ပေါင် ၅၆ သန်းတန် အာဆင်နယ် တိုက်စစ်မှူးကို ခေါ်ယူနိုင်ဖို့ အင်တာမီလန် ရေပန်းစားလာ

အာဆင်နယ် အသင်းခေါင်းဆောင် တိုက်စစ်မှူး အူဘာမီးယန်းကို အင်တာမီလန် အသင်းက ခေါ်ယူနိုင်တော့မယ်လို့ ရေပန်းအစားဆုံ ဖြစ်လာပါတယ်။ ပေါင် ၅၆ သန်းတန် တိုက်စစ်မှူး အတွက် ကမ်းလှမ်းမှုတွေကို လက်ခံ စဉ်းစားဖို့ အာဆင်နယ်က အသင့် ဖြစ်နေပြီး ပြီးခဲ့တဲ့ အပတ်ကပဲ သက်တမ်းတိုး စာချုပ် ဆွေးနွေးမှုကနေ နောက်ဆုတ်လိုက်ပြီ ဖြစ်ပါတယ်။

အသကသ် ၃၀ အရွယ် တိုက်စစ်မှူးကို နောက် တစ်နှစ်မှာ ပြောင်းရွှေ့ကြေး အလွတ်နဲ့ ဆုံးရှုံးရတာထက် လောလောဆယ် ရောင်းချတာက အကောင်းဆုံး ဖြစ်မယ်လို့ အာဆင်နယ်က ဆုံးဖြတ်လိုက်ပါတယ်။

အင်တာမီလန်နည်းပြ အန်တိုနီယို ကွန်တီက ဂါဘွန်လက်ရွေးစင် တိုက်စစ်မှူးကို ဒီနွေမှာ အီတလီသို့ အရခေါ်ရန် စိတ်အား ထက်သန်နေပြီး အူဘာမီးယန်း အနေနဲ့ ပြောင်းရွှေ့ချင်မလားကိုသာ နားစွင့်ရတော့မှာ ဖြစ်ပါတယ်။

အူဘာမီးယန်းကို အလိုရှိနေတဲ့ အသင်းကတွေကတော့ အများအပြား ရှိနေပြီး မန်ချက်စတာယူနိုက်တက်၊ ချယ်ဆီး၊ ဘာစီလိုနာနဲ့ ရီးရဲလ် မက်ဒရစ် အသင်းတွေပါ ပါဝင်နေပါတယ်။ အင်တာမီလန်ကတော့ ဒီရာသီ ပရီးမီးယာလိဂ်မှာ ဗာဒီနောက် ဒုတိယ သွင်းဂိုး အများဆုံး ဖြစ်နေတဲ့ တိုက်စစ်မူှး အူဘာမီးယန်းကို အရ ခေါ်ယူနိုင်မယ်လို့ ယုံကြည်နေပါတယ်။

ဂါဘွန်သားကို အလိုရှိပါက ၎င်း လက်ရှိ ရနေတဲ့ တစ်ပတ် ပေါင် ၂ သိန်း လစာကို ဆက် ပေးနိုင်ရမယ့် အဓိက တစ်ချက်တော့ ရှိပါတယ်။ အူဘာ ကိုယ်တိုင်ကလည်း အာဆင်နယ်နဲ့ သက်တမ်းတိုး ဆွေးနွေးရာမှာ လစာ တိုးမြှင့် ရလိုခဲ့ပြီး ဂန်းနားတို့ကတော့ မလိုက်လျောနိုင်ခဲ့ပါဘူး။

အင်တာမီလန်ကတော့ ကွန်တီ အလိုရှိနေတဲ့ တိုက်စစ်မှူးကို လာမယ့်ရာသီ အသင်း လူစာရင်းမှာ ထည့်သွင်းနိုင်ဖို့ ညှိနှိုင်း ဖြည့်ဆည်းမှုတွေ ပြုလုပ်ပေးလိုနေပါတယ်။ အာဆင်နယ် အသင်းဘက်ကလည်း အူဘာနေရာ အစားထိုးနိုင်မယ့် တိုက်စစ်မှူးများ ဈေးကွက်ထဲမှာ ရှာဖွေနေပြီ ဖြစ်ပါတယ်။

Zawgyi – အာဆင္နယ္ အသင္းေခါင္းေဆာင္ တိုက္စစ္မွဴး အူဘာမီးယန္းကို အင္တာမီလန္ အသင္းက ေခၚယူနုိင္ေတာ့မယ္လို႔ ေရပန္းအစားဆံုး ျဖစ္လာပါတယ္။ ေပါင္ ၅၆ သန္းတန္ တိုက္စစ္မွဴး အတြက္ ကမ္းလွမ္းမႈေတြကို လက္ခံ စဥ္းစားဖို႔ အာဆင္နယ္က အသင့္ ျဖစ္ေနျပီး ျပီးခဲ့တဲ့ အပတ္ကပဲ သက္တမ္းတိုး စာခ်ဳပ္ ေဆြးေႏြးမႈကေန ေနာက္ဆုတ္လိုက္ျပီ ျဖစ္ပါတယ္။

အသကသ္ ၃၀ အရြယ္ တိုက္စစ္မွဴးကို ေနာက္ တစ္နွစ္မွာ ေျပာင္းေရႊ႕ေၾကး အလြတ္နဲ႕ ဆံုးရွံဳးရတာထက္ ေလာေလာဆယ္ ေရာင္းခ်တာက အေကာင္းဆံုး ျဖစ္မယ္လုိ႔ အာဆင္နယ္က ဆံုးျဖတ္လိုက္ပါတယ္။

အင္တာမီလန္နည္းျပ အန္တိုနီယို ကြန္တီက ဂါဘြန္လက္ေရြးစင္ တိုက္စစ္မွဴးကို ဒီေႏြမွာ အီတလီသို႔ အရေခၚရန္ စိတ္အား ထက္သန္ေနျပီး အူဘာမီးယန္း အေနနဲ႕ ေျပာင္းေရႊ႕ခ်င္မလားကိုသာ နားစြင့္ရေတာ့မွာ ျဖစ္ပါတယ္။

အူဘာမီးယန္းကို အလိုရွိေနတဲ့ အသင္းကေတြကေတာ့ အမ်ားအျပား ရွိေနျပီး မန္ခ်က္စတာယူနုိက္တက္၊ ခ်ယ္ဆီး၊ ဘာစီလိုနာနဲ႕ ရီးရဲလ္ မက္ဒရစ္ အသင္းေတြပါ ပါ၀င္ေနပါတယ္။ အင္တာမီလန္ကေတာ့ ဒီရာသီ ပရီးမီးယာလိဂ္မွာ ဗာဒီေနာက္ ဒုတိယ သြင္းဂိုး အမ်ားဆံုး ျဖစ္ေနတဲ့ တိုက္စစ္မဴွး အူဘာမီးယန္းကို အရ ေခၚယူနိုင္မယ္လို႔ ယံုၾကည္ေနပါတယ္။

ဂါဘြန္သားကို အလိုရွိပါက ၄င္း လက္ရွိ ရေနတဲ့ တစ္ပတ္ ေပါင္ ၂ သိန္း လစာကို ဆက္ ေပးနုိင္ရမယ့္ အဓိက တစ္ခ်က္ေတာ့ ရွိပါတယ္။ အူဘာ ကိုယ္တိုင္ကလည္း အာဆင္နယ္နဲ႕ သက္တမ္းတိုး ေဆြးေႏြးရာမွာ လစာ တိုးျမွင့္ ရလိုခဲ့ျပီး ဂန္းနားတို႔ကေတာ့ မလိုက္ေလ်ာနုိင္ခဲ့ပါဘူး။

အင္တာမီလန္ကေတာ့ ကြန္တီ အလိုရွိေနတဲ့ တိုက္စစ္မွဴးကို လာမယ့္ရာသီ အသင္း လူစာရင္းမွာ ထည့္သြင္းနုိင္ဖို႔ ညွိနိႈင္း ျဖည့္ဆည္းမႈေတြ ျပဳလုပ္ေပးလိုေနပါတယ္။ အာဆင္နယ္ အသင္းဘက္ကလည္း အူဘာေနရာ အစားထိုးနုိင္မယ့္ တိုက္စစ္မွဴးမ်ား ေစ်းကြက္ထဲမွာ ရွာေဖြေနျပီ ျဖစ္ပါတယ္။