမီလိုက်ဖို့ သန္နိဌာန်ချထားကြောင်းအပေါ် သူ့ရဲ့ ယုံကြည်မှုကို ခိုင်မာစေခဲ့ပါတယ်။
ချယ်ဆီးဟာ အန်ဇို ဖာနန်ဒက်ကိုခေါ်ဖို့ အရမ်း ကုန်ကျလွန်းမယ်ဆိုရင် သူ့အစား ဘရိုက်တန်ရဲ့ မက်အယ်လစ်စတာကို ခေါ်ယူဖို့ ပစ်မှတ်ထားနေပါတယ်။
ယူနိုက်တက်ဟာ လူငယ်ကစားသမား ဂါနာချိုကို အာဂျင်တီးနားနဲ့အတူ တောင်အမေရိက ယူ-၂၀ ချန်ပီယံရှစ်အတွက် ကစားပေးဖို့ တားဆီးပိတ်ပင်ခဲ့တယ်လို့ သိရပါတယ်။
မန်ချက်စတာယူနိုက်တက် စီအီးအို ရစ်ချတ်အာနိုးဟာ ကမ္ဘာ့ဖလားမတိုင်ခင် ဆော်ဒီအာရေဗျနဲ့ စပွန်ဆာကိစ္စ ဆွေးနွေးမှု လုပ်ခဲ့ပါတယ်။
ဖရန့်လမ်းပတ် က သူ ချယ်ဆီးကို နည်းပြစဉ်အတွင်း ဟာလန်းကို ခေါ်ယူဖို့ ကြိုးစားခဲ့ကြောင်း ထုတ်ဖော် ပြောဆို ခဲ့ပါတယ်။
