ေနာက္ဆံုးရ လီဗာပူးနဲ႕ ယူနိုက္တက္ သတင္းတိုမ်ား

လီဗာပူးအသင္းဟာ ဗလင္စီယာအသင္းထံမွ ေပါင္ ၈၆ သန္းတန္ ေတာင္ပံတိုက္စစ္သမား ဖာရန္ ေတာရက္စ္ကို အလိုရွိေနျပီး စပိန္သားကို ရီးရဲလ္မက္ဒရစ္နဲ႕ ဘာစီလိုနာ နွစ္သင္းလံုးကလည္း ေခၚယူလိုေနတယ္လို႔ သိရပါတယ္။

လုိက္ပ္ဇစ္ အားကစားဒါရိုက္တာ ျဖစ္သူကေတာ့ အသင္း တိုက္စစ္မွဴး တီမို၀ါနာက လာမယ့္ေႏြမွာ အသင္းေျပာင္းမယ့္ သတင္းမ်ား အေပၚ ေလွ်ာ့ခ် ေျပာဆိုလိုက္ျပီး တီမို၀ါနာက အသင္းနဲ႕ ကာလရွည္ စာခ်ဳပ္ရွိသူပါလို႔ အသိေပးလိုက္ပါတယ္။ တီမို၀ါနာက လီဗာပူးအသင္းနဲ႕ သတင္းၾကီးေနသူပါ။

လီဗာပူး တည္ေဆာက္ထားတဲ့ ေဘာလံုး ရာသီေကာင္းဟာ ဒီတေလာ ရွံဳးပြဲေတြေၾကာင့္ အသင္းဟာ ပရီးမီးယားလိဂ္ဖလားမွ်သာ ရယူနုိင္မယ္လို႔ အဆိုးျမင္ မွတ္ခ်က္မျပဳသင့္ၾကေၾကာင္း ခံစစ္မွဴး ဗန္ဒိုက္က ေျပာဆိုလိုက္ပါတယ္။

ရိုးမားမွာ အငွားသြားကစားရင္း ေျခစြမ္းျပေနတဲ့ ယူနိုက္တက္ ခံစစ္မွဴး စေမာလင္းရဲ႕ အေျခအေနကို အဂၤလန္နည္းျပ ေဆာက္ဂိတ္က အားရေနျပီး ယခင္က စေမာလင္းကို ေ၀ဖန္ခဲ့မိတာ အတြက္ ေနာင္တရမိေၾကာင္း ၀န္ခံ ေျပာဆိုခဲ့ပါတယ္။

ဘရူနို ဖာနန္ဒက္စ္ဟာ ယူနိုက္တက္ကို ေရာက္လာျပီးတည္းက အသင္းမွာ ရွိတဲ့ လူကုန္ကို အရွိန္ျမွင့္တင္ေပးနိုင္ခဲ့ေၾကာင္း ရိုင္ယန္ ဂစ္က ခ်ီးက်ဴးစကား ဆိုလိုက္ပါတယ္။

အက္ဖ္ေအဖလား ကြာတားဖိုင္နယ္အဆင့္ မဲခြဲရလဒ္မ်ား ထြက္ေပၚလာရာ ယူနိုက္တက္ဟာ ဒါဘီကို အနိုင္ယူျပီး ေနာက္တစ္ဆင့္ တက္ေရာက္ နုိင္ပါက ေနာ၀စ္ခ်္ အသင္းနဲ႕ ထိပ္တိုက္ေတြ႔မွာ ျဖစ္ပါတယ္။ ေနာ၀စ္ဟာ စပါးကို ပင္နယ္တီ အဆံုးအျဖတ္မွာ အနိုင္ယူျပီး ကြာတား တက္လာတာ ျဖစ္ပါတယ္။

Unicode – လီဗာပူးအသင်းဟာ ဗလင်စီယာအသင်းထံမှ ပေါင် ၈၆ သန်းတန် တောင်ပံတိုက်စစ်သမား ဖာရန် တောရက်စ်ကို အလိုရှိနေပြီး စပိန်သားကို ရီးရဲလ်မက်ဒရစ်နဲ့ ဘာစီလိုနာ နှစ်သင်းလုံးကလည်း ခေါ်ယူလိုနေတယ်လို့ သိရပါတယ်။

လိုက်ပ်ဇစ် အားကစားဒါရိုက်တာ ဖြစ်သူကတော့ အသင်း တိုက်စစ်မှူး တီမိုဝါနာက လာမယ့်နွေမှာ အသင်းပြောင်းမယ့် သတင်းများ အပေါ် လျှော့ချ ပြောဆိုလိုက်ပြီး တီမိုဝါနာက အသင်းနဲ့ ကာလရှည် စာချုပ်ရှိသူပါလို့ အသိပေးလိုက်ပါတယ်။ တီမိုဝါနာက လီဗာပူးအသင်းနဲ့ သတင်းကြီးနေသူပါ။

လီဗာပူး တည်ဆောက်ထားတဲ့ ဘောလုံး ရာသီကောင်းဟာ ဒီတလော ရှုံးပွဲတွေကြောင့် အသင်းဟာ ပရီးမီးယားလိဂ်ဖလားမျှသာ ရယူနိုင်မယ်လို့ အဆိုးမြင် မှတ်ချက်မပြုသင့်ကြကြောင်း ခံစစ်မှူး ဗန်ဒိုက်က ပြောဆိုလိုက်ပါတယ်။

ရိုးမားမှာ အငှားသွားကစားရင်း ခြေစွမ်းပြနေတဲ့ ယူနိုက်တက် ခံစစ်မှူး စမောလင်းရဲ့ အခြေအနေကို အင်္ဂလန်နည်းပြ ဆောက်ဂိတ်က အားရနေပြီး ယခင်က စမောလင်းကို ဝေဖန်ခဲ့မိတာ အတွက် နောင်တရမိကြောင်း ဝန်ခံ ပြောဆိုခဲ့ပါတယ်။

ဘရူနို ဖာနန်ဒက်စ်ဟာ ယူနိုက်တက်ကို ရောက်လာပြီးတည်းက အသင်းမှာ ရှိတဲ့ လူကုန်ကို အရှိန်မြှင့်တင်ပေးနိုင်ခဲ့ကြောင်း ရိုင်ယန် ဂစ်က ချီးကျူးစကား ဆိုလိုက်ပါတယ်။

အက်ဖ်အေဖလား ကွာတားဖိုင်နယ်အဆင့် မဲခွဲရလဒ်များ ထွက်ပေါ်လာရာ ယူနိုက်တက်ဟာ ဒါဘီကို အနိုင်ယူပြီး နောက်တစ်ဆင့် တက်ရောက် နိုင်ပါက နောဝစ်ချ် အသင်းနဲ့ ထိပ်တိုက်တွေ့မှာ ဖြစ်ပါတယ်။ နောဝစ်ဟာ စပါးကို ပင်နယ်တီ အဆုံးအဖြတ်မှာ အနိုင်ယူပြီး ကွာတား တက်လာတာ ဖြစ်ပါတယ်။