ယူနိုက်တက်ဟာ အက်သလက်တီကို မက်ဒရစ် တိုက်စစ်သမား ဖိလစ်အတွက် ပေါင် ၃.၅ သန်းတန် ကမ်းလှမ်းမှု ပေးပို့ပေမယ့် လာလီဂါကလပ် အလိုရှိတဲ့ ပမာဏထက် အတော်လေး နည်းပါးနေပါတယ်။
လက်စတာအသင်းဟာ ကိုပင်ဟေဂင်အသင်းမှ ဘယ်အစွန်လူ ခရစ္စတန်ဆန်ကို ပေါင် ၆ သန်းဖြင့် ခေါ်ယူနိုင်ရေး စတင် စကားပြောနေပြီ ဖြစ်ပါတယ်။
ဘာစီလိုနာဟာ ပီအက်စ်ဂျီနဲ့ အပြောင်းအရွှေ့ သတင်းတွေ ထွက်ပေါ်မှု ရှိနေပြန်တဲ့ ဒမ်ဘီလီကို စာချုပ်သစ် သက်တမ်းတိုး ချုပ်ဆိုဖို့ ဆွေးနွေးတော့မှာ ဖြစ်ပါတယ်။

ရှက်တာဒိုးနက် တာဝန်ရှိသူတွေဟာ မူဒရစ်ရဲ့ အပြောင်းအရွှေ့ ကိစ္စ ညိနှိုင်းမှုတွေ ပြုလုပ်ဖို့ရာ လန်ဒန်ကို ရောက်လာတော့မှာပါ။ ချယ်ဆီးရဲ့ ကမ်းလှမ်းမှုဟာ အာဆင်နယ်ပေးတဲ့ ပေါင် ၆၂ သန်းထက် ပိုများမယ်လို့ ၎င်းတို့က ယုံကြည်နေပါတယ်။
ပဲလေစ့်၊ ဝုဗ်၊ ဝက်စ်ဟမ်းတို့ထံက စောင့်ကြည့်မှုတွေ ရနေပေမယ့် ဘစ်ဆာကာရဲ့ တိုးတက်တဲ့ စွမ်းဆောင်ရည်ကို သဘောကျကြောင်း နည်းပြတန်ဟက်က ထောက်ခံခဲ့ပါတယ်။
အန်ဇို ကို ကမ်းလှမ်းနဲ့ ချယ်ဆီးရဲ့ အပြုအမူဟာ လေးစားမှု မရှိဘူး ဆိုပြီး ဘင်ဖီကာဘက်က ဒေါသ ထွက်နေခဲ့ပေမယ့် အန်ဇိုကို ခေါ်ယူရေးက လုံးဝကြီး အပြီးသတ်ခဲ့တာ မဟုတ်ဘဲ ဆက်ရန်တွေ ရှိလာနိုင်ပါသေးတယ်။

ချယ်ဆီးဟာ မိုနာကိုအသင်းမှ အသက် ၂၁ နှစ်အရွယ် ခံစစ်သမား ဘတ်ဒီယာရှိုင်းကို ယူရို ၃၈ သန်းဖြင့် အပြီးသတ် ခေါ်ယူနိုင်ကြောင်း အတည်ပြုလိုက်ပြီ ဖြစ်ပါတယ်။
ဩစတြီးယားကလပ်ကနေ ခံစစ်မှူး ကိုမတ်တီယိုကို ပြန်လည် ခေါ်ယူထားတဲ့ လီဗာပူးအသင်းဟာ ဗန်ဒိုက်ရဲ့ ဒဏ်ရာ ကိစ္စကြောင့် ဇန်နဝါရီမှာ နက်ဖီးလစ်ကို ရောင်းထုတ်ဖို့ ကိစ္စအား ဖျက်သိမ်းမှာ ဖြစ်ပါတယ်။
ယူနိုက်တက်ဟာ ပဲလေစ့် ဂိုးသမား ဘတ်လန်းကို ဒီကနေ့မှာ ဆေးစစ်မှာဖြစ်ပြီး အပြီးသတ် ခေါ်ယူခွင့် မပါဝင်တဲ့ အငှား စာချုပ်ဖြင့် ကမ်းလှမ်းမှာ ဖြစ်ပါတယ်။
