မူဒရစ် ကို ထပ်ကမ်းလှမ်းမယ့် အာဆင်နယ်၊ လိုချင်သူတွေ ဝိုင်းလာတဲ့ သူရမ်၊ ကွင်းလယ်ရှာနေတဲ့ လီဗာပူးနဲ့ နောက်ဆုံးရ အပြောင်းအရွှေ့ သတင်းများ

မွန်ချင်ဂလက်ဘက်အသင်း ဟာ တိုက်စစ်မှူး မားကပ် သူရမ်ကို ယူရို၁၂သန်းလောက်နဲ့ ထွက်ခွာခွင့် ပေးနိုင်ဖွယ် ရှိတာကြောင့် ဥရောပကလပ်တွေ သတိပြုစရာ ဖြစ်လာပါတယ်။ သူရမ်ဟာ ဒီရာသီ ၁၅ပွဲမှာ ၁၀ဂိုး သွင်းယူခဲ့တာဖြစ်ပြီး ဇန်နဝါရီမှာ နယူးကာဆယ်၊ မန်ချက်စတာ ယူနိုက်တက်တို့နဲ့ အပြောင်းအရွှေ့ ချိတ်ဆက်မှုတွေ ရှိနေပါတယ်။

ကွင်းလယ် လိုအပ်နေတဲ့ လီဗာပူးဟာ ဇန်နဝါရီမှာ သင့်တော်တဲ့ ကစားသမား တွေ့ရင် အငှားနဲ့ ခေါ်ယူသွားဖို့ ရှိနေပါတယ်။

အာဆင်နယ်အသင်းဟာ မူဒရစ် အတွက် ပြောင်းရွှေ့ကြေး တိုးမြှင့်ပြီး ထပ်မံ ကမ်းလှမ်းမှု ပြုလုပ်တော့မှာပါ။ ကနဦး ကမ်းလှမ်းမှုက ပေါင် ၅၅ သန်းနဲ့ ဖြစ်ပြီး ရှက်တာဒိုးနက်ကတော့ ပေါင် ၈၅ သန်း ထိ ရချင်နေပါတယ်။

အဲဗာတန် နည်းပြ ဖရန့်လမ်းပတ်ဟာ ဂိုးသွင်းသူတစ်ယောက် အသည်းအသန် လိုအပ်နေပြီး ဝါဟီဟာ အဲဗာတန်ရဲ့ တိုက်စစ်ပြဿနာအတွက် အဖြေဖြစ်နိုင်ဖွယ်ရှိပါတယ်။ မောင့်ပယ်လီယာက ဝါဟီအတွက် ပေါင်၂၂သန်းဝန်းကျင် ကမ်းလှမ်းမှုကို လက်ခံသွားဖွယ် ရှိပါတယ်။

လိဒ်စ်ဟာ ရက်ဘူးဆဲဘက်ကနေ မက်ဇီမီလီယန် ဝိုဘာကို ခေါ်ယူဖို့ သဘောတူညီမှု ရရှိခဲ့ပြီဖြစ်ပြီး နောက်ဆုံး ပြောင်းရွှေ့ကြေးက ယူရို၁၂သန်းဝန်းကျင်ဖြစ်မယ်လို့ သိရပါတယ်။

ဝုဗ်ဟာ တိုက်စစ်မှူးသစ်တစ်ယောက် ခေါ်ယူနိုင်ရင် ရာအူးလ်ဂျီမီနက်ဇ်ကို ဇန်နဝါရီမှာ ထွက်ခွာခွင့်ပြုနိုင်ပါတယ်။

မိုချင်ဂလက်ဘက်ဟာ မာနူကိုနေးအတွက် နယူးကာဆယ်ပဲဖြစ်ဖြစ်၊ ပီအက်စ်ဂျီပဲဖြစ်ဖြစ် ပမာဏများများနဲ့ ကမ်းလှမ်းလာဖို့ မျှော်လင့်ထားပါတယ်။ နယူးကာဆယ်ဟာ ကွင်းလယ်လူကို အချိန်အတော်ကြာ သဘောကျနေခဲ့ပေမယ့် ဘဏ္ဍာရေး စည်းမျဉ်းအရ ခေါ်ယူဖို့ အကန့်အသတ် ရှိနေတာပါ။

ဂက်ပိုနဲ့ လွဲခဲ့ရတဲ့ သရဲနီတွေဟာ တိုက်စစ်ကစားသမားတစ်ယောက် ရှာဖွေနေတာဖြစ်ပြီး ဒေါ့မွန် တိုက်စစ်မှူး မိုကိုကို ဟာ အဲရစ်တန်ဟက်ရဲ့ အစီအစဉ်မှာ ကွက်တိအံဝင်နိုင်မယ် ရှုမြင်ခံနေရပါတယ်။

အဲလက်စ်ဆန်ဒရိုဟာ ဇွန်လမှာ ဖရီးအေးဂျင့်အနေနဲ့ ဂျူဗင်တပ်ကနေ ထွက်ခွာဖို့ မျှော်လင့်ရပါတယ်။ ဂျူဗင်တပ်ဟာ ရာသီကုန်မှာ သူ့ကို တစ်နှစ် စာချုပ်သက်တမ်း ထပ်တိုးဖို့ ရွေးချယ်စရာ ရှိပေမယ့် အသုံးချသွားမှာ မဟုတ်ပါဘူး။