ရာသီကုန်ရင် ပရီးမီးယားလိဂ် ထိပ်သီးလေးသင်းထဲ ဘယ်အသင်းတွေ ကျန်မလဲ သုံးသပ်လိုက်တဲ့ ဖာဒီနန်

လက်ရှိ ဘောလုံးရာသီ ပြီးဆုံးသွားရင် ပရီးမီးယားလိဂ် ထိပ်သီးလေးသင်းထဲမှာ ချန်ပီယံ လီဗာပူးနဲ့ ဒုတိယ နေရာမှ မန်စီးတီး ပြီးရင် တင်ကျန်မယ့် နှစ်သင်း ကို ယူနိုက်တက် အသင်းသားဟောင်း ရီယို ဖာဒီနန်က သုံးသပ် ပြောဆိုလိုက်ပါတယ်။ လက်ရှိ အမှတ်ပေးဇယား မှာ ချယ်ဆီးက အဆင့် ၃၊ လက်စတာက အဆင့် ၄ နေရာ ရှိနေပြီး ယူနိုက်တက်က ၅ မှာ ရှိနေပါတယ်။

ဖာဒီနန်ကတော့ ချယ်ဆီးဟာ ခက်ခဲတဲ့ ပွဲစဉ်တွေ ရှိခဲ့ပေမယ့် လေးသင်းထဲ ကျန်ရစ်မှာ သေချာပြီး နောက်တစ်သင်းကတော့ ယူနိုက်တက် ပါဝင်လာမယ်လို့ ယုံကြည်နေပါတယ်။ ညက ပွဲစဉ်မှာတော့ ယူနိုက်တက်ရော လက်စတာပါ နိုင်ပွဲ ကိုယ်စီရခဲ့တာကြောင့် အမှတ်ပေးဇယား ရပ်တည်မှု မပြောင်းလဲခဲ့ပါဘူး။

နောက်ရာသီ ချန်ပီယံလိဂ် ဝင်ခွင့် အတွက် ပြိုင်ဆိုင်မှုကတော့ နောက်ဆုံး ပွဲစဉ်ထိ ရောက်သွားဖွယ် ရှိပြီး လက်ရှိ တစ်မှတ်သာ ကွာတဲ့ ယူနိုက်တက်နဲ့ လက်စတာတို့ဟာ ပွဲစဉ် ၃၈ နောက်ဆုံးပွဲမှာ ရင်ဆိုင် ကစားရမှာ ဖြစ်ပါတယ်။

ရော်ဘီ ဆားဗေ့်ချ်ကတော့ လေးသင်းထဲက ပြုတ်ကျန်မှာက လက်စတာ ဖြစ်မယ်လို့ BT Sport အစီအစဉ်မှာ ဆိုလိုက်ပြီး ရီယို ဖာဒီနန်ကလည်း ထောက်ခံ ဆွေးနွေးသွားခဲ့ပါတယ်။

” (လက်စတာ ကျန်ခဲ့မယ်လို့) ကျနော်လည်း သဘောတူတယ်။ ပထမတော့ လီဗာပူးနဲ့ ဝုဗ်က ချယ်ဆီး ရင်ဆိုင်ရမယ့် အသင်းတွေ ဖြစ်တော့ ခက်ခဲမယ် တွေးခဲ့တယ်။ ဒါပေမယ့် ချယ်ဆီးက နောက်ဆုံးပွဲမှာ ဝုဗ်ကို နိုင်အောင် ကန်နိုင်လိမ့်မယ်လို့ ထင်တယ်။ ဝက်စ်ဟမ်းကတော့ ယူနိုက်တက်ကို ကူညီသွားမှာပါ။

ကျနော် ယူနိုက်တက် ပွဲစဉ် အခြေအနေနဲ့ သူတို့ ကစားပုံကြည့်လိုက်တော့ ဒီ အနေအထားနဲ့ ဆိုရင် သေချာပေါက် သူတို့ ရည်မှန်းချက်ကို ရအောင် လုပ်နိုင်မယ်လို့ ထင်တယ်။ သူတို့ လက်ကျန် နှစ်ပွဲလုံး အနိုင်ကန်ပြီး ချန်ပီယံလိဂ် ဝင်ခွင့် ရပါလိမ့်မယ်။ ” လို့ ဖာဒီနန်က ပြောဆိုခဲ့ပါတယ်။

လက်ကျန် နှစ်ပွဲမှာ ချယ်ဆီးက လီဗာပူး၊ ဝုဗ်တို့နဲ့ ကစားရပြီး ယူနိုက်တက်က ဝက်စ်ဟမ်း၊ လက်စတာတို့နဲ့ ယှဉ်ပြိုင် ကစားရမှာ ဖြစ်ပါတယ်။ လက်စတာ အနေနဲ့ကတော့ စပါးနဲ့ ရင်ဆိုင်ပြီး ရာသီအပိတ်ပွဲ ယူနိုက်တက်နဲ့ ရင်ဆိုင်ရမှာ ဖြစ်လို့ လွယ်ကူတဲ့ အနေအထား ရှိမနေတာ အမှန်ပါ။

Zawgyi – လက္ရွိ ေဘာလံုးရာသီ ျပီးဆံုးသြားရင္ ပရီးမီးယားလိဂ္ ထိပ္သီးေလးသင္းထဲမွာ ခ်န္ပီယံ လီဗာပူးနဲ႕ ဒုတိယ ေနရာမွ မန္စီးတီး ျပီးရင္ တင္က်န္မယ့္ နွစ္သင္း ကို ယူနိုက္တက္ အသင္းသားေဟာင္း ရီယို ဖာဒီနန္က သံုးသပ္ ေျပာဆိုလိုက္ပါတယ္။ လက္ရွိ အမွတ္ေပးဇယား မွာ ခ်ယ္ဆီးက အဆင့္ ၃၊ လက္စတာက အဆင့္ ၄ ေနရာ ရွိေနျပီး ယူနုိက္တက္က ၅ မွာ ရွိေနပါတယ္။

ဖာဒီနန္ကေတာ့ ခ်ယ္ဆီးဟာ ခက္ခဲတဲ့ ပြဲစဥ္ေတြ ရွိခဲ့ေပမယ့္ ေလးသင္းထဲ က်န္ရစ္မွာ ေသခ်ာျပီး ေနာက္တစ္သင္းကေတာ့ ယူနုိက္တက္ ပါ၀င္လာမယ္လို႔ ယံုၾကည္ေနပါတယ္။ ညက ပြဲစဥ္မွာေတာ့ ယူနုိက္တက္ေရာ လက္စတာပါ နုိင္ပြဲ ကိုယ္စီရခဲ့တာေၾကာင့္ အမွတ္ေပးဇယား ရပ္တည္မႈ မေျပာင္းလဲခဲ့ပါဘူး။

ေနာက္ရာသီ ခ်န္ပီယံလိဂ္ ၀င္ခြင့္ အတြက္ ျပိဳင္ဆိုင္မႈကေတာ့ ေနာက္ဆံုး ပြဲစဥ္ထိ ေရာက္သြားဖြယ္ ရွိျပီး လက္ရွိ တစ္မွတ္သာ ကြာတဲ့ ယူနိုက္တက္နဲ႕ လက္စတာတို႔ဟာ ပြဲစဥ္ ၃၈ ေနာက္ဆံုးပြဲမွာ ရင္ဆိုင္ ကစားရမွာ ျဖစ္ပါတယ္။

ေရာ္ဘီ ဆားေဗ့္ခ်္ကေတာ့ ေလးသင္းထဲက ျပဳတ္က်န္မွာက လက္စတာ ျဖစ္မယ္လို႔ BT Sport အစီအစဥ္မွာ ဆိုလိုက္ျပီး ရီယို ဖာဒီနန္ကလည္း ေထာက္ခံ ေဆြးေႏြးသြားခဲ့ပါတယ္။

” (လက္စတာ က်န္ခဲ့မယ္လို႔) က်ေနာ္လညး္ သေဘာတူတယ္။ ပထမေတာ့ လီဗာပူးနဲ႕ ၀ုဗ္က ခ်ယ္ဆီး ရင္ဆိုင္ရမယ့္ အသင္းေတြ ျဖစ္ေတာ့ ခက္ခဲမယ္ ေတြးခဲ့တယ္။ ဒါေပမယ့္ ခ်ယ္ဆီးက ေနာက္ဆံုးပြဲမွာ ၀ုဗ္ကို နုိင္ေအာင္ ကန္နုိင္လိမ့္မယ္လို႔ ထင္တယ္။ ၀က္စ္ဟမ္းကေတာ့ ယူနိုက္တက္ကို ကူညီသြားမွာပါ။

က်ေနာ္ ယူနုိက္တက္ ပြဲစဥ္ အေျခအေနနဲ႕ သူတို႔ ကစားပံုၾကည့္လိုက္ေတာ့ ဒီ အေနအထားနဲ႕ ဆိုရင္ ေသခ်ာေပါက္ သူတို႔ ရည္မွန္းခ်က္ကို ရေအာင္ လုပ္နိုင္မယ္လို႔ ထင္တယ္။ သူတို႔ လက္က်န္ နွစ္ပြဲလံုး အနုိင္ကန္ျပီး ခ်န္ပီယံလိဂ္ ၀င္ခြင့္ ရပါလိမ့္မယ္။ ” လို႔ ဖာဒီနန္က ေျပာဆိုခဲ့ပါတယ္။

လက္က်န္ နွစ္ပြဲမွာ ခ်ယ္ဆီးက လီဗာပူး၊ ၀ုဗ္တို႔နဲ႕ ကစားရျပီး ယူနုိက္တက္က ၀က္စ္ဟမ္း၊ လက္စတာတို႔နဲ႕ ယွဥ္ျပိဳင္ ကစားရမွာ ျဖစ္ပါတယ္။ လက္စတာ အေနနဲ႕ကေတာ့ စပါးနဲ႕ ရင္ဆိုင္ျပီး ရာသီအပိတ္ပြဲ ယူနိုက္တက္နဲ႕ ရင္ဆုိင္ရမွာ ျဖစ္လို႔ လြယ္ကူတဲ့ အေနအထား ရွိမေနတာ အမွန္ပါ။