မူဒရစ်နဲ့ ဖိလစ် တပြိုင်နက်တည်း ခေါ်မယ့် အာတီတာ၊ အေဗရာဟမ်၊ စီးတီးနဲ့ လုရမယ့် အံ့ဖွယ် လူငယ်နဲ့ အာဆင်နယ် အပြောင်းအရွှေ့ သတင်းများ

တိုက်စစ်သမား တစ်ဦး ခေါ်ယူအားဖြည့်ချင်နေတဲ့ အာဆင်နယ် အသင်းဟာ ရိုးမား တိုက်စစ်မှုး တမ်မီ အေဗရာဟမ်ကို စောင့်ကြည့်နေကြောင်း အီတလီသတင်းတွေက ဖော်ပြလာပါတယ်။

ချယ်ဆီး တိုက်စစ်မှုးဟောင်းလည်း ဖြစ်တဲ့ အေဗရာဟမ် ဟာ ဒီရာသီ ဂိုးသိပ် မမြူးလှဘဲ စီးရီးအေ ၁၆ ပွဲမှာ ၃ ဂိုးသာ သွင်းရပါသေးတယ်။ ၎င်းကို မန်ချက်စတာ ယူနိုက်တက်ကလည်း စောင့်ကြည့်နေတာပါ။

အာဆင်နယ်ဟာ ရှက်တာဒိုးနက် ကစားသမား မူဒရစ်ကို ဒီလထဲ အရ ခေါ်ယူနိုင်မယ် လို့ ယုံကြည်နေပါတယ်။ ကလပ်နှစ်သင်းကြား ဆွေးနွေးမှုကလည်း ဆက် ရှိနေသေးပြီး ဘယ်နေ့ နောက်ဆုံးလို့ deadline သတ်မှတ်ခြင်းလည်း မရှိပါဘူး။

ဒေးလီးမေးလ် သတင်း အဆိုအရ တိုက်စစ်ကို အင်အား အရမ်းဖြည့်ချင်နေတဲ့ နည်းပြ အာတီတာ ဟာ မူဒရစ် အပြင် အက်သလက်တီကို မက်ဒရစ် မှ ဂျာအို ဖိလစ်ကိုလည်း တပြိုင်နက်တည်း ခေါ်ယူလိုနေပါတယ်။ ဖိလစ် အတွက် အက်သလက်တီကိုက အငှားကြေးချည်း ပေါင် ၁၃ သန်း အလိုရှိနေတာပါ။

အာဆင်နယ် အသင်းဟာ မန်စီးတီးနဲ့ အပြိုင် ဂရိကလပ် PAOK မှ အသက် ၁၉ နှစ် အရွယ် အံ့ဖွယ် လူငယ်လေး Giannis Konstantelias ကို ခေါ်ယူဖို့ ကြိုးစားနေကြောင်း လန်ဒန် သတင်းတွေက ဖော်ပြလာပါတယ်။ ဆယ်ကျော်သက် လူငယ်လေး တန်ကြေးက ပေါင် ၁ဝ သန်း ဝန်းကျင် ရှိပါတယ်။

စပိန်က သတင်းတွေ အဆိုအရ အာဆင်နယ် အသင်းဟာ ရီးရဲလ် ဆိုစီဒက် ကွင်းလယ်တိုက်စစ်သမား Brais Méndez ကို စောင့်ကြည့်နေကြောင်း သိရပါတယ်။ ဒီရာသီ ၁ဝ ဂိုးသွင်း ၇ဂိုး ဖန်တီးမှု လုပ်ထားတဲ့ မန်ဒက်စ် ကို ဆိုစီဒက် က ယူရို သန်း ၅ဝ ဈေးသတ်မှတ်ထားပါတယ်။